အြန္လိုင္းေပၚက လိမ္လည္သူမ်ား၏ ပရိယာယ္ မက္လံုးမ်ား

အြန္လိုင္းေပၚက လိမ္လည္သူမ်ား၏ ပရိယာယ္ မက္လံုးမ်ား
ဒီဇင်ဘာ 17, 2016
By Tachileik News Agency

ဆြမ္းခံရင္းငွက္သင့္ ဆိုေပမဲ့ တစ္ခါတစ္ေလ ကိုယ့္အိမ္မွာေနရင္းကပင္ အေႏွာင့္အယွက္၊ လိမ္ညာမႈက နယ္က်ဴးလာျပန္တယ္။

ၿပီးခဲ့တဲ့ ဒီဇင္ဘာလ ၇ ရက္ေန႔ ဗုဒၶဟူးေန႔ မနက္ စာသင္ခန္းမဝင္ခင္ ထံုးစံအတိုင္း ေဖ႔ဘုတ္ကို ဖြင့္ၾကည့္မိေတာ့ ကၽြန္ေတာ့္ Facebook ရဲ႕ messenger မွာ သူ႔ကိုယ္သူ "Risma Rohayati" ဆိုၿပီး အင္ဒိုနီးရွားကပါဆိုတဲ့ အမ်ိဳးသမီးတစ္ဦးရဲ႕မိတ္ဆက္စာကို ဖတ္လိုက္ရပါတယ္။

ကၽြန္ေတာ္လည္း လူမႈက်င့္ဝတ္အရ "မဂၤလာနံနက္ခင္းပါ။ မိတ္ေဆြအျဖစ္ ဆက္ဆံသြားၾကဖို႔ ႀကိဳဆိုပါတယ္" ဆိုတာကို အဂၤလိပ္ဘာသာနဲ႔ပဲ ေျဖၾကားခဲ့တယ္။ ဒါေပမဲ့ အဲဒီေန႔ညေနမွာ စာထပ္ပို႔ျပန္တယ္။

သူက အင္ဒိုကဆိုေပမဲ့ သူ႔အမ်ဳိးသားက ျမန္မာကျဖစ္ေၾကာင္း၊ သူတို႔ေနတာက UK ျဖစ္ေၾကာင္း၊ သူ႔အမ်ိဳးသားဟာ ၂၀၁၄ခုႏွစ္ ၾသဂုတ္လ(၁၆)ရက္ေန႔မွာ ကြယ္လြန္ခဲ့ၿပီျဖစ္ေၾကာင္း၊ သူမ ကိုယ္တိုင္ကလည္း ကင္ဆာေရာဂါ ေဝဒနာရွင္ျဖစ္ၿပီး ဆရာဝန္ရဲ႕အဆိုအရ ေနရဖို႔ အခ်ိန္ သိပ္မက်န္ေတာ့ေၾကာင္း၊ သူ႔အမ်ိဳးသား မကြယ္လြန္မီက သူ႔ရဲ႕ပိုင္ဆိုင္မႈကို ၿဗိတိန္အစိုးရထံမွာ အပ္ထားေငြ (၄.၇)သန္းရွိေၾကာင္း၊ သူ႔အမ်ိဳးသားဟာ မကြယ္လြန္မီက ေငြေၾကးခ်မ္းသာတဲ့ ပရဟိတသမားတစ္ဦးျဖစ္ၿပီး သူ႔ေငြေတြကို ဆင္းရဲသူေတြကို အကူအညီေပးခ်င္သူ ျဖစ္ေၾကာင္း၊ ဒီေငြေတြကို သူ႔အမ်ိဳးသားမကြယ္လြန္မီ သူမရဲ႕ဘဏ္အေကာင့္ထဲကို ပို႔ေပးၿပီးျဖစ္ေၾကာင္း၊ သူတို႔မွာ သားသမီးတစ္ဦးတစ္ေယာက္မွ မရွိေၾကာင္း၊ သူမက်န္းမာေရးေၾကာင့္ ေဒၚလာ(၂)သန္းကို အင္ဒိုမွာပို႔ထားၿပီး၊ ေဒၚလာ(၇)သိန္းကို သူမေဆးကုသမႈ အတြက္ ေဆးရံုမွာ အာမခံတင္ထားေၾကာင္း၊ က်န္တဲ့ေဒၚလာေငြ(၂)သန္းကို ျမန္မာႏိုင္ငံမွာရွိတဲ့ ဆင္းရဲခ်ိဳ႕တဲ့သူေတြ၊ မုဆိုးမေတြကိုေပးႏိုင္ဖို႔ ကၽြန္ေတာ့္ထံ ပို႔ေပးခ်င္ေၾကာင္း၊ သူတို႔မွာ အေမြေပးစရာ ကေလးမရွိ၍ ျဖစ္ေၾကာင္း၊ ဒီေငြကိုင္ေဆာင္ၿပီး ဘာသာေရး ၊ လူမ်ိဳးစုေရး ဖိနွိပ္မႈ၊ ေလာင္းကစား ျပဳလုပ္မႈမ်ား မျပဳဖို႔၊ ဘုရားသခင္က မိသားစုကို ေကာင္းခ်ီးေပးမွာ ျဖစ္ေၾကာင္း၊ သူမက်န္းမာေရးနဲ႔ ဘာသာစကား အခက္အခဲေၾကာင့္ ဖုန္းေျပာခ်င္ေပမဲ့ မေျပာႏိုင္ေၾကာင္း၊ သူမေျပာတဲ့အခ်က္အလက္ကို လွိ်ဳ႕ဝွက္ထားေစ လိုေၾကာင္း၊ ေငြနဲ႔ပတ္သက္တဲ့ လံုျခံဳေရးအတြက္ျဖစ္ေၾကာင္း စာပို႔ၿပီး ပံုတခ်ိဳ႕ကိုလည္း သက္ေသျပတဲ့အေနနဲ႔ ပို႔ေပးပါတယ္။

