လမ္းပိုင္းမ်ား ျပင္ဆင္မႈမၿပီးေသး၍ မူဆယ္ကုန္သြယ္ေရးလမ္းေၾကာင္း ေႏွာင့္ေႏွးေနဆဲ

လမ္းပိုင္းမ်ား ျပင္ဆင္မႈမၿပီးေသး၍ မူဆယ္ကုန္သြယ္ေရးလမ္းေၾကာင္း ေႏွာင့္ေႏွးေနဆဲ
ဒီဇင်ဘာ 2, 2016
By Tachileik News Agency

မူဆယ္ကုန္သြယ္ေရးဇုန္၏ ကုန္သြယ္မႈ ျပန္လည္စတင္ေနေသာ္လည္း မိုင္းခြဲခံထားရသည့္ လမ္းပိုင္းအား ျပန္လည္ျပဳျပင္ေနရဆဲျဖစ္သျဖင့္ ကုန္သြယ္မႈလမ္းေၾကာင္း ေႏွာင့္ေနွးေနဆဲျဖစ္ေၾကာင္း ရွမ္းျပည္နယ္အစိုးရ အဖြဲ႔၀င္ စီမံကိန္းနွင့္ စီးပြားေရးဝန္ႀကီး ဦးစိုးညြန္႔လြင္ထံမွ သိရသည္။

“ျပႆနာက ဘာရိွလဲဆိုေတာ့ မုိင္းခြဲခံထားရတဲ့ သိန္းနီတံတားက ယာဥ္ေရာကုန္ေရာ (၃၅) တန္ပဲ ခြင့္ျပဳေသးတာဆိုေတာ့ (၂၂)ဘီးကားႀကီးေတြကျဖတ္လို႔ မရဘူးျဖစ္ေနတယ္။ (၁၂)ဘီးကားေတြပဲ ျဖတ္လို႔ရေသးတာဆိုေတာ့ ပစၥည္းေတြ ျပန္ကဲ့ယူရတာ လုပ္ေနရေတာ့ ကုန္ပစၥည္းပို႔ရာမွာ ေႏွာင့္ေႏွးေနတာေပါ့”ဟု ရွမ္းျပည္နယ္အစိုးရ အဖြဲ႔၀င္ စီမံကိန္းနွင့္ စီးပြားေရးဝန္ႀကီး ဦးစိုးညြန္႔လြင္က Tachileik News Agencyကို ေျပာသည္။

မူဆယ္ကုန္သြယ္ေရးဇုန္အား ႏိုဝင္ဘာလ ၂၅ ရက္ကတည္းက ျပန္လည္စတင္ေနျခင္းျဖစ္ေသာ္လည္း လမ္းပိုင္းမ်ား မိုင္းခြဲဖ်က္ဆီးခံထားရသည့္ အေျခအေနမ်ားေၾကာင့္ ကုန္သြယ္ေရးပမာဏမူလအတုိင္းျဖစ္ရန္ ျပင္ဆင္ေနရဆဲျဖစ္ေၾကာင္း ျပည္နယ္အစိုးရအဖြဲ႕မွ သိရသည္။

“ေပ်ာက္ၾကားေပ်ာက္ၾကားျဖစ္ပြားေနတဲ့ အေျခအေနေလးေတြေတာ့ ရိွေနပါေသးတယ္။ ဒါေပမဲ့ တပ္မေတာ္၊ ရဲတပ္ဖြဲ႕ႏွင့္ ျပည္သူ႔စစ္တို႔က ပူးေပါင္းၿပီး လုံၿခံဳေရးေတာ့ တိုးျမႇင့္ေဆာင္ရြက္ေပးေနပါတယ္”ဟု ျပည္နယ္၀န္ႀကီး ဦးစိုးညြန္႔လြင္က ေျပာသည္။

လက္ရိွတြင္ မူဆယ္ကုန္သြယ္ေရးဇုန္သို႔ ဆန္၊ ေျပာင္း၊ ဆန္ကြဲ၊ ဖရဲသီးစသည့္ကုန္စည္မ်ားကို တင္ပို႔ေနၿပီျဖစ္ေၾကာင္းသိရၿပီး ေစ်းႏႈန္းမ်ားမွာ တုိက္ပြဲမျဖစ္မီကာလထက္ ေစ်းျမင့္ေနေၾကာင္း သိရသည္။

မူဆယ္ ၁၀၅ မိုင္ကုန္သြယ္ေရးဇုန္အတြင္း တိုက္ပြဲမ်ားေၾကာင့္ ေခတၱပိတ္ထားခဲ့သည့္ ဘဏ္မ်ားႏွင့္ ဌာနဆိုင္ရာမ်ားအားလံုး ပံုမွန္အတိုင္း လုပ္ငန္းျပန္လည္လုပ္ေဆာင္ေနၿပီျဖစ္ေၾကာင္း သိရသည္။

KIA၊ TNLA၊ MNDAAနွင့္ AA တို႔ ပူးေပါင္းထားသည့္ ေျမာက္ပိုင္းမဟာမိတ္တပ္ေပါင္းစု ပူးေပါင္းအဖြဲ႔က နိုဝင္ဘာလ ၂ဝ ရက္မွစတင္၍ ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ နွင့္ ကြတ္ခိုင္ၿမိဳ႕နယ္ရွိ တပ္စခန္းမ်ား၊ ရဲတပ္ဖြဲ႔စခန္းမ်ားနွင့္ ၁၀၅မိုင္ကုန္သြယ္ေရးစခန္းကို တိုက္ခိုက္မႈေၾကာင့္ မူဆယ္၁၀၅ မိုင္ကုန္သြယ္ေရးဇုန္ရွိ ကုန္သြယ္ေရးလုပ္ငန္းမ်ား ရပ္ဆိုင္းခဲ့ရျခင္းျဖစ္သည္။

