တာခ်ီလိတ္ၿမိဳ႕၏ အပတ္စဥ္ စေနေန႔တိုင္း ဒီဇင္ဘာ လူထုလမ္းေလွ်ာက္ပြဲ ဒီဇင္ဘာလအတြင္း (၅)ႀကိမ္ ျပဳလုပ္မည္

တာခ်ီလိတ္ၿမိဳ႕၏ အပတ္စဥ္ စေနေန႔တိုင္း ဒီဇင္ဘာ လူထုလမ္းေလွ်ာက္ပြဲ ဒီဇင္ဘာလအတြင္း (၅)ႀကိမ္ ျပဳလုပ္မည္
ဒီဇင်ဘာ 1, 2016
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕၏ အပတ္စဥ္ စေနေန႔တိုင္း ဒီဇင္ဘာ လူထုလမ္းေလွ်ာက္ပြဲကို ယခု ၂၀၁၆ခုႏွစ္၏ ဒီဇင္ဘာလတြင္ (၅)ႀကိမ္ျပဳလုပ္သြားမွာ ျဖစ္ၿပီး ဌာနဆုိင္ရာမ်ား၊ ေက်ာင္းသား၊ေက်ာင္းသူမ်ားႏွင့္ ၿမိဳ႕ေပၚရပ္ကြက္အတြင္းမွ ျပည္သူမ်ား စုေပါင္း၍ ဆင္ႏႊဲသြားမွာ ျဖစ္ေၾကာင္း သိရသည္။

"ၿပီးခဲ့တဲ့ ၂၀၁၅ခုႏွစ္ကေတာ့ ဒီဇင္ဘာ လမ္းေလွ်ာက္ပြဲက (၄)ႀကိမ္ပဲရွိလိုက္တယ္။ ဒီႏွစ္မွာေတာ့ ပထမပတ္ စေနေန႔ဟာ (၃)ရက္ေန႔ ျဖစ္ေနေတာ့ ဒီ ဒီဇင္ဘာလမွာ စေန႔ေန႔ (၅)ရက္ ေတာင္ရွိသြားတယ္။ အ့ဲဒါေၾကာင့္ ဒီလမွာေတာ့ (၅)ႀကိမ္ စုေပါင္း လမ္းေလွ်ာက္ၾကမွာပါ၊ အရင္ႏွစ္လိုပဲ ေတာ္ေတာ္မ်ားမ်ား ပါ၀င္ဆင္ႏႊဲၾကမွာပါ"ဟု ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ ၀န္ထမ္းတစ္ဦးက ေျပာသည္။

စုေပါင္းလမ္းေလွ်ာက္မႈအျဖစ္ စုရပ္အား ရွမ္းရိုးမကုန္တိုက္ေရွ႕တြင္ သတ္မွတ္ထားရွိၿပီး အဆိုပါေနရာမွ နံနက္(၅း၃၀)နာရီအခ်ိန္တြင္ ၿမဳိ႕နယ္အားကစားကြင္းသို႔ စတင္ထြက္ခြာၿပီး ၿမဳိ႕နယ္အားကစားကြင္းအတြင္း ကိုယ္လက္လႈပ္ရွားမႈ ေလ့က်င့္ခန္းမ်ားကို ျပဳလုပ္သြားမွာ ျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕၏  အပတ္စဥ္ စေနေန႔တိုင္း  ဒီဇင္ဘာ လူထုစုေပါင္းလမ္းေလွ်ာက္ပြဲ ျပဳလုပ္မည့္ ေနရာမ်ားမွာ  ၃.၁၂.၂၀၁၆၊  ၁၀.၁၂.၂၀၁၆၊  ၁၇.၁၂.၂၀၁၆၊  ၂၄.၁၂.၂၀၁၆၊  ၃၁.၁၂.၂၀၁၆ တို႔ ျဖစ္သည္။

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မြို့၏ အပတ်စဉ် စနေနေ့တိုင်း ဒီဇင်ဘာ လူထုလမ်းလျှောက်ပွဲကို ယခု ၂၀၁၆ခုနှစ်၏ ဒီဇင်ဘာလတွင် (၅)ကြိမ်ပြုလုပ်သွားမှာ ဖြစ်ပြီး ဌာနဆိုင်ရာများ၊ ကျောင်းသား၊ကျောင်းသူများနှင့် မြို့ပေါ်ရပ်ကွက်အတွင်းမှ ပြည်သူများ စုပေါင်း၍ ဆင်နွှဲသွားမှာ ဖြစ်ကြောင်း သိရသည်။

"ပြီးခဲ့တဲ့ ၂၀၁၅ခုနှစ်ကတော့ ဒီဇင်ဘာ လမ်းလျှောက်ပွဲက (၄)ကြိမ်ပဲရှိလိုက်တယ်။ ဒီနှစ်မှာတော့ ပထမပတ် စနေနေ့ဟာ (၃)ရက်နေ့ ဖြစ်နေတော့ ဒီ ဒီဇင်ဘာလမှာ စနေ့နေ့ (၅)ရက် တောင်ရှိသွားတယ်။ အဲ့ဒါကြောင့် ဒီလမှာတော့ (၅)ကြိမ် စုပေါင်း လမ်းလျှောက်ကြမှာပါ၊ အရင်နှစ်လိုပဲ တော်တော်များများ ပါဝင်ဆင်နွှဲကြမှာပါ"ဟု မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးက ပြောသည်။

စုပေါင်းလမ်းလျှောက်မှုအဖြစ် စုရပ်အား ရှမ်းရိုးမကုန်တိုက်ရှေ့တွင် သတ်မှတ်ထားရှိပြီး အဆိုပါနေရာမှ နံနက်(၅း၃၀)နာရီအချိန်တွင် မြို့နယ်အားကစားကွင်းသို့ စတင်ထွက်ခွာပြီး မြို့နယ်အားကစားကွင်းအတွင်း ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းများကို ပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့၏ အပတ်စဉ် စနေနေ့တိုင်း ဒီဇင်ဘာ လူထုစုပေါင်းလမ်းလျှောက်ပွဲ ပြုလုပ်မည့် နေရာများမှာ ၃.၁၂.၂၀၁၆၊ ၁၀.၁၂.၂၀၁၆၊ ၁၇.၁၂.၂၀၁၆၊ ၂၄.၁၂.၂၀၁၆၊ ၃၁.၁၂.၂၀၁၆ တို့ ဖြစ်သည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~