ကယားျပည္နယ္၏ အဓိကထြက္ကုန္ ေျပာင္းေစ်းကြက္ ခိုင္မာေရး အစိုးရကူညီမည္

ကယားျပည္နယ္၏ အဓိကထြက္ကုန္ ေျပာင္းေစ်းကြက္ ခိုင္မာေရး အစိုးရကူညီမည္
နိုဝင်ဘာ 4, 2016
By Tachileik News Agency

ႏိုင္ငံေတာ္သမၼတဦးထင္ေက်ာ္မွ ကယားျပည္နယ္၏ ေဒသဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားကို ၾကည့္ရႈစစ္ေဆးသည့္ ခရီးစဥ္အတြင္း ကယားျပည္နယ္၏ အဓိက ထုတ္ကုန္ေျပာင္းေစ်းကြက္ ခိုင္မာေရးကိစၥႏွင့္ ပတ္သက္၍ ေဒသခံေတာင္သူမ်ား၊ ကုန္သည္မ်ား၊ တာဝန္ရိွသူမ်ားႏွင့္ ေဆြးေႏြးေၾကာင္း သိရသည္။

လက္ရိွတြင္ ေျပာင္းေစ်းကြက္က်ဆင္းသျဖင့္ ကယားျပည္နယ္မွ ေျပာင္းစိုက္ေတာင္သူမ်ား အရံႈးေပၚေနၿပီး အခက္အခဲ ျဖစ္ေနသျဖင့္ ေျပာင္းေစ်းကြက္ တည္ၿငိမ္ေအာင္ ေဆာင္ရြက္ေပးရန္ လိြဳင္ေကာ္ၿမိဳ႕နယ္ လင္းဖံုးေလးေက်းရြာေန ေတာင္သူမ်ားက လိြဳင္ေကာ္ၿမိဳ႕သို႔ ႏိုဝင္ဘာလ (၃) ရက္ေန႔က ေရာက္ရိွလာသည့္ ႏုိင္ငံေတာ္သမၼတအား ေတြ႕ဆံုတင္ျပၾကျခင္း ျဖစ္သည္။

“ကၽြန္ေတာ္တုိ႔ ကယားျပည္နယ္မွာ ႏွစ္တုိင္းအေစ့ထုတ္ေျပာင္းေရာင္းရတာ တစ္ပိႆကို (၃၀၀) ေက်ာ္ေလာက္ရပါတယ္။ ဒီႏွစ္မွာေတာ့ ကုန္သည္ေတြက ဆီေစ်းတက္လို႔ကားခေစ်းတက္တယ္ဆိုၿပီး ေျပာင္းတစ္ပိႆကို (၂၅၀)ေလာက္နဲ႔ပဲဝယ္ပါတယ္။ ကၽြန္ေတာ္တို႔ ေျပာင္းစိုက္ေတာင္ယာေတြက ပံုစံ (၇) (လယ္ယာေျမလုပ္ကိုင္ခြင့္ျပဳလက္မွတ္) မရထားေတာ့ သမဝါယမက ေငြေခ်းယူလို႔မရပါဘူး။ ဒီေတာ့ အျပင္ကေန ေငြတိုးနဲ႔ေခ်းငွားၿပီး စိုက္ထားၾကရတာ အခုေတာ့ ေစ်းက်ၿပီးရံႈးလို႔ ေနာက္ႏွစ္စိုက္ပ်ိဳးဖို႔ေတာင္ အဆင္မေျပပါဘူး”ဟု လင္းဖံုးေလးေက်းရြာမွ ရာအိမ္မွဴးက ေတာင္သူမ်ားကိုယ္စား တင္ျပသည္။

လက္ရိွေတာင္သူမ်ား ႀကံဳေနရသည့္ အခက္အခဲအား ကုန္သည္မ်ားအေနျဖင့္ အက်ိဳးစီးပြား ဆက္စပ္ေနသူမ်ား ျဖစ္သျဖင့္ လ်စ္လ်ဴမရႈသင့္ေၾကာင္း သမၼတက တိုက္တြန္း ေျပာၾကားလုိက္သည္။