ကုန္သြယ္မႈရပ္ဆိုင္းထားရသည့္ကာလအတြင္း အေမရိကန္ေဒၚလာ (၇) သန္းေက်ာ္ထိခိုက္ခဲ့သည္ဟု ကုန္သြယ္မႈတိုးတက္ေရးအတြက္ နယ္စပ္ဝင္ထြက္လမ္းေၾကာင္းမ်ား ႀကီးၾကပ္ေရး ရွမ္းျပည္နယ္အစိုးရ ကိုယ္စားလွယ္ ဦးမင္းေအာင္ထံမွ သိရသည္။

သတင္း - အင္မိုင္ခ
~~~~~~~~⊰❂ unicode ~~~~~~~~
မူဆယ်ကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှု ပြန်လည်စတင်နေသော်လည်း မိုင်းခွဲခံထားရသည့် လမ်းပိုင်းအား ပြန်လည်ပြုပြင်နေရဆဲဖြစ်သဖြင့် ကုန်သွယ်မှုလမ်းကြောင်း နှောင့်နှေးနေဆဲဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်ထံမှ သိရသည်။

“ပြဿနာက ဘာရှိလဲဆိုတော့ မိုင်းခွဲခံထားရတဲ့ သိန်းနီတံတားက ယာဉ်ရောကုန်ရော (၃၅) တန်ပဲ ခွင့်ပြုသေးတာဆိုတော့ (၂၂)ဘီးကားကြီးတွေကဖြတ်လို့ မရဘူးဖြစ်နေတယ်။ (၁၂)ဘီးကားတွေပဲ ဖြတ်လို့ရသေးတာဆိုတော့ ပစ္စည်းတွေ ပြန်ကဲ့ယူရတာ လုပ်နေရတော့ ကုန်ပစ္စည်းပို့ရာမှာ နှောင့်နှေးနေတာပေါ့”ဟု ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်က Tachileik News Agencyကို ပြောသည်။

မူဆယ်ကုန်သွယ်ရေးဇုန်အား နိုဝင်ဘာလ ၂၅ ရက်ကတည်းက ပြန်လည်စတင်နခြေင်းဖြစ်သော်လည်း လမ်းပိုင်းများ မိုင်းခွဲဖျက်ဆီးခံထားရသည့် အခြေအနေများကြောင့် ကုန်သွယ်ရေးပမာဏမူလအတိုင်းဖြစ်ရန် ပြင်ဆင်နေရဆဲဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

“ပျောက်ကြားပျောက်ကြားဖြစ်ပွားနေတဲ့ အခြေအနေလေးတွေတော့ ရှိနေပါသေးတယ်။ ဒါပေမဲ့ တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် ပြည်သူ့စစ်တို့က ပူးပေါင်းပြီး လုံခြုံရေးတော့ တိုးမြှင့်ဆောင်ရွက်ပေးနေပါတယ်”ဟု ပြည်နယ်ဝန်ကြီး ဦးစိုးညွန့်လွင်က ပြောသည်။

လက်ရှိတွင် မူဆယ်ကုန်သွယ်ရေးဇုန်သို့ ဆန်၊ ပြောင်း၊ ဆန်ကွဲ၊ ဖရဲသီးစသည့်ကုန်စည်များကို တင်ပို့နပြေီဖြစ်ကြောင်းသိရပြီး ဈေးနှုန်းများမှာ တိုက်ပွဲမဖြစ်မီကာလထက် ဈေးမြင့်နေကြောင်း သိရသည်။

မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အတွင်း တိုက်ပွဲများကြောင့် ခေတ္တပိတ်ထားခဲ့သည့် ဘဏ်များနှင့် ဌာနဆိုင်ရာများအားလုံး ပုံမှန်အတိုင်း လုပ်ငန်းပြန်လည်လုပ်ဆောင်နပြေီဖြစ်ကြောင်း သိရသည်။

KIA၊ TNLA၊ MNDAAနှင့် AA တို့ ပူးပေါင်းထားသည့် မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစု ပူးပေါင်းအဖွဲ့က နိုဝင်ဘာလ ၂ဝ ရက်မှစတင်၍ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် နှင့် ကွတ်ခိုင်မြို့နယ်ရှိ တပ်စခန်းများ၊ ရဲတပ်ဖွဲ့စခန်းများနှင့် ၁၀၅မိုင်ကုန်သွယ်ရေးစခန်းကို တိုက်ခိုက်မှုကြောင့် မူဆယ်၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ရှိ ကုန်သွယ်ရေးလုပ်ငန်းများ ရပ်ဆိုင်းခဲ့ရခြင်းဖြစ်သည်။

ကုန်သွယ်မှုရပ်ဆိုင်းထားရသည့်ကာလအတွင်း အမေရိကန်ဒေါ်လာ (၇) သန်းကျော်ထိခိုက်ခဲ့သည်ဟု ကုန်သွယ်မှုတိုးတက်ရေးအတွက် နယ်စပ်ဝင်ထွက်လမ်းကြောင်းများ ကြီးကြပ်ရေး ရှမ်းပြည်နယ်အစိုးရ ကိုယ်စားလှယ် ဦးမင်းအောင်ထံမှ သိရသည်။

သတင်း - အင်မိုင်ခ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~