မြိတ်မြို့၌ စိတ်ရောဂါသည်များ များလာနေ၍ စင်တာတစ်ခု လိုအပ်နေ
မြိတ်မြို့၌ စိတ်ရောဂါသည်များ များလာနေ၍ စင်တာတစ်ခု လိုအပ်နေ
နိုဝငျဘာ 8, 2016
By Tachileik News Agency
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်တွင် စိတ်ဝေဒနာရှင်ဦးရေ တဖြည်းဖြည်း တွေ့ရှိရမှုများလာပြီး ရာဂဏန်းအထိ တိုးလာသဖြင့် ထိန်းသိမ်းရေးနှင့် ဆေးဝါးကုသရေးစင်တာတစ်ခု လုပ်ဆောင်ပေးရန် လိုအပ်နေသည်ဟု မြိတ်မြို့ခံများနှင့် ရပ်မိရပ်ဖများက ဆိုသည်။
မြိတ်မြို့နယ်တွင် လွန်ခဲ့သည့် (၂) နှစ်ဝန်းကျင်က မြို့ပေါ်ရပ်ကွက်အချို့မှာ စိတ်ဝေဒနာရှင်ဦးရေ (၁၀) ဂဏန်းခန့်သာ ရှိခဲ့ရာမှ လက်ရှိတွင် (၁၀၀)နီးပါးအထိ ရှိနေသည်ဟု ရပ်/ကျေးအုပ်ချုပ်ရေးမှူးများထံမှ သိရသည်။
“လွန်ခဲ့တဲ့ နှစ်တွေက မြိတ်မြို့မှာ စိတ်ဝေဒနာရှင်တွေ သိပ်မများပါဘူး။ အခုက ဘယ်ကမှန်းမသိတဲ့ စိတ်ဝေဒနာရှင်တွေနဲ့ လေလွင့် စိတ်ဝေဒနာရှင်တွေ တော်တော်များများကို တွေ့လာနေရတယ်”ဟု မြိတ်မြို့ခံ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။
မြိတ်မြို့တွင်တွေ့ရှိရသည့် စိတ်ဝေဒနာရှင်အများစုမှာ မူးယစ်ဆေးဝါး သုံးစွဲထားခြင်းနှင့် အရက်သေစာ သောက်ထားမှုကြောင့် ဖြစ်ပွားသူများဖြစ်သည်ဟု စိတ်ကျန်းမာရေး ဆရာဝန်တစ်ဦးက မှတ်ချက်ပြုသည်။
မြိတ်မြို့တွင် တွေ့ရှိသည့် စိတ်ဝေဒနာရှင် (၁၀၀) နီးပါးကို ထိန်းသိမ်းရေးနှင့် ဆေးဝါးကုသရေး စင်တာတစ်ခုကို ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် စေတနာရှင်များ၊ အစိုးရတို့ ပူးပေါင်း၍ လုပ်ဆောင်သင့်သည်ဟု မြို့ခံများက ဆိုသည်။
မြိတ်မြို့တွင် မြိတ်တောင်နယ်မြေတွင် လွန်ခဲ့သည့် (၃) နှစ်ဝန်းကျင်က စိတ်ဝေဒနာရှင်တစ်ဦး စိတ်ဖောက်ပြန်ပြီး ကျောင်းသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို ပုဆိန်ဖြင့် ခုတ်မှုတစ်ခုဖြစ်ပွားခဲ့ဖူးကြောင်း မြိတ်မြို့ခံများထံမှ သိရသည်။
သတင်း - ဇော်ဇော်(မြိတ်)
~~~~~~~~⊰❂ unicode ~~~~~~~~
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်တွင် စိတေ်ဝဒနာရှင်ဦးရေ တဖြည်းဖြည်း တွေ့ရှိရမှုများလာပြီး ရာဂဏန်းအထိ တိုးလာသဖြင့် ထိန်းသိမ်းရေးနှင့် ဆေးဝါးကုသရေးစင်တာတစ်ခု လုပ်ဆောင်ပေးရန် လိုအပ်နေသည်ဟု မြိတ်မြို့ခံများနှင့် ရပ်မိရပ်ဖများက ဆိုသည်။