ဒီဇင္ဘာလ ၉ ရက္ေန႔မွာေတာ့ ေငြကို ဘယ္လိုသံုးစဲြမယ္ဆိုတာရွင္းျပဖို႔၊ ဒီေငြကို လိုအပ္ခ်က္ ရွိေနၾကသူေတြ၊ မုဆိုးမေတြကို မွ်ေဝမေပးျဖစ္ရင္ စိတ္မေကာင္းျဖစ္မိမွာျဖစ္ေၾကာင္း စာထပ္ပို႔ျပန္တယ္။

ကၽြန္ေတာ္က ေငြကိုလည္းပို႔ေပးရန္ မလိုအပ္ေၾကာင္း၊ ကၽြန္ေတာ္လည္း ေက်ာင္းအလုပ္နဲ႔ မအားလပ္ေၾကာင္း၊ ကၽြန္ေတာ့္ကို ပို႔သလို အျခားသူထံပို႔ထားတဲ့စာကိုေတြ႕ရွိထားေၾကာင္း ပံုအေထာက္အထားနဲ႔ စာျပန္လိုက္တယ္။ တျခားကို ပို႔ထားတဲ့အလားတူစာေတြကို အင္တာနက္မွာ သားျဖစ္သူေတြက ရွာေပးတာပါ။

ဒီေတာ့ ဒီဇင္ဘာလ ၁၀ ရက္ေန႔မွာ စာထပ္ပို႔လာတယ္။ အျခားသူနဲ႔ ဆက္သြယ္ခဲ့မိေပမဲ့ အခုသူနဲ႔ မဆက္သြယ္ေတာ့ပါဘူး။ သင္က စိတ္ႏွလံုးသားေကာင္းသူဆိုတာ ဘုရားသခင္ကသိလို႔ သင့္ကိုပဲ ေရြးခ်ယ္ေစပါတယ္။ ေငြကိုလက္ခံရရွိၿပီးရင္ မိဘမဲ့ေဂဟာေတြ၊ ဘုရားေက်ာင္းေတြကို ျဖန္႔ေဝေပးဖို႔ ဒါမွသာ သူအနားယူၿပီး ဖန္ဆင္းရွင္နဲ႔ေတြ႕ႏိုင္မွာပါ။ သင့္ကိုယံုၾကည္ေၾကာင္း သူမကို စိတ္ပ်က္မသြားေစေၾကာင္း ေျပာျပန္တယ္။

ကၽြန္ေတာ့္ထံ ေဒၚလာ ႏွစ္သိန္းသာ ပို႔မွာျဖစ္ၿပီး က်န္တဲ့ ေဒၚလာခုႏွစ္သိန္းကို သူမက်န္းမာေရး ေဆးဝါးခထားမွာ ျဖစ္ေၾကာင္း၊ ကၽြန္ေတာ့္မွာ အိမ္ေထာင္ ရွိ/မရွိ၊ သားသမီးမ်ား အေျခအေန၊ ကၽြန္ေတာ္ရဲ႕ ကိုးကြယ္မႈေတြကို ေမးျပန္တယ္။ ကၽြန္ေတာ္က သားသမီးသံုးေယာက္ရွိေၾကာင္း၊ ဗုဒၶဘာသာဝင္ျဖစ္ေၾကာင္း ျပန္ေျဖေပးလိုက္ပါတယ္။

