ပခုကၠဴတကၠသိုလ္ဘူတာအနီးတြင္ ငါးမုန္႔ေၾကာ္အိတ္ထဲမွ ရုိင္ဖယ္က်ည္ေဟာင္းမ်ား ေတြ႕ရွိ

ပခုကၠဴတကၠသိုလ္ဘူတာအနီးတြင္ ငါးမုန္႔ေၾကာ္အိတ္ထဲမွ ရုိင္ဖယ္က်ည္ေဟာင္းမ်ား ေတြ႕ရွိ
ဒီဇင်ဘာ 4, 2016
By Tachileik News Agency

မေကြးတိုင္းေဒသႀကီး ပခုကၠဴၿမိဳ႕ (၁၂)ရပ္ကြက္ တကၠသိုလ္ဘူတာအနီးတြင္ ငါးမုန္႔ေၾကာ္အိတ္ျဖင့္ ထည့္ထားေသာ ရိုင္ဖယ္က်ည္ဆံေဟာင္း(၃၅)ေတာင္႔ကို ဒီဇင္ဘာလ (၂) ရက္ ညေန (၅) နာရီအခ်ိန္ခန္႔က ေတြ႔ရိွရေၾကာင္း ပခုကၠဴၿမိဳ႕မရဲစခန္းမွ သိရသည္။

ပခုကၠဴၿမိဳ႕ အမွတ္(၁၂)ရပ္ကြက္ (၂၁) လမ္းတြင္ က်ည္ဆံေဟာင္းမ်ား ေကာက္ရသိမ္းဆည္းထားေၾကာင္း ဖုန္းျဖင့္အေၾကာင္းၾကားခ်က္အရ ပခုကၠဴၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴးေက်ာ္စိုးႏွင္႔အဖဲြ႔က သြားေရာက္စစ္ ေဆး၍ တပ္မ(၁၀၁)သို႔ ဆက္သြယ္သတင္းေပးပို႔ အပ္ႏွံခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ကၽြန္ေတာ္နဲ႔ ေမာင္ထြန္းထြန္းဦးတို႔ အိမ္မွာ အသံုးျပဳဖို႔အတြက္ အင္ၾကင္းေက်ာက္ေကာက္ဖို႔ထြက္ခဲ့တာမွာ ပခုကၠဴတကၠသိုလ္ဘူတာအေနာက္ဘက္ (၁၀) ေပေလာက္အကြာမွာ ငါးမုန္႔ေႀကာ္အိတ္နဲ႔ထည့္ထားတဲ႔ က်ည္ဆံေတြကို ေတြ႔ရိွလို႔ သက္ဆိုင္ရာကိုအပ္ႏွံႏိုင္ဖို႔အတြက္ အိမ္ကိုယူေဆာင္ၿပီး ရဲစခန္းကို အေၾကာင္း ၾကားခဲ႔တာပါ”ဟု အမွတ္(၁၁)ရပ္ကြက္ ဆယ္အိမ္မွဴး ဦးစည္သူေဆြ က ေျပာသည္။

အဆိုပါ 1942 11A DAG တံဆိပ္ပါ ရိုင္ဖယ္က်ည္ေဟာင္းမ်ားအား ယင္းေန႔ညေန (၆) နာရီခဲြအခ်ိန္ခန္႔တြင္ စခန္းမွဴးက စအရ(၉၀၃)၊တပ္ခဲြ(၃)ထံ အပ္ႏွံခဲ့ေၾကာင္းသိရသည္။

သတင္း - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ (၁၂)ရပ်ကွက် တက္ကသိုလ်ဘူတာအနီးတွင် ငါးမုန့်ကြော်အိတ်ဖြင့် ထည့်ထားသော ရိုင်ဖယ်ကျည်ဆံဟောင်း(၃၅)တောင့်ကို ဒီဇင်ဘာလ (၂) ရက် ညနေ (၅) နာရီအချိန်ခန့်က တွေ့ရှိရကြောင်း ပခုက္ကူမြို့မရဲစခန်းမှ သိရသည်။

ပခုက္ကူမြို့ အမှတ်(၁၂)ရပ်ကွက် (၂၁) လမ်းတွင် ကျည်ဆံဟောင်းများ ကောက်ရသိမ်းဆည်းထားကြောင်း ဖုန်းဖြင့်အကြောင်းကြားချက်အရ ပခုက္ကူမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးကျော်စိုးနှင့်အဖွဲ့က သွားရောက်စစ် ဆေး၍ တပ်မ(၁၀၁)သို့ ဆက်သွယ်သတင်းပေးပို့ အပ်နှံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်နဲ့ မောင်ထွန်းထွန်းဦးတို့ အိမ်မှာ အသုံးပြုဖို့အတွက် အင်ကြင်းကျောက်ကောက်ဖို့ထွက်ခဲ့တာမှာ ပခုက္ကူတက္ကသိုလ်ဘူတာအနောက်ဘက် (၁၀) ပေလောက်အကွာမှာ ငါးမုန့်ကြော်အိတ်နဲ့ထည့်ထားတဲ့ ကျည်ဆံတွေကို တွေ့ရှိလို့ သက်ဆိုင်ရာကိုအပ်နှံနိုင်ဖို့အတွက် အိမ်ကိုယူဆောင်ပြီး ရဲစခန်းကို အကြောင်း ကြားခဲ့တာပါ”ဟု အမှတ်(၁၁)ရပ်ကွက် ဆယ်အိမ်မှူး ဦးစည်သူဆွေ က ပြောသည်။

အဆိုပါ 1942 11A DAG တံဆိပ်ပါ ရိုင်ဖယ်ကျည်ဟောင်းများအား ယင်းနေ့ညနေ (၆) နာရီခွဲအချိန်ခန့်တွင် စခန်းမှူးက စအရ(၉၀၃)၊တပ်ခွဲ(၃)ထံ အပ်နှံခဲ့ကြောင်းသိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~