ေက်ာက္မဲခရိုင္ရဲရံုးအနီး လက္နက္က်ည္က်ေရာက္၍ ေပါက္ကြဲမႈျဖစ္ပြား

ေက်ာက္မဲခရိုင္ရဲရံုးအနီး လက္နက္က်ည္က်ေရာက္၍ ေပါက္ကြဲမႈျဖစ္ပြား
ဒီဇင်ဘာ 17, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕၊ အမွတ္ (၇) ရပ္ကြက္ ေက်ာက္မဲ - မိုင္းေငါ့ကားလမ္းမေဘးရွိ ေက်ာက္မဲခရိုင္ရဲရံုးအား ကားလမ္းမေပၚမွေန၍ ပစ္ခတ္သြားရာမွ ခရိုင္ရဲရံုးအနီး လယ္ကြင္းအတြင္း လက္နက္က်ည္က်ေရာက္၍ ေပါက္ကြဲမႈ ဒီဇင္ဘာလ ၁၇ ရက္ ည ၆ နာရီ မိနစ္ ၄၀ ခန္႔တြင္ ျဖစ္ပြားသည္။

“ခရိုင္ရံုးအနီး လယ္ကြက္ထဲ က်ေရာက္ေပါက္ကြဲတာပါ။ အထိအခိုက္အပ်က္အစီးမရွိဘူး။ 40 M နဲ႔လွမ္းပစ္တာ”ဟု ေက်ာက္မဲခရိုင္ရဲတပ္ဖြဲ႕မွ ရဲအုပ္မင္းမင္းက အခင္းျဖစ္ေနရာမွ တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျဖသည္။

ခရိုင္ရဲရံုးအား လမ္းမေပၚမွ ဆိုင္ကယ္စီးသြားရင္း လွမ္းပစ္သည္ဟု ယူဆရေၾကာင္း ရဲတပ္ဖြဲ႕က ဆိုသည္။

“အသံႏွစ္ခ်က္ၾကားလိုက္တယ္။ ရဲစခန္းဘက္ကပဲ။ အဲဒီနားမွာ လယ္ကြင္းေတြလည္းရွိတယ္။ ၇ နာရီေလာက္မွာ ရဲေတြရွာေဖြေနတာျမင္ရတယ္။ အထိအခိုက္မရွိပါဘူး”ဟု အဆိုပါ ရဲရံုးအနီးမွ ေဒသခံတစ္ဦးက ေျပာသည္။

လက္ရိွတြင္ အဆိုပါေနရာဝန္းက်င္အား လံုၿခံဳေရးတင္းက်ပ္ထားၿပီး စံုစမ္းစစ္ေဆးမႈမ်ား လုပ္ေဆာင္ေနေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - #ေနၿဖဳိးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့၊ အမှတ် (၇) ရပ်ကွက် ကျောက်မဲ - မိုင်းငေါ့ကားလမ်းမဘေးရှိ ကျောက်မဲခရိုင်ရဲရုံးအား ကားလမ်းမပေါ်မှနေ၍ ပစ်ခတ်သွားရာမှ ခရိုင်ရဲရုံးအနီး လယ်ကွင်းအတွင်း လက်နက်ကျည်ကျရောက်၍ ပေါက်ကွဲမှု ဒီဇင်ဘာလ ၁၇ ရက် ည ၆ နာရီ မိနစ် ၄၀ ခန့်တွင် ဖြစ်ပွားသည်။

“ခရိုင်ရုံးအနီး လယ်ကွက်ထဲ ကျရောက်ပေါက်ကွဲတာပါ။ အထိအခိုက်အပျက်အစီးမရှိဘူး။ 40 M နဲ့လှမ်းပစ်တာ”ဟု ကျောက်မဲခရိုင်ရဲတပ်ဖွဲ့မှ ရဲအုပ်မင်းမင်းက အခင်းဖြစ်နေရာမှ တာချီလိတ်သတင်းအေဂျင်စီသို့ ဖြေသည်။

ခရိုင်ရဲရုံးအား လမ်းမပေါ်မှ ဆိုင်ကယ်စီးသွားရင်း လှမ်းပစ်သည်ဟု ယူဆရကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

“အသံနှစ်ချက်ကြားလိုက်တယ်။ ရဲစခန်းဘက်ကပဲ။ အဲဒီနားမှာ လယ်ကွင်းတွေလည်းရှိတယ်။ ၇ နာရီလောက်မှာ ရဲတွေရှာဖွေနေတာမြင်ရတယ်။ အထိအခိုက်မရှိပါဘူး”ဟု အဆိုပါ ရဲရုံးအနီးမှ ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် အဆိုပါနေရာဝန်းကျင်အား လုံခြုံရေးတင်းကျပ်ထားပြီး စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - #နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~