“ လုပ္ငန္းရွင္မ်ားအေနနဲ႔ ကိုယ့္အက်ိဳးအျမတ္တခုထဲမဟုတ္ဘဲ ေတာင္သူေတြဘက္ကိုလည္း ၾကည့္သင့္ပါတယ္။ ဒါက လုပ္ငန္းရွင္ေတြကို အခက္အခဲျဖစ္ေစေအာင္ လုပ္တာမဟုတ္ပါဘူး။ ဥပမာ ဝယ္လက္က ေစ်းႏွိမ္လိုက္တာနဲ႕ ေတာင္သူကိုေစ်းႏွိမ္ဝယ္တာမ်ိဳး လုပ္တာထက္ ေစ်းကြက္ကို ဘယ္လိုထိန္းၿပီးလုပ္ရင္ ကုန္သည္ေရာ ေတာင္သူေတြေရာ အဆင္ေျပမလဲဆိုတာမ်ိဳး စဥ္းစားသင့္ပါတယ္။ အစိုးရအေနနဲ႔လည္း ဒီကိစၥေတြနဲ႔ပတ္သက္လို႔ ကူးသန္းေရာင္းဝယ္ေရးဌာနအေနနဲ႕ ေဆြးေႏြးထားတာေတြ ရိွပါတယ္။ အေသးစိတ္ေဆြးေႏြးၿပီး ကူညီလုပ္ေဆာင္ေပးသြားပါမယ္”ဟု ႏုိင္ငံေတာ္သမၼတ ဦးထင္ေက်ာ္က ေျပာသည္။

ကယားျပည္နယ္၏ စိုက္ပ်ိဳးေရးထုတ္ကုန္၏ ၉၀ ရာခိုင္ႏႈန္းမွာ ေျပာင္းေစ့ျဖစ္ၿပီး စိုက္ဧကေပါင္း တစ္သိ္န္းခြဲေက်ာ္ရိွေၾကာင္း ျမန္မာႏုိင္ငံ ေျပာင္းစိုက္ပ်ိဳးထုတ္လုပ္ေရာင္းဝယ္သူမ်ားအသင္း၏ စာရင္းအရ သိရၿပီး လက္ရိွအေျခအေနႏွင့္ပတ္သက္၍ အသင္းအေနျဖင့္ ၾကားဝင္ေဆာင္ရြက္သြားရန္ စီစဥ္ေနေၾကာင္း သိရသည္။

“ေျပာင္းေစ်းကြက္တည္ၿငိမ္ဖို႔  အသင္းအေနနဲ႔ အႀကံေပးခ်င္တာကေတာ့ အေရာင္းအဝယ္ကို ဝယ္လက္နဲ႔ ေတာင္သူေတြအၾကား စာခ်ဳပ္စာတမ္းေတြနဲ႕ လုပ္ထားသင့္ပါတယ္။ ဒီအတြက္လည္း အသင္းအေနနဲ႔  ကူညီေပးသြားဖို႔ရိွပါတယ္။ ကၽြန္ေတာ္တို႔ အသင္းကို လာခ်ိတ္တဲ့ဝယ္လက္ေတြနဲ႔ mou ထိုးမယ္။ ဒီလို အေရာင္းအဝယ္ စာခ်ဳပ္ေတြ ခိုင္ခိုင္မာမာျဖစ္ဖို႔ သက္ဆိုင္ရာ ဝန္ႀကီးဌာနေတြက ပံ့ပိုးကူညီမႈရဖို႔ကိုလည္း အစိုးရဘက္ကလည္း လိုအပ္တဲ့ေထာက္ပံ့မႈလုပ္ေဆာင္ေပးမယ္လို႔ သမၼတက ေျပာပါတယ္”ဟု ျမန္မာႏုိင္ငံေျပာင္းစိုက္ပ်ိဳးထုတ္လုပ္ေရာင္းဝယ္သူမ်ားအသင္း အတြင္းေရးမႈး ဦးျမင့္ေမာင္က ေျပာသည္

