ISIS ထိန္းခ်ဳပ္ေဒသတြင္ ပိတ္မိေနသည့္ ကေလးႏွစ္ဦး အစာေရစာ ျပတ္လပ္ေသဆံုး

ISIS ထိန္းခ်ဳပ္ေဒသတြင္ ပိတ္မိေနသည့္ ကေလးႏွစ္ဦး အစာေရစာ ျပတ္လပ္ေသဆံုး
ဒီဇင်ဘာ 2, 2016
By Tachileik News Agency

အီရတ္ႏုိင္ငံ မိုဆူးၿမိဳ႕တြင္ ISIS အဖြဲ႕မ်ားႏွင့္ အီရတ္အထူးတပ္ဖြဲ႕မ်ားအၾကား တိုက္ပြဲမ်ားေၾကာင့္ ေဒသခံမ်ား ထြက္ေျပးခဲ့ရာ ISIS ထိန္းခ်ဳပ္ေဒသတြင္က်န္ခဲ့သည့္ ကေလးႏွစ္ဦး အာဟာရျပတ္၍ ဒုကၡသည္စခန္းသို႔ေရာက္လာၿပီးေနာက္ ေသဆံုးသြားေၾကာင္း သိရသည္။

ISIS မ်ားထိန္းခ်ဳပ္ေဒသမွ မိသားစုထြက္ေျပးလာစဥ္ ကေလးႏွစ္ဦး က်န္ခဲ့ျခင္းျဖစ္ၿပီး မိဘမ်ားခိုလံႈေနရာ မိုဆူးၿမိဳ႕အနီး ဒုကၡသည္စခန္းသို႔ ကေလးႏွစ္ဦးေရာက္လာခ်ိန္တြင္ အစာေရစာငတ္မြတ္ၿပီး အလြန္အမင္း ပိန္ခ်ံဳးေနသျဖင့္ ေဆးကုသ၍ မရေတာ့ဘဲ ေသဆံုးသြားျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ကေလးႏွစ္ဦးမွာ အသက္ (၂)ႏွစ္ႏွင့္ (၉)ႏွစ္အရြယ္တို႔ျဖစ္ၿပီး ယခုတစ္ပတ္အတြင္း မိုဆူးၿမိဳ႕အနီးက ဟာဆန္ရွန္ဒုကၡသည္စခန္းကို ေရာက္လာျခင္းျဖစ္ေၾကာင္း အဆိုပါစခန္းကို ကူညီေပးေနတဲ့ ယူနီဆက္ဖ္အဖြဲ႕ထံမွ သိရသည္။

"ကြ်န္မတို႔အတြက္ ဒီအျဖစ္အပ်က္က သိပ္ကိုဆိုးလြန္းပါတယ္”ဟု ကေလးႏွစ္ဦး၏မိခင္ျဖစ္သူက ဘီဘီစီေရဒီယို ၅ ၏ တုိက္ရိုက္အစီအစဥ္တင္ဆက္သူ အန္နာေဖာ္စတာကို ေျပာသည္။

ISIS ေတြ ၿမိဳ႕ကို ဝိုင္းထားခ်ိန္တြင္ က်န္ခဲ့သည့္ ကေလးႏွစ္ဦးအား ၿမိဳ႕ျပင္ကို ေခၚထုတ္ႏုိင္ရန္ မိခင္ျဖစ္သူက အသနားခံခဲ့ေၾကာင္းသိရသည္။

မိုဆူးၿမိဳ႕တြင္ ISIS အဖြဲ႕ႏွင့္ အီရတ္အထူးတပ္ဖြဲ႕တို႔ ၾကား တို္က္ပြဲျပင္းထန္သျဖင့္ လူေနအိမ္မ်ားကို စြန္႔ခြာထြက္ေျပးလာသည့္လူေပါင္း (၄၇,၀၀၀)  ဒုကၡသည္စခန္းတြင္ ခိုလံႈေနေၾကာင္း သိရသည္။

ဘာသာျပန္ - ဇာႏွင္းထိုက္
Ref; Mail Online , People's Daily

~~~~~~~~⊰❂ unicode ~~~~~~~~
အီရတ်နိုင်ငံ မိုဆူးမြို့တွင် ISIS အဖွဲ့များနှင့် အီရတ်အထူးတပ်ဖွဲ့များအကြား တိုက်ပွဲများကြောင့် ဒေသခံများ ထွက်ပြေးခဲ့ရာ ISIS ထိန်းချုပ်ဒေသတွင်ကျန်ခဲ့သည့် ကလေးနှစ်ဦး အာဟာရပြတ်၍ ဒုက္ခသည်စခန်းသို့ရောက်လာပြီးနောက် သေဆုံးသွားကြောင်း သိရသည်။

ISIS များထိန်းချုပ်ဒေသမှ မိသားစုထွက်ပြေးလာစဉ် ကလေးနှစ်ဦး ကျန်ခဲ့ခြင်းဖြစ်ပြီး မိဘများခိုလှုံနေရာ မိုဆူးမြို့အနီး ဒုက္ခသည်စခန်းသို့ ကလေးနှစ်ဦးရောက်လာချိန်တွင် အစာရေစာငတ်မွတ်ပြီး အလွန်အမင်း ပိန်ချုံးနေသဖြင့် ဆေးကုသ၍ မရတော့ဘဲ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကလေးနှစ်ဦးမှာ အသက် (၂)နှစ်နှင့် (၉)နှစ်အရွယ်တို့ဖြစ်ပြီး ယခုတစ်ပတ်အတွင်း မိုဆူးမြို့အနီးက ဟာဆန်ရှန်ဒုက္ခသည်စခန်းကို ရောက်လာခြင်းဖြစ်ကြောင်း အဆိုပါစခန်းကို ကူညီပေးနေတဲ့ ယူနီဆက်ဖ်အဖွဲ့ထံမှ သိရသည်။

"ကျွန်မတို့အတွက် ဒီအဖြစ်အပျက်က သိပ်ကိုဆိုးလွန်းပါတယ်”ဟု ကလေးနှစ်ဦး၏မိခင်ဖြစ်သူက ဘီဘီစီရေဒီယို ၅၏ တိုက်ရိုက်အစီအစဉ်တင်ဆက်သူ အန်နာဖော်စတာကို ပြောသည်။

ISIS တွေ မြို့ကို ဝိုင်းထားချိန်တွင် ကျန်ခဲ့သည့် ကလေးနှစ်ဦးအား မြို့ပြင်ကို ခေါ်ထုတ်နိုင်ရန် မိခင်ဖြစ်သူက အသနားခံခဲ့ကြောင်းသိရသည်။

မိုဆူးမြို့တွင် ISIS အဖွဲ့နှင့် အီရတ်အထူးတပ်ဖွဲ့တို့ ကြား တို်က်ပွဲပြင်းထန်သဖြင့် လူနေအိမ်များကို စွန့်ခွာထွက်ပြေးလာသည့်လူပေါင်း (၄၇,ဝဝဝ) ဒုက္ခသည်စခန်းတွင် ခိုလှုံနေကြောင်း သိရသည်။

ဘာသာပြန် - ဇာနှင်းထိုက်
Ref; Mail Online , People's Daily 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~