ေဆးရုံအုပ္ႀကီးအိမ္တြင္ ပုန္းလွ်ဳိးဝင္ေရာက္ေနသူက ေဆးရုံအုပ္၏ မိခင္ကုိ ဓါးျဖင့္ပက္

ေဆးရုံအုပ္ႀကီးအိမ္တြင္ ပုန္းလွ်ဳိးဝင္ေရာက္ေနသူက ေဆးရုံအုပ္၏ မိခင္ကုိ ဓါးျဖင့္ပက္
နိုဝင်ဘာ 10, 2016
By Tachileik News Agency

မႏၲေလးတိုင္းေဒသႀကီး ဝမ္းတြင္းၿမိဳ႕ ျပည္သူ႔ေဆးရုံအုပ္ႀကီး၏ အိမ္တြင္ ပုန္လ်ွိဳးဝင္ေရာက္ေနသူက ဆရာဝန္၏ မိခင္အား ဓါးျဖင့္ပက္သျဖင့္ ရင္ညြန္႔ႏွင့္ ေမးေစ့တို႔တြင္ ျပတ္ရွဒဏ္ရာမ်ား ရရိွသြားေၾကာင္း သိရသည္။

" ေဆးရုံဝင္းဝန္ထမ္း အိမ္ယာဆိုေတာ့ ျခံခတ္ကာရံထားတာ မရွိဖူးေပါ့။ မီးဖိုနဲ႔အိမ္သာကပ္လွ်က္ရွိေနတာ။ ဆရာဝန္မႀကီးအိမ္၊ မီးဖိုထဲေရာက္ေနသူက အိမ္သာကျပန္ထြက္တဲ့အဖြားနဲ႔ ပက္ပင္းတိုးေတာ့ ေၾကာက္လန္႕ၿပီးဓါးနဲ႔ ပက္လိုက္တယ္ထင္တာပဲ”ဟု ဆယ္အိမ္မွဴး ဦးတင္က ေျပာသည္။

ေဆးရံုဝန္ထမ္းအိမ္ရာေနအိမ္၌ နိုဝင္ဘာလ (၉)ရက္ေန႔ နံနက္(၂)နာရီတြင္ ေဆးရုံအုပ္၏ မိခင္ေဒၚခင္ေထြးက အိမ္သာမွ အျပန္တြင္ မီးဖိုခန္းတြင္း ေရာက္ေနသူက ဓါးျဖင့္ပက္သျဖင့္ ရင္ညႊန္႔ႏွင့္ ေမးေစ့တို႔တြင္ ျပတ္ရွဒဏ္ရာမ်ားရရွိသြားျခင္းျဖစ္ေၾကာင္း သိရသည္။

“အိမ္သာရဲ႕ အေနာက္ဖက္မွာ ထမင္းစားထားတဲ့ ထမင္းဇလုံတခု ေတြ႕ရတယ္။ အဖြားက အသက္ႀကီးၿပီဆိုေတာ့ ဓါးနဲ႕ရန္လုပ္ထြက္ေျပးသူ လုံခ်ည္အစိမ္းေရာင္ဝတ္ထားၿပီး ပိန္ပါးပါး၊ အရပ္မနိမ့္မျမင့္ေလာက္ပဲ ေျပာနိုင္တယ္။ အဖြားလည္ပင္းကဆြဲထားတဲ့ ခ်ည္ႀကိဳးတြဲထားတဲ့ ပယင္းဆြဲသီးေလးျပတ္သြားတယ္။ ယူမသြားပါဘူး။ အျခားပစၥည္းတစုံတခုမွ မေပ်ာက္ဘူး။ မီးဖိုေခ်ာင္သုံးဓါးတစ္ေခ်ာင္းေတာ့ ေလ်ာ့ေနတယ္။ အဲဒီဓါးနဲ႕ပဲ အဖြားကုိပက္ခဲ႔တယ္ထင္တယ္”ဟု ဒုရဲအုပ္သိန္းေဇာ္သန္းက Tachileik News Agency သို႔ ေျပာသည္။