သူမဟာ အဲဒီေန႔ညေနမွာ ခဲြစိတ္ခန္းဝင္ရမွာျဖစ္လို႔ ေအာင္ျမင္စြာ ခဲြစိတ္ႏိုင္ပါေစလို႔ ဆုေတာင္းေပးေစခ်င္ေၾကာင္း၊ သင့္ထံ ေငြဘယ္လို လႊဲေျပာင္းေပးရမယ္ဆိုတာ ေဆြးေႏြးဖို႔ သူမရဲ႕ ဘဏ္အေကာင့္မန္ေနဂ်ာကို မနက္ျဖန္မွာ လာဖို႔ေျပာထားၿပီးျဖစ္ေၾကာင္း၊ ကၽြန္ေတာ့္ကို မနက္ျဖန္ ေန႔လယ္မွာ ဆက္သြယ္မွာျဖစ္ေၾကာင္း ဆက္ေရးထားျပန္ပါတယ္။

အဲဒီလိုနဲ႔ ေနာက္တစ္ေန႔ ဒီဇင္ဘာလ ၁၁ ရက္ေန႔မွာ စာထပ္ပို႔လာတယ္။ သူမရဲ႕ခဲြစိတ္မႈကို ေနာက္တစ္ပတ္အထိ ေရႊ႕ဆိုင္းထားေၾကာင္း၊ သူမရဲ႕ဘဏ္မန္ေနဂ်ာ ေဆးရံုလာမွာကို ေစာင့္ေနေၾကာင္း၊ ဒီအခါက်မွ သင့္ထံေငြကို ဘယ္လို လဲႊမယ္ဆိုတာ ေျပာႏိုင္မွာျဖစ္ေၾကာင္း၊ သူလာၿပီးရင္ ခ်က္ခ်င္းေဆာင္ရြက္ အဆံုးသတ္မွာျဖစ္ေၾကာင္း ေျပာျပန္တယ္။

ဒီဇင္ဘာလ ၁၂ ရက္ေန႔မွာ ပို႔လာတဲ့စာမွာ "သင့္ထံလံုျခံဳစိတ္ခ်စြာနဲ႔ ေငြလႊဲေျပာင္းေပးႏိုင္ဖို႔ ဘဏ္မန္ေနဂ်ာနဲ႔ ဆက္သြယ္ၿပီးပါၿပီ။ သူမအေနနဲ႔ ေငြကို ဘဏ္ကတစ္ဆင့္ လဲႊေျပာင္းေပးရင္ ၿဗိတိန္အစိုးရ အေနနဲ႔ ဒီေလာက္မ်ားျပားတဲ့ ေငြပမာဏကို ခြင့္ျပဳမွာမဟုတ္သလို သူမလည္း အစစ္ေဆး အေမးျမန္းခံရမွာ ျဖစ္ပါတယ္။ ဒီမ်ားျပားလွတဲ့ေငြကို အထူးေအးဂ်င့္မ်ားမွတစ္ဆင့္ လဲႊေျပာင္းေပးရင္ ရာနႈန္းျပည့္ အဆင္ေျပမွာ ျဖစ္ေၾကာင္း၊ ဒါေပမဲ့ ေအးဂ်င့္ေလဆိပ္ေရာက္တဲ့အခါ ေလဆိပ္မွာ ေငြအနည္းငယ္ကို ေဒသသံုးေငြနဲ႔ အကုန္အက်ခံရမွာ ျဖစ္ေၾကာင္း၊ ဒီေငြေၾကးဟာ အေကာက္ခြန္ ကင္းလြတ္ခြင့္ျဖစ္ေၾကာင္း၊ ေအးဂ်င့္ ေလဆိပ္ေရာက္ရင္ သင့္ကို ေခၚပါလိမ့္မယ္။ အေကာက္ခြန္ကိစၥ ေျဖရွင္းၿပီးရင္ ေအးဂ်င့္ကို သင့္လိပ္စာအတိုင္း သြားခြင့္ေပးမွာ ျဖစ္ေၾကာင္း၊ ဒါေၾကာင့္ ဒီနည္းလမ္းကို အသံုးျပဳဖို႔ ဆံုးျဖတ္လိုက္ၿပီျဖစ္ေၾကာင္း၊ ေအးဂ်င့္ကတစ္ဆင့္ "ဗီယက္နမ္"မွာရွိတဲ့ သင့္ထံယူလာမွာျဖစ္ေၾကာင္း၊ သူမအေနနဲ႔ "CARGOLUX AIRLINES INTERNATIONAL DELIVERV SERVICES နဲ႔ ဆက္သြယ္ထားၿပီး ျဖစ္ေၾကာင္း၊ ဘုရားသခင္ရဲ႕ ဂုဏ္ေက်းဇူးေတာ္ေၾကာင့္ ဗုဒၶဟူးေန႔မွာ သူတို႔ၿပီးစီးမွာျဖစ္ေၾကာင္း၊ အားလံုးၿပီးစီးရင္ သင့္ထံေငြပို႔မွာျဖစ္ေၾကာင္း ေရးျပန္တယ္။ သူေရးတဲ့စာမွာ အမွားေတြပါလာတာက ျမန္မာမွာရွိတဲ့ ကၽြန္ေတာ့္ကို ဗီယက္နမ္မွာရွိတဲ့ ဆိုတဲ့စကားေတြ ပါလာတာက အျခားမွာ ဆင္တူ႐ိုးမွားလုပ္ၿပီး လိမ္ေနတယ္ဆိုတာ သိလာေစပါတယ္။

