အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အကြိုလှုပ်ရှားမှု တောင်ကြီးတွင် ပြုလုပ်

အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အကြိုလှုပ်ရှားမှု တောင်ကြီးတွင် ပြုလုပ်
ဒီဇငျဘာ 1, 2016
By Tachileik News Agency

ဒီဇင်ဘာလ(၃)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို ကြိုဆိုသောအားဖြင့် အကြိုလှုပ်ရှားမှုအနေဖြင့် (Barrier Free Campaign ) " မသန်စွမ်းသူများအတွက် အတားအဆီးကင်းမဲ့သော ပတ်ဝန်းကျင် ဖော်ဆောင်ရေး လှုပ်ရှားမှု" ကို ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ရှိ ဗိုလ်ချုပ်ပန်းခြံအတွင်း ဒီဇင်ဘာလ(၁)ရက်နေ့ နံနက်(၇)နာရီအချိန်က ပြုလုပ်ခဲ့ကြသည်။

အကြိုလှုပ်ရှားမှုအနေဖြင့် တောင်ကြီးမြို့ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းရှေ့ ပလက်ဖောင်းမှ ၀ှီးချဲများဖြင့် စတင်ထွက်ခွာပြီး အရှေ့မြို့ပတ်လမ်းမှ ဗိုလ်ချုပ်ပန်းခြံအတွင်းသို့ သွားရောက်ကာ အင်အား(၈၀)၀န်းကျင် ပါဝင်ဆင်နွှဲခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

သတင်း/ဓါတ်ပုံ - နိုနို

~~~~~~~~⊰❂ unicode ~~~~~~~~
ဒီဇင်ဘာလ(၃)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို ကြိုဆိုသောအားဖြင့် အကြိုလှုပ်ရှားမှုအနဖြေင့် (Barrier Free Campaign ) " မသန်စွမ်းသူများအတွက် အတားအဆီးကင်းမဲ့သော ပတ်ဝန်းကျင် ဖော်ဆောင်ရေး လှုပ်ရှားမှု" ကို ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ရှိ ဗိုလ်ချုပ်ပန်းခြံအတွင်း ဒီဇင်ဘာလ(၁)ရက်နေ့ နံနက်(၇)နာရီအချိန်က ပြုလုပ်ခဲ့ကြသည်။

အကြိုလှုပ်ရှားမှုအနဖြေင့် တောင်ကြီးမြို့ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းရှေ့ ပလက်ဖောင်းမှ ဝှီးချဲများဖြင့် စတင်ထွက်ခွာပြီး အရှေ့မြို့ပတ်လမ်းမှ ဗိုလ်ချုပ်ပန်းခြံအတွင်းသို့ သွားရောက်ကာ အင်အား(၈၀)ဝန်းကျင် ပါဝင်ဆင်နွှဲခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~