မြန်မာ - စင်ကာပူ နှစ်နိုင်ငံအကြား ဗီဇာကင်းလွတ်ခွင့်ရပြီး ရက်ပေါင်း (၃၀)နေနိုင်ပြီ

မြန်မာ - စင်ကာပူ နှစ်နိုင်ငံအကြား ဗီဇာကင်းလွတ်ခွင့်ရပြီး ရက်ပေါင်း (၃၀)နေနိုင်ပြီ
ဒီဇငျဘာ 1, 2016
By Tachileik News Agency
 ( သဘောတူညီချက်များ ဖလှယ်စဉ်။ ဓာတ်ပုံ - MSCO ) 


မြန်မာနိုင်ငံ နှင့် စင်ကာပူနိုင်ငံတို့အကြား ပြည်ဝင်ခွင့်ဗီဇာကင်းလွတ်ရာတွင် နှစ်နိုင်ငံ သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများအနေဖြင့် ရက်ပေါင်း (၃၀)ထက် မကျော်လွန်စေဘဲ နေထိုင်ခွင့်ရရှိပြီး ပြည်ဝင်ဗီဇာကင်းလွတ်ခွင့်ရရှိပြီဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံသားများ သာမန်နိုင်ငံကူးလက်မှတ် (Ordinary Passport) ဖြင့် စင်္ကာပူနိုင်ငံသို့သွားရောက်ကြရာတွင် ဗီဇာ လျှောက်ထားစရာ မလိုဘဲ ရက်ပေါင်း (၃၀) နေထိုင်ခွင့် ရရှိမှာဖြစ်ပြီး သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူ စင်္ကာပူနိုင်ငံသားများ အနေဖြင့်လည်း မြန်မာနိုင်ငံသို့ ဗီဇာလျှောက်ထားစရာ မလိုတော့ဘဲ လာရောက်နိုင်ပြီး ရက်ပေါင်း ၃၀ အထိ နေထိုင်ခွင့် ရရှိမှာ ဖြစ်ကြောင်း သိရသည်။

နှစ်နိုင်ငံအကြား သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများ ဗီဇာကင်းလွတ် ရက်ပေါင်း(၃၀) နေထိုင်ခွင့် အပြန်အလှန် သဘောတူညီချက်များနှင့် ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူသမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လီရှန်လုံးနှင့် ၂၀၁၆ခုနှစ် ဇွန်လ(၇)ရက်နေ့က နေပြည်တော်ရှိ သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမတွင် တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။

~~~~~~~~⊰❂ unicode ~~~~~~~~
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် စင်ကာပူသမ္မတနိုင်ငံတို့အကြား သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများအတွက် ပြည်ဝင်ဗီဇာကင်းလွတ်ခွင့်ပြုရေး သံတမန်စာချွန်လွှာသည် ၂၀၁၆ခုနှစ် ဒီဇင်ဘာလ(၁)ရက်နေ့က စတင်က အသက်ဝင်ပြီဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံ နှင့် စင်ကာပူနိုင်ငံတို့အကြား ပြည်ဝင်ခွင့်ဗီဇာကင်းလွတ်ရာတွင် နှစ်နိုင်ငံ သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများအနဖြေင့် ရက်ပေါင်း (၃၀)ထက် မကျော်လွန်စေဘဲ နေထိုင်ခွင့်ရရှိပြီး ပြည်ဝင်ဗီဇာကင်းလွတ်ခွင့်ရရှိပြီဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံသားများ သာမန်နိုင်ငံကူးလက်မှတ် (Ordinary Passport) ဖြင့် စင်္ကာပူနိုင်ငံသို့သွားရောက်ကြရာတွင် ဗီဇာ လျှောက်ထားစရာ မလိုဘဲ ရက်ပေါင်း (၃၀) နေထိုင်ခွင့် ရရှိမှာဖြစ်ပြီး သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူ စင်္ကာပူနိုင်ငံသားများ အနဖြေင့်လည်း မြန်မာနိုင်ငံသို့ ဗီဇာလျှောက်ထားစရာ မလိုတော့ဘဲ လာရောက်နိုင်ပြီး ရက်ပေါင်း ၃၀ အထိ နေထိုင်ခွင့် ရရှိမှာ ဖြစ်ကြောင်း သိရသည်။

နှစ်နိုင်ငံအကြား သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများ ဗီဇာကင်းလွတ် ရက်ပေါင်း(၃၀) နေထိုင်ခွင့် အပြန်အလှန် သဘောတူညီချက်များနှင့် ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူသမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လီရှန်လုံးနှင့် ၂၀၁၆ခုနှစ် ဇွန်လ(၇)ရက်နေ့က နပြေည်တော်ရှိ သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမတွင် တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~