ႏိုင္ငံေတာ္သမၼတသည္ ႏိုဝင္ဘာလ (၃) ရက္ေန႔ နံနက္ပိုင္းတြင္ လိြဳင္ေကာ္ၿမိဳ႕သို႔ေရာက္ရိွၿပီး ႏွစ္ရက္တာ ခရီးစဥ္အတြင္း ျပည္နယ္/ခရိုင္/ၿမိဳ႕နယ္ဌာနဆိုင္ရာမ်ား၊ လြိဳင္ေကာ္ၿမိဳ႕နယ္၊ လင္ဖံုးေလးေက်းရြာအုပ္စုရွိ ေတာင္သူလယ္သမားမ်ား၊ လုပ္ငန္းရွင္အဖြဲ႕မ်ားျဖင့္ ေတြ႔ဆံုမည္ျဖစ္ၿပီး ေလာပိတေရအား လွ်ပ္စစ္စက္ရံုမ်ား၊ ေဒသတြင္း ရိုးရာလုပ္ငန္းမ်ားအေျခအေနမ်ားအျပင္ မၾကာခင္က ဖြင့္လွစ္လိုက္သည့္ မယ္စဲ့ကုန္သြယ္ေရးစခန္းအားလည္း ၾကည့္ရႈစစ္ေဆးမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ဆန္းၿဖဳိးထြန္း


~~~~~~~~⊰❂ unicode ~~~~~~~~

နိုင်ငံတော်သမ္မတဦးထင်ကျော်မှ ကယားပြည်နယ်၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည့် ခရီးစဉ်အတွင်း ကယားပြည်နယ်၏ အဓိက ထုတ်ကုန်ပြောင်းဈေးကွက် ခိုင်မာရေးကိစ္စနှင့် ပတ်သက်၍ ဒေသခံတောင်သူများ၊ ကုန်သည်များ၊ တာဝန်ရှိသူများနှင့် ဆွေးနွေးကြောင်း သိရသည်။

လက်ရှိတွင် ပြောင်းဈေးကွက်ကျဆင်းသဖြင့် ကယားပြည်နယ်မှ ပြောင်းစိုက်တောင်သူများ အရှုံးပေါ်နပြေီး အခက်အခဲ ဖြစ်နေသဖြင့် ပြောင်းဈေးကွက် တည်ငြိမ်အောင် ဆောင်ရွက်ပေးရန် လွိုင်ကော်မြို့နယ် လင်းဖုံးလေးကျေးရွာနေ တောင်သူများက လွိုင်ကော်မြို့သို့ နိုဝင်ဘာလ (၃) ရက်နေ့က ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတအား တွေ့ဆုံတင်ပြကြခြင်း ဖြစ်သည်။

“ကျွန်တော်တို့ ကယားပြည်နယ်မှာ နှစ်တိုင်းအစေ့ထုတ်ပြောင်းရောင်းရတာ တစ်ပိဿကို (၃၀၀) ကျော်လောက်ရပါတယ်။ ဒီနှစ်မှာတော့ ကုန်သည်တွေက ဆီဈေးတက်လို့ကားခဈေးတက်တယ်ဆိုပြီး ပြောင်းတစ်ပိဿကို (၂၅၀)လောက်နဲ့ပဲဝယ်ပါတယ်။ ကျွန်တော်တို့ ပြောင်းစိုက်တောင်ယာတွေက ပုံစံ (၇) (လယ်ယာမြေလုပ်ကိုင်ခွင့်ပြုလက်မှတ်) မရထားတော့ သမဝါယမက ငွေချေးယူလို့မရပါဘူး။ ဒီတော့ အပြင်ကနေ ငွေတိုးနဲ့ချေးငှါးပြီး စိုက်ထားကြရတာ အခုတော့ ဈေးကျပြီးရှုံးလို့ နောက်နှစ်စိုက်ပျိုးဖို့တောင် အဆင်မပြေပါဘူး”ဟု လင်းဖုံးလေးကျေးရွာမှ ရာအိမ်မှူးက တောင်သူများကိုယ်စား တင်ပြသည်။

လက်ရှိတောင်သူများ ကြုံနေရသည့် အခက်အခဲအား ကုန်သည်များအနဖြေင့် အကျိုးစီးပွား ဆက်စပ်နေသူများ ဖြစ်သဖြင့် လျစ်လျူမရှုသင့်ကြောင်း သမ္မတက တိုက်တွန်း ပြောကြားလိုက်သည်။