ေဒၚခင္ေထြး၏ တိုင္တန္းခ်က္အရ ဝမ္းတြင္းၿမိဳ႕မရဲစခန္းတြင္ အမွဳအမွတ္(ပ)၂၁၀/၂၀၁၆ျဖင့္ ညအခ်ိန္အိမ္အတြင္း ပုန္လ်ွိဳးဝင္ေရာက္ေသာျပစ္မွဳပုဒ္မ ၄၅၆ ႏွင့္ ခၽြန္ထက္ေသာလက္နက္ျဖင့္ သာမန္ဒဏ္ရာ႐ရွိေစေသာ ျပစ္မွဳ ပုဒ္မ ၃၂၄ တို႔ျဖင့္ အမွဳဖြင့္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း - ကိုလင္း

~~~~~~~~⊰❂ unicode ~~~~~~~~

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့ ပြည်သူ့ဆေးရုံအုပ်ကြီး၏ အိမ်တွင် ပုန်လျှိုးဝင်ရောက်နေသူက ဆရာဝန်၏ မိခင်အား ဓားဖြင့်ပက်သဖြင့် ရင်ညွန့်နှင့် မေးစေ့တို့တွင် ပြတ်ရှဒဏ်ရာများ ရရှိသွားကြောင်း သိရသည်။

" ဆေးရုံဝင်းဝန်ထမ်း အိမ်ယာဆိုတော့ ခြံခတ်ကာရံထားတာ မရှိဖူးပေါ့။ မီးဖိုနဲ့အိမ်သာကပ်လျှက်ရှိနေတာ။ ဆရာဝန်မကြီးအိမ်၊ မီးဖိုထဲရောက်နေသူက အိမ်သာကပြန်ထွက်တဲ့အဖွားနဲ့ ပက်ပင်းတိုးတော့ ကြောက်လန့်ပြီးဓားနဲ့ ပက်လိုက်တယ်ထင်တာပဲ”ဟု ဆယ်အိမ်မှူး ဦးတင်က ပြောသည်။

ဆေးရုံဝန်ထမ်းအိမ်ရာနေအိမ်၌ နိုဝင်ဘာလ (၉)ရက်နေ့ နံနက်(၂)နာရီတွင် ဆေးရုံအုပ်၏ မိခင်ဒေါ်ခင်ထွေးက အိမ်သာမှ အပြန်တွင် မီးဖိုခန်းတွင်း ရောက်နေသူက ဓားဖြင့်ပက်သဖြင့် ရင်ညွှန့်နှင့် မေးစေ့တို့တွင် ပြတ်ရှဒဏ်ရာများရရှိသွားခြင်းဖြစ်ကြောင်း သိရသည်။

“အိမ်သာရဲ့ အနောက်ဖက်မှာ ထမင်းစားထားတဲ့ ထမင်းဇလုံတခု တွေ့ရတယ်။ အဖွားက အသက်ကြီးပြီဆိုတော့ ဓားနဲ့ရန်လုပ်ထွက်ပြေးသူ လုံချည်အစိမ်းရောင်ဝတ်ထားပြီး ပိန်ပါးပါး၊ အရပ်မနိမ့်မမြင့်လောက်ပဲ ပြောနိုင်တယ်။ အဖွားလည်ပင်းကဆွဲထားတဲ့ ချည်ကြိုးတွဲထားတဲ့ ပယင်းဆွဲသီးလေးပြတ်သွားတယ်။ ယူမသွားပါဘူး။ အခြားပစ္စည်းတစုံတခုမှ မပျောက်ဘူး။ မီးဖိုချောင်သုံးဓားတစ်ချောင်းတော့ လျော့နေတယ်။ အဲဒီဓားနဲ့ပဲ အဖွားကိုပက်ခဲ့တယ်ထင်တယ်”ဟု ဒုရဲအုပ်သိန်းဇော်သန်းက Tachileik News Agency သို့ ပြောသည်။

ဒေါ်ခင်ထွေး၏ တိုင်တန်းချက်အရ ဝမ်းတွင်းမြို့မရဲစခန်းတွင် အမှုအမှတ်(ပ)၂၁၀/၂၀၁၆ဖြင့် ညအချိန်အိမ်အတွင်း ပုန်လျှိုးဝင်ရောက်သောပြစ်မှုပုဒ်မ ၄၅၆ နှင့် ချွန်ထက်သောလက်နက်ဖြင့် သာမန်ဒဏ်ရာရရှိစေသော ပြစ်မှု ပုဒ်မ ၃၂၄ တို့ဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - ကိုလင်း 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~