ဒီလိုနဲ႔ ဒီဇင္ဘာလ ၁၃ ရက္ေန႔ညမွာ ပါဆယ္ထုပ္ပို႔ေပးၿပီးျဖစ္ေၾကာင္း၊ ေအးဂ်င့္ဟာ သင့္ႏိုင္ငံ ေရာက္ေရာက္ခ်င္း သင့္ဖုန္းနံပါတ္ကိုေခၚဖို႔ လည္း ေအးဂ်င့္ကို သင့္ဖုန္းနံပါတ္ေပးထားၿပီးျဖစ္ေၾကာင္း၊ သင္ဘာကိုမွ မစိုးရိမ္ပါနဲ႔၊ ေငြကိုလည္း မနက္ျဖန္မွာ CARGOLUX AIRLINES INTERNATIONAL DELIVERV SERVICE ဆီကိုပို႔ေပးမွာျဖစ္ေၾကာင္း၊ ေငြနဲ႔အတူလာမယ့္ ေအးဂ်င့္ရဲ႕အခ်က္အလက္မ်ားကို ပို႔ေပးမွာျဖစ္ၿပီး၊ ေအးဂ်င့္ဟာ မနက္ျဖန္ညမွာစထြက္ၿပီး အဲဒီကို မနက္ပိုင္းေရာက္မွာျဖစ္ေၾကာင္း ပို႔လာပါတယ္။

ဒီဇင္ဘာလ ၁၄ ရက္ေန႔ ဗုဒၶဟူးေန႔ညမွာ ေငြပို႔တဲ့ အစီအစဥ္ကို AIRLINE SERVICE နဲ႔ ေဆာင္ရြက္ ၿပီးျဖစ္ေၾကာင္း၊ ပါဆယ္ထုပ္ကိုလည္း ေအးဂ်င့္ကို အပ္နံွၿပီးျဖစ္ေၾကာင္း၊ ပါဆယ္ထုပ္ထဲက အိတ္ထဲမွာ ေဒၚလာႏွစ္သန္းပါေၾကာင္း၊ သင္သာသိႏိုင္မယ့္ ကုဒ္နံပါတ္(8619)ျဖစ္ေၾကာင္း၊ ပါဆယ္ထုပ္ကို ေလဘယ္ႏွင့္ တံဆိပ္မ်ား ႐ိုက္နွိပ္ထားၿပီးျဖစ္ေၾကာင္း၊ ေအးဂ်င့္ပင္လွ်င္ ထိုကုဒ္နံပါတ္က္ို မသိေၾကာင္း၊ ေအးဂ်င့္အမည္မွာ Mr.Denis Doku Stany ျဖစ္ၿပီး သူဟာ UK က ဒီေန႔ထြက္လာၿပီး မနက္ျဖန္ မနက္မွာ ျမန္မာကို ေရာက္မွာျဖစ္ေၾကာင္း၊ သူေရာက္တာနဲ႔ သင့္ကိုေခၚမွာျဖစ္ၿပီး သင္က အေကာက္ခြန္အရာရွိနဲ႔ စကားေျပာ၊ အဲဒီမွာရွိတဲ့ ႏိုင္ငံသံုးေငြနဲ႔ အေကာက္ခြန္ေၾကးေပးသြင္းရမွာျဖစ္ေၾကာင္း၊ ဘယ္ေလာက္ ေပးရမယ္ဆိုတာ သူမ မသိေၾကာင္း၊ သိပ္မမ်ားပါဟု ေအးဂ်င့္က ေျပာေၾကာင္း၊ ထပ္ေျပာခ်င္တာက ေအးဂ်င့္ရဲ႕လံုျခံဳေရးအတြက္ သင့္အိမ္ကို ေငြမေရာက္မီ ဘယ္သူ႔ကိုမွ မေျပာေစလိုေၾကာင္း၊ သူမရဲ႕ ခဲြစိတ္မႈကို မနက္ျဖန္မွာ ျပဳလုပ္မည္ဟု ဆရာဝန္ကေျပာေၾကာင္း၊ သူမအတြက္ ဆုေတာင္းေပးေစခ်င္ေၾကာင္း၊ ေက်းဇူးျပဳၿပီး ေငြမရေသးမီ ဘယ္သူ႔ကိုမွမေျပာေစလိုေၾကာင္းေရးၿပီး အဆက္အသြယ္ျဖတ္လိုက္ပါေတာ့တယ္။

