ျမန္မာႏိုင္ငံ ကိုယ္စားျပဳ အကသမားတစ္ဦး ႏိုင္ငံတကာ BBoy အကၿပိဳင္ပြဲတြင္ ပထမဆံုးယွဥ္ၿပိဳင္ခြင့္ရ

ျမန္မာႏိုင္ငံ ကိုယ္စားျပဳ အကသမားတစ္ဦး ႏိုင္ငံတကာ BBoy အကၿပိဳင္ပြဲတြင္ ပထမဆံုးယွဥ္ၿပိဳင္ခြင့္ရ
ဒီဇင်ဘာ 2, 2016
By Tachileik News Agency

ႏိုင္ငံတကာမွ  BBoy အကသမားမ်ား ယွဥ္ၿပိဳင္ၾကမည့္ ထိုင္၀မ္မွ  G-Shock Taipei Bboy City World Final 2016 တြင္ ပထဆုံးအႀကိမ္အျဖစ္ ျမန္မာႏိုင္ငံကိုယ္စား Bboy အကသမားတစ္ဦး ပါ၀င္ယွဥ္ၿပိဳင္ေၾကာင္း သိရသည္။

ထိုင္၀မ္ႏိုင္ငံ ၊ တိုင္ေပၿမိဳ႕တြင္ ဒီဇင္ဘာလ (၁၇)ရက္ေန႔၌ က်င္းပမည့္ ၿပိဳင္ပြဲသို႔ ျမန္မာႏိုင္ငံကိုယ္စားျပဳ ယွဥ္ၿပိဳင္မည့္ အကသမားေရြးခ်ယ္ပြဲကို Yangon BBoyCity 2016 ေခါင္းစဥ္ျဖင့္ ႏို၀င္ဘာလ (၁၂)ရက္ေန႔က ရန္ကုန္ၿမိဳ႕ ဒဂုံစင္တာတြင္ က်င္းပေရြးခ်ယ္ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါၿပိဳင္ပြဲတြင္ “Life and Dance” ႏွင့္ TechniqueSquad အဖြဲ႕မ်ားမွအဖြဲ႕ဝင္ ၿဖိဳးသူေအာင္အား ေရြးခ်ယ္လိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

 “ျမန္မာႏိုင္ငံ ကိုယ္စားျပဳအေနနဲ႔ ႏိုင္ငံတကာပြဲမွာ ယွဥ္ၿပိဳင္ရတာေတာ့ ဒါပထမဆုံးပါ။ ျမန္မာႏိုင္ငံထဲမွာ က်င္းပတဲ့ၿပိဳင္ပြဲေတြမွာေတာ့ ၿပိဳင္ဖူးပါတယ္။ ဆုေတြလည္း အႀကိမ္ႀကိမ္ရခဲ့ဖူးတယ္။ International ပြဲအေနနဲ႔ ဒါပထမဆုံးပဲ။ ပထမေတာ့ စိုးရိမ္စိတ္ေတြရွိတာေပါ့။ ဒီၿပိဳင္ပြဲမွာ ႏိုင္ငံအသီးသီး အေတြ႕အၾကံဳရွိတဲ့ အကသမားေတြ ၊ Champions ေတြလည္းပါတယ္။ အခုေတာ့ စိုးရိမ္စိတ္မရွိေတာ့ဘဲ အေကာင္းဆုံး ယွဥ္ၿပိဳင္သြားမွာပါ။ အဓိကကေတာ့ ျမန္မာႏိုင္ငံဂုဏ္ရည္ကို ေဖာ္ေဆာင္သြားမွာပါ” ဟု Bboy အကသမား ၿဖိဳးသူေအာင္က ေျပာသည္။

BBoy အကသည္ Street Dance အကအမ်ိဳးအစားျဖစ္ၿပီး ၂၀၁၀ခုႏွစ္ ေနာက္ပိုင္းတြင္ ျမန္မာႏိုင္ငံတြင္လည္း ကသူမ်ားလာၿပီး ရန္ကုန္ ၊ မႏၱေလး ၊ တာခ်ီလိတ္ ၿမိဳ႕မ်ားတြင္ BBoy အက၀ါသနာပါရွင္ လူငယ္အမ်ားအျပား ရိွေၾကာင္း သိရသည္။

သတင္း - ေဇာင္းညီ

~~~~~~~~⊰❂ unicode ~~~~~~~~
နိုင်ငံတကာမှ BBoy အကသမားများ ယှဉ်ပြိုင်ကြမည့် ထိုင်ဝမ်မှ G-Shock Taipei Bboy City World Final 2016 တွင် ပထဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံကိုယ်စား Bboy အကသမားတစ်ဦး ပါဝင်ယှဉ်ပြိုင်ကြောင်း သိရသည်။

ထိုင်ဝမ်နိုင်ငံ၊ တိုင်ပမြေို့တွင် ဒီဇင်ဘာလ (၁၇)ရက်နေ့၌ ကျင်းပမည့် ပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်မည့် အကသမားရွေးချယ်ပွဲကို Yangon BBoyCity 2016 ခေါင်းစဉ်ဖြင့် နိုဝင်ဘာလ (၁၂)ရက်နေ့က ရန်ကုန်မြို့ ဒဂုံစင်တာတွင် ကျင်းပရွေးချယ်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် “Life and Dance” နှင့် TechniqueSquad အဖွဲ့များမှအဖွဲ့ဝင် ဖြိုးသူအောင်အား ရွေးချယ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

 “မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ နိုင်ငံတကာပွဲမှာ ယှဉ်ပြိုင်ရတာတော့ ဒါပထမဆုံးပါ။ မြန်မာနိုင်ငံထဲမှာ ကျင်းပတဲ့ပြိုင်ပွဲတွေမှာတော့ ပြိုင်ဖူးပါတယ်။ ဆုတွေလည်း အကြိမ်ကြိမ်ရခဲ့ဖူးတယ်။ International ပွဲအနေနဲ့ ဒါပထမဆုံးပဲ။ ပထမတော့ စိုးရိမ်စိတ်တွေရှိတာပေါ့။ ဒီပြိုင်ပွဲမှာ နိုင်ငံအသီးသီး အတွေ့အကြုံရှိတဲ့ အကသမားတွေ၊ Champions တွေလည်းပါတယ်။ အခုတော့ စိုးရိမ်စိတ်မရှိတော့ဘဲ အကောင်းဆုံး ယှဉ်ပြိုင်သွားမှာပါ။ အဓိကကတော့ မြန်မာနိုင်ငံဂုဏ်ရည်ကို ဖော်ဆောင်သွားမှာပါ” ဟု Bboy အကသမား ဖြိုးသူအောင်က ပြောသည်။

BBoy အကသည် Street Dance အကအမျိုးအစားဖြစ်ပြီး ၂၀၁၀ခုနှစ် နောက်ပိုင်းတွင် မြန်မာနိုင်ငံတွင်လည်း ကသူများလာပြီး ရန်ကုန်၊ မန္တလေး၊ တာချီလိတ် မြို့များတွင် BBoy အကဝါသနာပါရှင် လူငယ်အများအပြား ရှိကြောင်း သိရသည်။

သတင်း - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~