လြတ္ဘူရီခရိုင္ ၾကက္ၿခံလုပ္သားမ်ား၏ နစ္နာေၾကးကိစၥ ထပ္မံေတြ႕ဆံုညိႇႏိႈင္းမည္

လြတ္ဘူရီခရိုင္ ၾကက္ၿခံလုပ္သားမ်ား၏ နစ္နာေၾကးကိစၥ ထပ္မံေတြ႕ဆံုညိႇႏိႈင္းမည္
နိုဝင်ဘာ 8, 2016
By Tachileik News Agency

ထိုင္းႏိုင္ငံ၊ လြတ္ဘူရီခရိုင္မွ အလုပ္သမား အခြင့္အေရးခ်ိဳးေဖာက္ခံရသည့္ ၾကက္ေမြးျမဴေရးျခံမွ အလုပ္သမား (၁၄)ေယာက္က တရားရံုးေတာ္မွ တစ္ဆင့္ ျခံပိုင္ရွင္ထံ နစ္နာေၾကးေငြ ေတာင္းခံထားသည့္ ကိစၥအား ႏို၀င္ဘာ(၂၈)ရက္ေန႔တြင္ ထပ္မံေတြ႕ဆံုညႇိႏွိဳင္းရန္ ျပင္ဆင္လွ်က္ရွိေၾကာင္း သိရသည္။

"နစ္နာေၾကးကို အလုပ္ရွင္က ဘတ္(၁.၇)သန္းေပးဖို႔ တရားရံုးကခ်မွတ္တယ္။ ဒီအေပၚမွာ အလုပ္သမားေတြက မေက်နပ္လို႔ ထပ္တိုး ေတာင္းထားတယ္။ ထပ္တိုးေတာင္းတဲ့အေပၚမွာ အလုပ္ရွင္ဘက္က တစ္ရက္ အလုပ္ခ်ိန္ နာရီ(၂၀)ခိုင္းေစတယ္ဆိုတာနဲ႔ စာရြက္စာတမ္း သိမ္းထားတယ္ဆိုတာကို ပယ္ဖ်က္ဖို႔ေတာင္းဆိုေတာ့ ေဆြးေႏြးပြဲက ပ်က္သြားတယ္။ ဒါေၾကာင့္ လာမယ့္ (၂၈)ရက္ေန႔ ထပ္ေတြ႕ဖို႔ တရားရံုးက အမိန္႔ခ်ထားတာပါ"ဟု ေရႊ႕ေျပာင္းအလုပ္သမားမ်ား အခြင့္အေရးကြန္ရက္မွ ဒါရိုက္တာ ဦးေအာင္ေက်ာ္က Tachileik News Agency သို႔ ေျပာသည္။

ၾကက္ျခံအလုပ္သမားမ်ားမွာ ေန႔စဥ္အလုပ္ခ်ိန္ နာရီ(၂၀)ႏွင့္ ပိတ္ရက္မရွိ လုပ္ကိုင္ေနရၿပီး အလုပ္သမားကတ္ အပါအ၀င္ စာရြက္စာတမ္းမ်ား သိမ္းဆည္းခံထားရျခင္း၊ လုပ္ခလစာအျပည့္အ၀ မရရွိျခင္းတို႔အား ေရႊ႕ေျပာင္း အလုပ္သမားမ်ား အခြင့္အေရးကြန္ရက္သို႔ တိုင္ၾကားခဲ့သျဖင့္ ကြန္ရက္မွတစ္ဆင့္ အလုပ္သမား၀န္ႀကီးဌာန အပါအ၀င္ တရားရံုးသို႔ ေနာက္ေၾကာင္းျပန္ နစ္နာေၾကးႏွင့္ ေလ်ာ္ေၾကး စုစုေပါင္း ဘတ္(၄၄) သန္းရလိုမႈျဖင့္ တရားစြဲဆိုထားျခင္းျဖစ္ေၾကာင္း သိရသည္။