ပူးတဲဲြပါပံုေတြက ေလေၾကာင္းလိုင္းကို ကၽြန္ေတာ့္နာမည္နဲ႔လဲႊေျပာင္းၿပီးေၾကာင္း အေထာက္အထား၊ ေငြကိုအိတ္ထဲမွာ ထည့္ထားပံုေတြပါ။ တစ္ေစာင္ကေတာ့ ၂၀၀၉ ခုႏွစ္က လႊဲေျပာင္းေျပစာကို သူတို႔ ျပန္ျပင္ထားေၾကာင္း ကၽြန္ေတာ့္သားလတ္က အင္တာနက္မွာ ရွာေဖြျပထားတာပါ။

ေမတၱာျဖင့္
ဦးခင္ေမာင္ျမင့္(ေရႊမဟာ)

မွတ္ခ်က္ ။   ။ ေဖာ္ျပပါ ပံုမ်ားမွ တစ္ဖက္မွ လိမ္လွည္ၿပီး ပို႔လာေသာ ပံုမ်ား ျဖစ္ပါသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ဆွမ်းခံရင်းငှက်သင့် ဆိုပေမဲ့ တစ်ခါတစ်လေ ကိုယ့်အိမ်မှာနေရင်းကပင် အနှောင့်အယှက်၊ လိမ်ညာမှုက နယ်ကျူးလာပြန်တယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၇ ရက်နေ့ ဗုဒ္ဓဟူးနေ့ မနက် စာသင်ခန်းမဝင်ခင် ထုံးစံအတိုင်း ဖေ့ဘုတ်ကို ဖွင့်ကြည့်မိတော့ ကျွန်တော့် Facebook ရဲ့ messenger မှာ သူ့ကိုယ်သူ "Risma Rohayati" ဆိုပြီး အင်ဒိုနီးရှားကပါဆိုတဲ့ အမျိုးသမီးတစ်ဦးရဲ့မိတ်ဆက်စာကို ဖတ်လိုက်ရပါတယ်။

ကျွန်တော်လည်း လူမှုကျင့်ဝတ်အရ "မင်္ဂလာနံနက်ခင်းပါ။ မိတ်ဆွေအဖြစ် ဆက်ဆံသွားကြဖို့ ကြိုဆိုပါတယ်" ဆိုတာကို အင်္ဂလိပ်ဘာသာနဲ့ပဲ ဖြကြေားခဲ့တယ်။ ဒါပေမဲ့ အဲဒီနေ့ညနေမှာ စာထပ်ပို့ပြန်တယ်။

သူက အင်ဒိုကဆိုပေမဲ့ သူ့အမျိုးသားက မြန်မာကဖြစ်ကြောင်း၊ သူတို့နေတာက UK ဖြစ်ကြောင်း၊ သူ့အမျိုးသားဟာ ၂၀၁၄ခုနှစ် သြဂုတ်လ(၁၆)ရက်နေ့မှာ ကွယ်လွန်ခဲ့ပြီဖြစ်ကြောင်း၊ သူမ ကိုယ်တိုင်ကလည်း ကင်ဆာရောဂါ ဝေဒနာရှင်ဖြစ်ပြီး ဆရာဝန်ရဲ့အဆိုအရ နေရဖို့ အချိန် သိပ်မကျန်တော့ကြောင်း၊ သူ့အမျိုးသား မကွယ်လွန်မီက သူ့ရဲ့ပိုင်ဆိုင်မှုကို ဗြိတိန်အစိုးရထံမှာ အပ်ထားငွေ (၄.၇)သန်းရှိကြောင်း၊ သူ့အမျိုးသားဟာ မကွယ်လွန်မီက ငွေကြေးချမ်းသာတဲ့ ပရဟိတသမားတစ်ဦးဖြစ်ပြီး သူ့ငွေတွေကို ဆင်းရဲသူတွေကို အကူအညီပေးချင်သူ ဖြစ်ကြောင်း၊ ဒီငွေတွေကို သူ့အမျိုးသားမကွယ်လွန်မီ သူမရဲ့ဘဏ်အကောင့်ထဲကို ပို့ပေးပြီးဖြစ်ကြောင်း၊ သူတို့မှာ သားသမီးတစ်ဦးတစ်ယောက်မှ မရှိကြောင်း၊ သူမကျန်းမာရေးကြောင့် ဒေါ်လာ(၂)သန်းကို အင်ဒိုမှာပို့ထားပြီး၊ ဒေါ်လာ(၇)သိန်းကို သူမဆေးကုသမှု အတွက် ဆေးရုံမှာ အာမခံတင်ထားကြောင်း၊ ကျန်တဲ့ဒေါ်လာငွေ(၂)သန်းကို မြန်မာနိုင်ငံမှာရှိတဲ့ ဆင်းရဲချို့တဲ့သူတွေ၊ မုဆိုးမတွေကိုပေးနိုင်ဖို့ ကျွန်တော့်ထံ ပို့ပေးချင်ကြောင်း၊ သူတို့မှာ အမွေပေးစရာ ကလေးမရှိ၍ ဖြစ်ကြောင်း၊ ဒီငွေကိုင်ဆောင်ပြီး ဘာသာရေး၊ လူမျိုးစုရေး ဖိနှိပ်မှု၊ လောင်းကစား ပြုလုပ်မှုများ မပြုဖို့၊ ဘုရားသခင်က မိသားစုကို ကောင်းချီးပေးမှာ ဖြစ်ကြောင်း၊ သူမကျန်းမာရေးနဲ့ ဘာသာစကား အခက်အခဲကြောင့် ဖုန်းပြောချင်ပေမဲ့ မပြောနိုင်ကြောင်း၊ သူမပြောတဲ့အချက်အလက်ကို လျှို့ဝှက်ထားစေ လိုကြောင်း၊ ငွေနဲ့ပတ်သက်တဲ့ လုံခြုံရေးအတွက်ဖြစ်ကြောင်း စာပို့ပြီး ပုံတချို့ကိုလည်း သက်သပြေတဲ့အနေနဲ့ ပို့ပေးပါတယ်။