မြိတ်မြို့နယ်တွင် လွန်ခဲ့သည့် (၂) နှစ်ဝန်းကျင်က မြို့ပေါ်ရပ်ကွက်အချို့မှာ စိတေ်ဝဒနာရှင်ဦးရေ (၁၀) ဂဏန်းခန့်သာ ရှိခဲ့ရာမှ လက်ရှိတွင် (၁၀၀)နီးပါးအထိ ရှိနေသည်ဟု ရပ်/ကျေးအုပ်ချုပ်ရေးမှူးများထံမှ သိရသည်။
“လွန်ခဲ့တဲ့ နှစ်တွေက မြိတ်မြို့မှာ စိတေ်ဝဒနာရှင်တွေ သိပ်မများပါဘူး။ အခုက ဘယ်ကမှန်းမသိတဲ့ စိတေ်ဝဒနာရှင်တွေနဲ့ လေလွင့် စိတေ်ဝဒနာရှင်တွေ တော်တော်များများကို တွေ့လာနေရတယ်”ဟု မြိတ်မြို့ခံ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။
မြိတ်မြို့တွင်တွေ့ရှိရသည့် စိတေ်ဝဒနာရှင်အများစုမှာ မူးယစ်ဆေးဝါး သုံးစွဲထားခြင်းနှင့် အရက်သေစာ သောက်ထားမှုကြောင့် ဖြစ်ပွားသူများဖြစ်သည်ဟု စိတ်ကျန်းမာရေး ဆရာဝန်တစ်ဦးက မှတ်ချက်ပြုသည်။
“အရင်က မြိတ်မြို့မှာတွေ့ရတဲ့ စိတေ်ဝဒနာရှင်နဲ့ အခုတွေ့ရတဲ့ စိတေ်ဝဒနာရှင်တွေ သိပ်တော့မတူဘူး။ လက်ရှိတွေ့ရတဲ့ စိတေ်ဝဒနာရှင်တွေက စိတ်ဖောက်ပြန်တာ နည်းနည်းကြမ်းတယ်။ လမ်းပေါ်က လူတွေကို လိုက်ဆွဲတာ။ ကား၊ ဆိုင်ကယ်တွေကို ခဲနဲ့ လိုက်ပေါက်တာတွေရှိနေပါတယ်။ တချို့ဆိုရင် အုပ်ထိန်းသူတွေက အိမ်ထဲမှာ သံကြိုးနဲ့တုပ်ထားရတဲ့သူတွေတောင်ရှိတယ်”ဟု မြိတ်မြို့ပေါ်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးက ပြောသည်။
မြိတ်မြို့တွင် တွေ့ရှိသည့် စိတေ်ဝဒနာရှင် (၁၀၀) နီးပါးကို ထိန်းသိမ်းရေးနှင့် ဆေးဝါးကုသရေး စင်တာတစ်ခုကို ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် စေတနာရှင်များ၊ အစိုးရတို့ ပူးပေါင်း၍ လုပ်ဆောင်သင့်သည်ဟု မြို့ခံများက ဆိုသည်။
“ဒီလို လမ်းပေါ်နှင့်ရပ်ကွက်တွေထဲမှာတွေ့ရတဲ့ လေလွင့် စိတေ်ဝဒနာရှင်တွေကို ယခင်ကထက် များလာနေ တာကြောင့် ထိန်းသိမ်းဖို့နဲ့ေဝဒနာရှင်တွေကို အစိုးရဖက်ကရော ဒေသမှာရှိတဲ့ အလှူရှင်တွေနဲ့ပါ ပူးပေါင်းပြီးတော့ ဆေးဝါးကုသပေးဖို့တော့ လိုအပ်နေပါပြီ။ ဒါမှမဟုတ်ရင် ဒီအတိုင်း လွှတ်ထားရင် လမ်းပေါ်မှာ ယာဉ်တိုက်မှုတွေပါ ဖြစ်လာနိုင်တယ်”ဟု ရပ်မိရပ်ဖတစ်ဦးက ပြောသည်။
မြိတ်မြို့တွင် မြိတ်တောင်နယ်မြေတွင် လွန်ခဲ့သည့် (၃) နှစ်ဝန်းကျင်က စိတေ်ဝဒနာရှင်တစ်ဦး စိတ်ဖောက်ပြန်ပြီး ကျောင်းသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို ပုဆိန်ဖြင့် ခုတ်မှုတစ်ခုဖြစ်ပွားခဲ့ဖူးကြောင်း မြိတ်မြို့ခံများထံမှ သိရသည်။
သတင်း - ဇော်ဇော်(မြိတ်)
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~