ၾကက္ျခံအလုပ္သမားမ်ားက ထိုင္းအစိုးရမွ သတ္မွတ္ထားသည့္ ေန႔စားခဘတ္(၃၀၀)ရရွိျခင္းမရွိဘဲ တစ္ရက္လွ်င္ ဘတ္(၂၃၀)သာရရွိၿပီး အလုပ္သမား အခြင့္အေရးခ်ိဳး ေဖာက္ခံေနရသည္မွာ (၅)ႏွစ္ေက်ာ္ရွိၿပီ ျဖစ္ေၾကာင္း သိရသည္။

အလုပ္သမား(၁၄)ဦးအနက္ (၂)ဦးမွာ လုပ္သက္(၅)ႏွစ္ႏွင့္အထက္ က်န္သူမ်ားမွာ (၃)ႏွစ္ႏွင့္အထက္ ရွိသူမ်ား ျဖစ္ေၾကာင္း အလုပ္သမားမ်ား အေနျဖင့္ ေလ်ာ္ေၾကးေငြ ထိုင္းဘတ္(၄)သန္းအား ေနာက္ဆံုးထား၍ ညႇိႏွိဳင္းသြားရန္ ျပင္ဆင္ေနေၾကာင္း သိရသည္။

"ကၽြန္ေတာ္တို႔က ၾကက္ျခံမွာ လုပ္တာေတာ့မဟုတ္ဘူး။ ၾကက္သားရံုမွာလုပ္တာ လုပ္ခတစ္ရက္(၃၀၀)ေတာ့ ေပးတယ္။ ဒါေပမဲ့ လကုန္ရင္ အေဆာင္ခ၊ ေရဖိုး၊ မီးဖိုး ဟိုေၾကး ဒီေၾကးျပန္ျဖတ္တာ လစာ တစ္၀က္နီးနီးေလာက္ရွိတယ္။ အလုပ္လုပ္ခ်ိန္ကေတာ့ မနက္(၇)နာရီ၀င္ရင္ ည(၇)နာရီျပန္ထြက္ရတယ္။ ဒါေပမဲ့ OT လို႔ေျပာၿပီး အလုပ္ျပန္၀င္ရတယ္။ မ၀င္လို႔မရဘူး။ တစ္ရက္ကို အလုပ္ခ်ိန္(၁၅)နာရီေလာက္ေတာ့ရွိမယ္"ဟု ဘန္ေကာက္ၿမိဳ႕ေတာ္အနီး အလုပ္လုပ္ကိုင္သူ ၾကက္ျခံအလုပ္သမား ကို၀င္းႏိုင္က ေျပာသည္။

ထိုင္းႏိုင္ငံအတြင္း ၾကက္ျခံလုပ္သမားမ်ားမွာ လူဦးေရ(၃)သိန္းေက်ာ္ရွိမည္ဟု ေရႊ႕ေျပာင္း အလုပ္သမားမ်ား အခြင့္အေရးကြန္ရက္၏ စာရင္းမ်ားအရ သိရသည္။

သတင္း - ကိုဇက္


~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံ၊ လွတ်ဘူရီခရိုင်မှ အလုပ်သမား အခွင့်အရေးချိုးဖောက်ခံရသည့် ကြက်မွေးမြူရေးခြံမှ အလုပ်သမား (၁၄)ယောက်က တရားရုံးတော်မှ တစ်ဆင့် ခြံပိုင်ရှင်ထံ နစ်နာကြေးငွေ တောင်းခံထားသည့် ကိစ္စအား နိုဝင်ဘာ(၂၈)ရက်နေ့တွင် ထပ်မံတွေ့ဆုံညှိနှိုင်းရန် ပြင်ဆင်လျှက်ရှိကြောင်း သိရသည်။

"နစ်နာကြေးကို အလုပ်ရှင်က ဘတ်(၁.၇)သန်းပေးဖို့ တရားရုံးကချမှတ်တယ်။ ဒီအပေါ်မှာ အလုပ်သမားတွေက မကျေနပ်လို့ ထပ်တိုး တောင်းထားတယ်။ ထပ်တိုးတောင်းတဲ့အပေါ်မှာ အလုပ်ရှင်ဘက်က တစ်ရက် အလုပ်ချိန် နာရီ(၂၀)ခိုင်းစေတယ်ဆိုတာနဲ့ စာရွက်စာတမ်း သိမ်းထားတယ်ဆိုတာကို ပယ်ဖျက်ဖို့တောင်းဆိုတော့ ဆွေးနွေးပွဲက ပျက်သွားတယ်။ ဒါကြောင့် လာမယ့် (၂၈)ရက်နေ့ ထပ်တွေ့ဖို့ တရားရုံးက အမိန့်ချထားတာပါ"ဟု ရွှေ့ပြောင်းအလုပ်သမားများ အခွင့်အရေးကွန်ရက်မှ ဒါရိုက်တာ ဦးအောင်ကျော်က Tachileik News Agency သို့ ပြောသည်။