ဒီဇင်ဘာလ ၉ ရက်နေ့မှာတော့ ငွေကို ဘယ်လိုသုံးစွဲမယ်ဆိုတာရှင်းပြဖို့၊ ဒီငွေကို လိုအပ်ချက် ရှိနကြေသူတွေ၊ မုဆိုးမတွေကို မျှဝေမပေးဖြစ်ရင် စိတ်မကောင်းဖြစ်မိမှာဖြစ်ကြောင်း စာထပ်ပို့ပြန်တယ်။

ကျွန်တော်က ငွေကိုလည်းပို့ပေးရန် မလိုအပ်ကြောင်း၊ ကျွန်တော်လည်း ကျောင်းအလုပ်နဲ့ မအားလပ်ကြောင်း၊ ကျွန်တော့်ကို ပို့သလို အခြားသူထံပို့ထားတဲ့စာကိုတွေ့ရှိထားကြောင်း ပုံအထောက်အထားနဲ့ စာပြန်လိုက်တယ်။ တခြားကို ပို့ထားတဲ့အလားတူစာတွေကို အင်တာနက်မှာ သားဖြစ်သူတွေက ရှာပေးတာပါ။

ဒီတော့ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ စာထပ်ပို့လာတယ်။ အခြားသူနဲ့ ဆက်သွယ်ခဲ့မိပေမဲ့ အခုသူနဲ့ မဆက်သွယ်တော့ပါဘူး။ သင်က စိတ်နှလုံးသားကောင်းသူဆိုတာ ဘုရားသခင်ကသိလို့ သင့်ကိုပဲ ရွေးချယ်စေပါတယ်။ ငွေကိုလက်ခံရရှိပြီးရင် မိဘမဲ့ဂေဟာတွေ၊ ဘုရားကျောင်းတွေကို ဖြန့်ဝေပေးဖို့ ဒါမှသာ သူအနားယူပြီး ဖန်ဆင်းရှင်နဲ့တွေ့နိုင်မှာပါ။ သင့်ကိုယုံကြည်ကြောင်း သူမကို စိတ်ပျက်မသွားစေကြောင်း ပြောပြန်တယ်။

ကျွန်တော့်ထံ ဒေါ်လာ နှစ်သိန်းသာ ပို့မှာဖြစ်ပြီး ကျန်တဲ့ ဒေါ်လာခုနှစ်သိန်းကို သူမကျန်းမာရေး ဆေးဝါးခထားမှာ ဖြစ်ကြောင်း၊ ကျွန်တော့်မှာ အိမ်ထောင် ရှိ/မရှိ၊ သားသမီးများ အခြေအနေ၊ ကျွန်တော်ရဲ့ ကိုးကွယ်မှုတွေကို မေးပြန်တယ်။ ကျွန်တော်က သားသမီးသုံးယောက်ရှိကြောင်း၊ ဗုဒ္ဓဘာသာဝင်ဖြစ်ကြောင်း ပြန်ဖြေပေးလိုက်ပါတယ်။

