ဘတ္သန္း(၃၀) ေက်ာ္ကုန္က်မည့္ က်ိဳင္းတံုေဟာ္နန္းပံုစံတူ တာခ်ီလိတ္တြင္ တည္ေဆာက္

ဘတ္သန္း(၃၀) ေက်ာ္ကုန္က်မည့္ က်ိဳင္းတံုေဟာ္နန္းပံုစံတူ တာခ်ီလိတ္တြင္ တည္ေဆာက္
ဒီဇင်ဘာ 5, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ ့ပိုင္း တာခ်ီလိတ္ၿမိဳ ့နယ္ ရွမ္းစာေပႏွင့္ယဥ္ေက်းမႈအသင္းက ထိုင္းဘတ္ေငြ သန္း(၃၀)ကုန္က်မည့္ က်ိဳင္းတုံေဟာ္နန္း (ေဟာ္လုံစ၀္ဖ)ပုံစံတူ အေဆာက္အဦးအား တာခ်ီလိတ္ၿမိဳ႕တြင္ တည္ေဆာက္ေနလွ်က္ရွိေၾကာင္း  တာခ်ီလိတ္ၿမိဳ ့နယ္ ရွမ္းစာေပႏွင့္ ယဥ္ေက်းမႈအသင္းမွ သိရသည္။

"ဒီအေဆာက္အဦးႀကီး ၿပီးတဲ့အထိဆိုရင္ေတာ့ ဘတ္သန္း(၃၀)ေလာက္ကုန္မယ္လို႔ ခန္ ့မွန္းထားပါတယ္။ အခုလက္ရိွမွာေတာ့ ပထမတစ္ထပ္ၿပီးသြားလို႔ ေနာက္တစ္ထပ္ဆက္ၿပီးေဆာက္ဖို႔ လုပ္ေနပါတယ္။ ကၽြန္ေတာ္တို႔အေနနဲ႔က တစ္လုံးတစ္ခဲတည္း လုပ္ေနတာမဟုတ္ဘဲနဲ ့ အလွဴေငြနဲ႔ပဲ တည္ေဆာက္ေနတာ ျဖစ္တဲ့အတြက္ အခ်ိန္ကနည္းနည္း ၾကာေနတာပါ"ဟု တာခ်ီလိတ္ၿမိဳ ့နယ္ ရွမ္းစာေပႏွင့္ ယဥ္ေက်းမႈအသင္းမွ စာရင္းစစ္ ဦးစိုင္းမိုင္က ေျပာသည္။

က်ိဳင္းတုံေဟာ္နန္းပုံစံတူ အေဆာက္အဦးအား အလွဴရွင္အကူအညီျဖင့္ တည္ေဆာက္ေနျခင္းျဖစ္ရာ အလွဴေငြ မရိွသည့္ ကာလမ်ားတြင္ လုပ္ငန္းေဆာင္ရြက္မႈမ်ားကို ရပ္တန္႔ကာ အလွဴရွင္မ်ားကို ျပန္လည္ရွာေဖြေနရေၾကာင္း သိရသည္။

"ဒီအေဆာက္အဦး တည္ေဆာက္ၿပီးသြားတဲ့ ေနာက္ပိုင္းမွာေတာ့ ဒီေနရာမွာ ရွမ္းစာေပေတြလည္း သင္ၾကားနိုင္ဖို႔နဲ ့ ထိုင္းႏိုင္ငံမွာ အလုပ္သြားလုပ္ၾကတဲ့ ျမန္မာေရႊ ့ေျပာင္းအလုပ္သမားေတြ ဒုကၡေရာက္တဲ့အခါမွာ ေခတၱခဏတည္းခိုႏိုင္ဖို႔နဲ ့ ခန္းမငွားတာေတြကို လုပ္ႏိုင္ေအာင္ ရည္ရြယ္ထားပါတယ္"ဟု ဦးစိုင္းမုိင္က ေျပာသည္။