ကြက်ခြံအလုပ်သမားများမှာ နေ့စဉ်အလုပ်ချိန် နာရီ(၂၀)နှင့် ပိတ်ရက်မရှိ လုပ်ကိုင်နေရပြီး အလုပ်သမားကတ် အပါအဝင် စာရွက်စာတမ်းများ သိမ်းဆည်းခံထားရခြင်း၊ လုပ်ခလစာအပြည့်အဝ မရရှိခြင်းတို့အား ရွှေ့ပြောင်း အလုပ်သမားများ အခွင့်အရေးကွန်ရက်သို့ တိုင်ကြားခဲ့သဖြင့် ကွန်ရက်မှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာန အပါအဝင် တရားရုံးသို့ နောက်ကြောင်းပြန် နစ်နာကြေးနှင့် လျော်ကြေး စုစုပေါင်း ဘတ်(၄၄) သန်းရလိုမှုဖြင့် တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။

ကြက်ခြံအလုပ်သမားများက ထိုင်းအစိုးရမှ သတ်မှတ်ထားသည့် နေ့စားခဘတ်(၃၀၀)ရရှိခြင်းမရှိဘဲ တစ်ရက်လျှင် ဘတ်(၂၃၀)သာရရှိပြီး အလုပ်သမား အခွင့်အရေးချိုး ဖောက်ခံနေရသည်မှာ (၅)နှစ်ကျော်ရှိပြီ ဖြစ်ကြောင်း သိရသည်။

အလုပ်သမား(၁၄)ဦးအနက် (၂)ဦးမှာ လုပ်သက်(၅)နှစ်နှင့်အထက် ကျန်သူများမှာ (၃)နှစ်နှင့်အထက် ရှိသူများ ဖြစ်ကြောင်း အလုပ်သမားများ အနဖြေင့် လျော်ကြေးငွေ ထိုင်းဘတ်(၄)သန်းအား နောက်ဆုံးထား၍ ညှိနှိုင်းသွားရန် ပြင်ဆင်နေကြောင်း သိရသည်။

"ကျွန်တော်တို့က ကြက်ခြံမှာ လုပ်တာတော့မဟုတ်ဘူး။ ကြက်သားရုံမှာလုပ်တာ လုပ်ခတစ်ရက်(၃၀၀)တော့ ပေးတယ်။ ဒါပေမဲ့ လကုန်ရင် အဆောင်ခ၊ ရေဖိုး၊ မီးဖိုး ဟိုကြေး ဒီကြေးပြန်ဖြတ်တာ လစာ တစ်ဝက်နီးနီးလောက်ရှိတယ်။ အလုပ်လုပ်ချိန်ကတော့ မနက်(၇)နာရီဝင်ရင် ည(၇)နာရီပြန်ထွက်ရတယ်။ ဒါပေမဲ့ OT လို့ပြောပြီး အလုပ်ပြန်ဝင်ရတယ်။ မဝင်လို့မရဘူး။ တစ်ရက်ကို အလုပ်ချိန်(၁၅)နာရီလောက်တော့ရှိမယ်"ဟု ဘန်ကောက်မြို့တော်အနီး အလုပ်လုပ်ကိုင်သူ ကြက်ခြံအလုပ်သမား ကိုဝင်းနိုင်က ပြောသည်။

ထိုင်းနိုင်ငံအတွင်း ကြက်ခြံလုပ်သမားများမှာ လူဦးရေ(၃)သိန်းကျော်ရှိမည်ဟု ရွှေ့ပြောင်း အလုပ်သမားများ အခွင့်အရေးကွန်ရက်၏ စာရင်းများအရ သိရသည်။

သတင်း - ကိုဇက်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~