သူမဟာ အဲဒီနေ့ညနေမှာ ခွဲစိတ်ခန်းဝင်ရမှာဖြစ်လို့ အောင်မြင်စွာ ခွဲစိတ်နိုင်ပါစေလို့ ဆုတောင်းပေးစေချင်ကြောင်း၊ သင့်ထံ ငွေဘယ်လို လွှဲပြောင်းပေးရမယ်ဆိုတာ ဆွေးနွေးဖို့ သူမရဲ့ ဘဏ်အကောင့်မန်နေဂျာကို မနက်ဖြန်မှာ လာဖို့ပြောထားပြီးဖြစ်ကြောင်း၊ ကျွန်တော့်ကို မနက်ဖြန် နေ့လယ်မှာ ဆက်သွယ်မှာဖြစ်ကြောင်း ဆက်ရေးထားပြန်ပါတယ်။

အဲဒီလိုနဲ့ နောက်တစ်နေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ စာထပ်ပို့လာတယ်။ သူမရဲ့ခွဲစိတ်မှုကို နောက်တစ်ပတ်အထိ ရွှေ့ဆိုင်းထားကြောင်း၊ သူမရဲ့ဘဏ်မန်နေဂျာ ဆေးရုံလာမှာကို စောင့်နေကြောင်း၊ ဒီအခါကျမှ သင့်ထံငွေကို ဘယ်လို လွှဲမယ်ဆိုတာ ပြောနိုင်မှာဖြစ်ကြောင်း၊ သူလာပြီးရင် ချက်ချင်းဆောင်ရွက် အဆုံးသတ်မှာဖြစ်ကြောင်း ပြောပြန်တယ်။

ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ပို့လာတဲ့စာမှာ "သင့်ထံလုံခြုံစိတ်ချစွာနဲ့ ငွေလွှဲပြောင်းပေးနိုင်ဖို့ ဘဏ်မန်နေဂျာနဲ့ ဆက်သွယ်ပြီးပါပြီ။ သူမအနေနဲ့ ငွေကို ဘဏ်ကတစ်ဆင့် လွှဲပြောင်းပေးရင် ဗြိတိန်အစိုးရ အနေနဲ့ ဒီလောက်များပြားတဲ့ ငွေပမာဏကို ခွင့်ပြုမှာမဟုတ်သလို သူမလည်း အစစ်ဆေး အမေးမြန်းခံရမှာ ဖြစ်ပါတယ်။ ဒီများပြားလှတဲ့ငွေကို အထူးအေးဂျင့်များမှတစ်ဆင့် လွှဲပြောင်းပေးရင် ရာနှုန်းပြည့် အဆင်ပြေမှာ ဖြစ်ကြောင်း၊ ဒါပေမဲ့ အေးဂျင့်လေဆိပ်ရောက်တဲ့အခါ လေဆိပ်မှာ ငွေအနည်းငယ်ကို ဒေသသုံးငွေနဲ့ အကုန်အကျခံရမှာ ဖြစ်ကြောင်း၊ ဒီငွေကြေးဟာ အကောက်ခွန် ကင်းလွတ်ခွင့်ဖြစ်ကြောင်း၊ အေးဂျင့် လေဆိပ်ရောက်ရင် သင့်ကို ခေါ်ပါလိမ့်မယ်။ အကောက်ခွန်ကိစ္စ ဖြေရှင်းပြီးရင် အေးဂျင့်ကို သင့်လိပ်စာအတိုင်း သွားခွင့်ပေးမှာ ဖြစ်ကြောင်း၊ ဒါကြောင့် ဒီနည်းလမ်းကို အသုံးပြုဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း၊ အေးဂျင့်ကတစ်ဆင့် "ဗီယက်နမ်"မှာရှိတဲ့ သင့်ထံယူလာမှာဖြစ်ကြောင်း၊ သူမအနေနဲ့ "CARGOLUX AIRLINES INTERNATIONAL DELIVERV SERVICES နဲ့ ဆက်သွယ်ထားပြီး ဖြစ်ကြောင်း၊ ဘုရားသခင်ရဲ့ ဂုဏ်ကျေးဇူးတော်ကြောင့် ဗုဒ္ဓဟူးနေ့မှာ သူတို့ပြီးစီးမှာဖြစ်ကြောင်း၊ အားလုံးပြီးစီးရင် သင့်ထံငွေပို့မှာဖြစ်ကြောင်း ရေးပြန်တယ်။ သူရေးတဲ့စာမှာ အမှားတွေပါလာတာက မြန်မာမှာရှိတဲ့ ကျွန်တော့်ကို ဗီယက်နမ်မှာရှိတဲ့ ဆိုတဲ့စကားတွေ ပါလာတာက အခြားမှာ ဆင်တူရိုးမှားလုပ်ပြီး လိမ်နေတယ်ဆိုတာ သိလာစေပါတယ်။