အဆိုပါ အေဆာက္အဦးကို တာခ်ီလိတ္ၿမိဳ ့ (ေလယာဥ္ကြင္းအနီး)ေဆခမ္းရပ္ကြက္အတြင္းရိွ ရွမ္းစာေပႏွင့္ ယဥ္ေက်းမႈအသင္းပိုင္ ေျမေနရာတြင္ ၂၀၁၄ ခုႏွစ္မွ စတင္တည္ေဆာက္ေနျခင္းျဖစ္ၿပီး အေဆာက္အဦး၏ ျပင္ပပုံသ႑ာန္ကိုသာ ေဟာ္နန္းပံုစံ တည္ေဆာက္ျခင္းျဖစ္ေသာ္လည္း အတြင္းပိုင္း အခန္းဖြဲ ့စည္းပုံမ်ားမွာ တူညီမည္မဟုတ္ေၾကာင္း သိရသည္။

သတင္း - ဇြဲျမတ္

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းက ထိုင်းဘတ်ငွေ သန်း(၃၀)ကုန်ကျမည့် ကျိုင်းတုံဟော်နန်း (ဟော်လုံစဝ်ဖ)ပုံစံတူ အဆောက်အဦးအား တာချီလိတ်မြို့တွင် တည်ဆောက်နေလျှက်ရှိကြောင်း တာချီလိတ်မြို့နယ် ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းမှ သိရသည်။

"ဒီအဆောက်အဦးကြီး ပြီးတဲ့အထိဆိုရင်တော့ ဘတ်သန်း(၃၀)လောက်ကုန်မယ်လို့ ခန့်မှန်းထားပါတယ်။ အခုလက်ရှိမှာတော့ ပထမတစ်ထပ်ပြီးသွားလို့ နောက်တစ်ထပ်ဆက်ပြီးဆောက်ဖို့ လုပ်နေပါတယ်။ ကျွန်တော်တို့အနေနဲ့က တစ်လုံးတစ်ခဲတည်း လုပ်နေတာမဟုတ်ဘဲနဲ့ အလှူငွေနဲ့ပဲ တည်ဆောက်နေတာ ဖြစ်တဲ့အတွက် အချိန်ကနည်းနည်း ကြာနေတာပါ"ဟု တာချီလိတ်မြို့နယ် ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းမှ စာရင်းစစ် ဦးစိုင်းမိုင်က ပြောသည်။

ကျိုင်းတုံဟော်နန်းပုံစံတူ အဆောက်အဦးအား အလှူရှင်အကူအညီဖြင့် တည်ဆောက်နခြေင်းဖြစ်ရာ အလှူငွေ မရှိသည့် ကာလများတွင် လုပ်ငန်းဆောင်ရွက်မှုများကို ရပ်တန့်ကာ အလှူရှင်များကို ပြန်လည်ရှာဖွေနေရကြောင်း သိရသည်။

"ဒီအဆောက်အဦး တည်ဆောက်ပြီးသွားတဲ့ နောက်ပိုင်းမှာတော့ ဒီနေရာမှာ ရှမ်းစာပေတွေလည်း သင်ကြားနိုင်ဖို့နဲ့ ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်ကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ဒုက္ခရောက်တဲ့အခါမှာ ခေတ္တခဏတည်းခိုနိုင်ဖို့နဲ့ ခန်းမငှါးတာတွေကို လုပ်နိုင်အောင် ရည်ရွယ်ထားပါတယ်"ဟု ဦးစိုင်းမိုင်က ပြောသည်။

အဆိုပါ အဆောက်အဦးကို တာချီလိတ်မြို့ (လေယာဉ်ကွင်းအနီး)ဆေခမ်းရပ်ကွက်အတွင်းရှိ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းပိုင် မြေနေရာတွင် ၂၀၁၄ ခုနှစ်မှ စတင်တည်ဆောက်နခြေင်းဖြစ်ပြီး အဆောက်အဦး၏ ပြင်ပပုံသဏ္ဍာန်ကိုသာ ဟော်နန်းပုံစံ တည်ဆောက်ခြင်းဖြစ်သော်လည်း အတွင်းပိုင်း အခန်းဖွဲ့စည်းပုံများမှာ တူညီမည်မဟုတ်ကြောင်း သိရသည်။

သတင်း - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~