“ လုပ်ငန်းရှင်များအနေနဲ့ ကိုယ့်အကျိုးအမြတ်တခုထဲမဟုတ်ဘဲ တောင်သူတွေဘက်ကိုလည်း ကြည့်သင့်ပါတယ်။ ဒါက လုပ်ငန်းရှင်တွေကို အခက်အခဲဖြစ်စေအောင် လုပ်တာမဟုတ်ပါဘူး။ ဥပမာ ဝယ်လက်က ဈေးနှိမ်လိုက်တာနဲ့ တောင်သူကိုဈေးနှိမ်ဝယ်တာမျိုး လုပ်တာထက် ဈေးကွက်ကို ဘယ်လိုထိန်းပြီးလုပ်ရင် ကုန်သည်ရော တောင်သူတွေရော အဆင်ပြေမလဲဆိုတာမျိုး စဉ်းစားသင့်ပါတယ်။ အစိုးရအနေနဲ့လည်း ဒီကိစ္စတွေနဲ့ပတ်သက်လို့ ကူးသန်းရောင်းဝယ်ရေးဌာနအနေနဲ့ ဆွေးနွေးထားတာတွေ ရှိပါတယ်။ အသေးစိတ်ဆွေးနွေးပြီး ကူညီလုပ်ဆောင်ပေးသွားပါမယ်”ဟု နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ပြောသည်။

ကယားပြည်နယ်၏ စိုက်ပျိုးရေးထုတ်ကုန်၏ ၉၀ ရာခိုင်နှုန်းမှာ ပြောင်းစေ့ဖြစ်ပြီး စိုက်ဧကပေါင်း တစ်သိ်န်းခွဲကျော်ရှိကြောင်း မြန်မာနိုင်ငံ ပြောင်းစိုက်ပျိုးထုတ်လုပ်ရောင်းဝယ်သူများအသင်း၏ စာရင်းအရ သိရပြီး လက်ရှိအခြေအနေနှင့်ပတ်သက်၍ အသင်းအနဖြေင့် ကြားဝင်ဆောင်ရွက်သွားရန် စီစဉ်နေကြောင်း သိရသည်။

“ပြောင်းဈေးကွက်တည်ငြိမ်ဖို့ အသင်းအနေနဲ့ အကြံပေးချင်တာကတော့ အရောင်းအဝယ်ကို ဝယ်လက်နဲ့ တောင်သူတွေအကြား စာချုပ်စာတမ်းတွေနဲ့ လုပ်ထားသင့်ပါတယ်။ ဒီအတွက်လည်း အသင်းအနေနဲ့ ကူညီပေးသွားဖို့ရှိပါတယ်။ ကျွန်တော်တို့ အသင်းကို လာချိတ်တဲ့ဝယ်လက်တွေနဲ့ mou ထိုးမယ်။ ဒီလို အရောင်းအဝယ် စာချုပ်တွေ ခိုင်ခိုင်မာမာဖြစ်ဖို့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက ပံ့ပိုးကူညီမှုရဖို့ကိုလည်း အစိုးရဘက်ကလည်း လိုအပ်တဲ့ထောက်ပံ့မှုလုပ်ဆောင်ပေးမယ်လို့ သမ္မတက ပြောပါတယ်”ဟု မြန်မာနိုင်ငံပြောင်းစိုက်ပျိုးထုတ်လုပ်ရောင်းဝယ်သူများအသင်း အတွင်းရေးမှုး ဦးမြင့်မောင်က ပြောသည်

နိုင်ငံတော်သမ္မတသည် နိုဝင်ဘာလ (၃) ရက်နေ့ နံနက်ပိုင်းတွင် လွိုင်ကော်မြို့သို့ရောက်ရှိပြီး နှစ်ရက်တာ ခရီးစဉ်အတွင်း ပြည်နယ်/ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ လွိုင်ကော်မြို့နယ်၊ လင်ဖုံးလေးကျေးရွာအုပ်စုရှိ တောင်သူလယ်သမားများ၊ လုပ်ငန်းရှင်အဖွဲ့များဖြင့် တွေ့ဆုံမည်ဖြစ်ပြီး လောပိတရေအား လျှပ်စစ်စက်ရုံများ၊ ဒေသတွင်း ရိုးရာလုပ်ငန်းများအခြေအနေများအပြင် မကြာခင်က ဖွင့်လှစ်လိုက်သည့် မယ်စဲ့ကုန်သွယ်ရေးစခန်းအားလည်း ကြည့်ရှုစစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~