ဒီလိုနဲ့ ဒီဇင်ဘာလ ၁၃ ရက်နေ့ညမှာ ပါဆယ်ထုပ်ပို့ပေးပြီးဖြစ်ကြောင်း၊ အေးဂျင့်ဟာ သင့်နိုင်ငံ ရောက်ရောက်ချင်း သင့်ဖုန်းနံပါတ်ကိုခေါ်ဖို့ လည်း အေးဂျင့်ကို သင့်ဖုန်းနံပါတ်ပေးထားပြီးဖြစ်ကြောင်း၊ သင်ဘာကိုမှ မစိုးရိမ်ပါနဲ့၊ ငွေကိုလည်း မနက်ဖြန်မှာ CARGOLUX AIRLINES INTERNATIONAL DELIVERV SERVICE ဆီကိုပို့ပေးမှာဖြစ်ကြောင်း၊ ငွေနဲ့အတူလာမယ့် အေးဂျင့်ရဲ့အချက်အလက်များကို ပို့ပေးမှာဖြစ်ပြီး၊ အေးဂျင့်ဟာ မနက်ဖြန်ညမှာစထွက်ပြီး အဲဒီကို မနက်ပိုင်းရောက်မှာဖြစ်ကြောင်း ပို့လာပါတယ်။

ဒီဇင်ဘာလ ၁၄ ရက်နေ့ ဗုဒ္ဓဟူးနေ့ညမှာ ငွေပို့တဲ့ အစီအစဉ်ကို AIRLINE SERVICE နဲ့ ဆောင်ရွက် ပြီးဖြစ်ကြောင်း၊ ပါဆယ်ထုပ်ကိုလည်း အေးဂျင့်ကို အပ်နှံပြီးဖြစ်ကြောင်း၊ ပါဆယ်ထုပ်ထဲက အိတ်ထဲမှာ ဒေါ်လာနှစ်သန်းပါကြောင်း၊ သင်သာသိနိုင်မယ့် ကုဒ်နံပါတ်(8619)ဖြစ်ကြောင်း၊ ပါဆယ်ထုပ်ကို လေဘယ်နှင့် တံဆိပ်များ ရိုက်နှိပ်ထားပြီးဖြစ်ကြောင်း၊ အေးဂျင့်ပင်လျှင် ထိုကုဒ်နံပါတ်ကို် မသိကြောင်း၊ အေးဂျင့်အမည်မှာ Mr.Denis Doku Stany ဖြစ်ပြီး သူဟာ UK က ဒီနေ့ထွက်လာပြီး မနက်ဖြန် မနက်မှာ မြန်မာကို ရောက်မှာဖြစ်ကြောင်း၊ သူရောက်တာနဲ့ သင့်ကိုခေါ်မှာဖြစ်ပြီး သင်က အကောက်ခွန်အရာရှိနဲ့ စကားပြော၊ အဲဒီမှာရှိတဲ့ နိုင်ငံသုံးငွေနဲ့ အကောက်ခွန်ကြေးပေးသွင်းရမှာဖြစ်ကြောင်း၊ ဘယ်လောက် ပေးရမယ်ဆိုတာ သူမ မသိကြောင်း၊ သိပ်မများပါဟု အေးဂျင့်က ပြောကြောင်း၊ ထပ်ပြောချင်တာက အေးဂျင့်ရဲ့လုံခြုံရေးအတွက် သင့်အိမ်ကို ငွေမရောက်မီ ဘယ်သူ့ကိုမှ မပြောစေလိုကြောင်း၊ သူမရဲ့ ခွဲစိတ်မှုကို မနက်ဖြန်မှာ ပြုလုပ်မည်ဟု ဆရာဝန်ကပြောကြောင်း၊ သူမအတွက် ဆုတောင်းပေးစေချင်ကြောင်း၊ ကျေးဇူးပြုပြီး ငွေမရသေးမီ ဘယ်သူ့ကိုမှမပြောစေလိုကြောင်းရေးပြီး အဆက်အသွယ်ဖြတ်လိုက်ပါတော့တယ်။

ပူးတွဲပါပုံတွေက လေကြောင်းလိုင်းကို ကျွန်တော့်နာမည်နဲ့လွှဲပြောင်းပြီးကြောင်း အထောက်အထား၊ ငွေကိုအိတ်ထဲမှာ ထည့်ထားပုံတွေပါ။ တစ်စောင်ကတော့ ၂၀၀၉ ခုနှစ်က လွှဲပြောင်းပြေစာကို သူတို့ ပြန်ပြင်ထားကြောင်း ကျွန်တော့်သားလတ်က အင်တာနက်မှာ ရှာဖွပြေထားတာပါ။

မှတ်ချက်။ ဖော်ပြပါ ပုံများမှ တစ်ဖက်မှ လိမ်လှည်ပြီး ပို့လာသော ပုံများ ဖြစ်ပါသည်။

မေတ္တာဖြင့်
ဦးခင်မောင်မြင့်(ရွှေမဟာ)

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~