တာခ်ီလိတ္ၿမိဳ႕ ဦးထြန္းေအာင္ဂိတ္ ျဖတ္သန္းခ ေကာက္ခံမႈ ေလ်ာ့ေပးရန္အတြက္ အခ်က္(၆)ခ်က္ျဖင့္ ေတာင္းဆို

တာခ်ီလိတ္ၿမိဳ႕ ဦးထြန္းေအာင္ဂိတ္ ျဖတ္သန္းခ ေကာက္ခံမႈ ေလ်ာ့ေပးရန္အတြက္ အခ်က္(၆)ခ်က္ျဖင့္ ေတာင္းဆို
နိုဝင်ဘာ 4, 2016
By Tachileik News Agency

တာခ်ီလိတ္ - မိုင္းဖုန္းအုပ္စုသြားလမ္းေပၚတြင္ ျဖတ္သန္းခေကာက္ခံေနသည့္ စက္မႈဇုန္ ၀မ္ပံုျဖတ္လမ္း (ဦးထြန္းေအာင္)ဂိတ္သည္ ယာဥ္သြား၊ ယာဥ္လာမ်ားအေပၚ ေကာက္ခံမႈမ်ားေန၍ ေကာက္ခံႏႈန္း ေလ်ာ့ခ်ေပးရန္ ေဒသခံ တိုင္းရင္းသားျပည္သူ (၅၀၀)၀န္းက်င္မွ  ယေန႔ ႏို၀င္ဘာလ(၄)ရက္ေန႔ နံနက္ပိုင္းတြင္ စက္မႈဇုန္လမ္းတြင္ ဆႏၵထုတ္ေဖာ္ေနခဲ့ၾကသည္။

ဆႏၵထုတ္ေဖာ္ရာတြင္ "ေက်ာင္းသား/ေက်ာင္းသူယာဥ္မ်ားအား လမ္းျဖတ္သန္းခ မေကာက္ခံေရး"၊ "ေက်ာင္းႀကိဳ/ေက်ာင္းပို႔ ယာဥ္မ်ားအား လမ္းျဖတ္သန္းခ မေကာက္ခံေရး"၊ "လယ္ယာအသြား/အျပန္ ေတာင္သူမ်ားအား လမ္းျဖတ္သန္းခ မေကာက္ခံေရး"၊ "ဆိုင္ကယ္(၁)စီး (၅)ဘတ္ႏႈန္းသာ ေကာက္ခံေရး"၊ "ယာဥ္ငယ္(၁)စီး (၂၀)ဘတ္ႏႈန္းသာ ေကာက္ခံေရး" ႏွင့္ "ယာဥ္ႀကီး(၁)စီး (၄၀)ဘတ္ႏႈန္းသာ ေကာက္ခံေရး" စသည့္ အခ်က္(၆)ခ်က္ကို ေၾကြးေၾကာ္ခဲ့ၾကသည္။

ဓာတ္ပံု - #ေဇာင္းညီ


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ် - မိုင်းဖုန်းအုပ်စုသွားလမ်းပေါ်တွင် ဖြတ်သန်းခကောက်ခံနေသည့် စက်မှုဇုန် ဝမ်ပုံဖြတ်လမ်း (ဦးထွန်းအောင်)ဂိတ်သည် ယာဉ်သွား၊ ယာဉ်လာများအပေါ် ကောက်ခံမှုများနေ၍ ကောက်ခံနှုန်း လျော့ချပေးရန် ဒေသခံ တိုင်းရင်းသားပြည်သူ (၅၀၀)ဝန်းကျင်မှ ယနေ့ နိုဝင်ဘာလ(၄)ရက်နေ့ နံနက်ပိုင်းတွင် စက်မှုဇုန်လမ်းတွင် ဆန္ဒထုတ်ဖော်နေခဲ့ကြသည်။

ဆန္ဒထုတ်ဖော်ရာတွင် "ကျောင်းသား/ကျောင်းသူယာဉ်များအား လမ်းဖြတ်သန်းခ မကောက်ခံရေး"၊ "ကျောင်းကြို/ကျောင်းပို့ ယာဉ်များအား လမ်းဖြတ်သန်းခ မကောက်ခံရေး"၊ "လယ်ယာအသွား/အပြန် တောင်သူများအား လမ်းဖြတ်သန်းခ မကောက်ခံရေး"၊ "ဆိုင်ကယ်(၁)စီး (၅)ဘတ်နှုန်းသာ ကောက်ခံရေး"၊ "ယာဉ်ငယ်(၁)စီး (၂၀)ဘတ်နှုန်းသာ ကောက်ခံရေး" နှင့် "ယာဉ်ကြီး(၁)စီး (၄၀)ဘတ်နှုန်းသာ ကောက်ခံရေး" စသည့် အချက်(၆)ချက်ကို ကြွေးကြော်ခဲ့ကြသည်။

ဓာတ်ပုံ - #ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~