မယ္ဆိုင္ၿမိဳ႕မွ လုပ္အားခမရသည့္ ျမန္မာလုပ္သားမ်ားအေရး TBC ႏွင့္ CNCMC ပူးေပါင္း၍ ညိႇႏိႈင္းေပးေန

မယ္ဆိုင္ၿမိဳ႕မွ လုပ္အားခမရသည့္ ျမန္မာလုပ္သားမ်ားအေရး TBC ႏွင့္ CNCMC ပူးေပါင္း၍ ညိႇႏိႈင္းေပးေန
နိုဝင်ဘာ 17, 2016
By Tachileik News Agency

ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕ ၀ိန္းဖန္းခမ္းရပ္ကြက္ရွိ  Like Condo Construction ေဆာက္လုပ္ေရးလုပ္ငန္းမွ လုပ္အားခ မရသည့္ ျမန္မာလုပ္သား (၂၈)ဦး၏ လုပ္အားခမ်ားရရွိေရးအတြက္ TBC ႏွင့္ CNCMC တို႔ ပူးေပါင္း ညႇိႏႈိင္းေပးေနေၾကာင္း သိရသည္။

"အလုပ္ရွင္ဘက္က လုပ္အားခေတြေပးဖို႔ဆိုတာေတာ့ ၀န္ခံတယ္။ အခုလို လုပ္အားခမေပးႏိုင္တာနဲ႔ ပတ္သက္ၿပီး သူ႔ကိုလည္း သူမ်ားကလိမ္သြားလို႔ ေငြမရွိေသးတဲ့အတြက္ မေျပလည္ေသးလို႔ ခဏဆိုင္းေပးပါဆိုၿပီး ေျပာတယ္။ ဘယ္ေန႔ထိ ေစာင့္ေပးပါဆိုတဲ့ ရက္ခ်ိန္းမေျပာဘူး အဲ့ဒါေၾကာင့္ (၅)လပိုင္းက ျဖစ္တဲ့ျပႆနာက အခုမွ ေျဖရွင္းၾကတာပါ"ဟု CNCMC ေကာ္မတီမွ ဦးထြန္း(မယ္ဆိုင္)က ေျပာသည္။

အဆိုပါ ေဆာက္လုပ္ေရးလုပ္ငန္းမွ ျမန္မာလုပ္သား (၂၈)ဦးအတြက္ လုပ္အားခတစ္လစာ ထုတ္ေပးရန္ ပ်က္ကြက္ခ့ဲသည့္ ကိစၥအား ထိုင္း - ျမန္မာ နယ္ျခားေကာ္မတီ(TBC) ထိုင္းဘက္မွ ဗိုလ္မွဴးႀကီး ထံုခ်ဳိင္းမီအနန္း ဦးစီး၍ အလုပ္သမားကူညီေစာင့္ေရွာက္ေရးအဖြဲ႔ ႏွင့္ ထိုင္းႏိုင္ငံမွတာ၀န္ရွိသူမ်ား၊ ျမန္မာႏိုင္ငံ၊ တာခ်ီလိတ္မွ TBC ႏွင့္ ထိုင္းႏိုင္ငံမယ္ဆိုင္ၿမိဳ႕ေရာက္ျမန္မာႏိုင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏႈိင္းေရးေကာ္မတီ (CNCMC)တို႔ ပူးေပါင္း၍ ႏို၀င္ဘာလ (၁၆)ရက္ေန႔ ေန႔လည္(၁)နာရီတြင္ ထိုင္းႏိုင္ငံ မယ္ဆိုင္ဆိုင္ၿမိဳ႕ရွိ TBC ရံုးတြင္ လုပ္ငန္းရွင္တို႔ႏွင့္ ေတြ႕ဆံုကာ ညႇိႏႈိင္းေဆြးေႏြးၾကျခင္း ျဖစ္သည္။

"(၅)လပိုင္းကတည္းက လုပ္အားခမရတာပါ။ ကြ်န္ေတာ္တို႔လည္း ရႏိုးရႏိုးနဲ႔ ေစာင့္လာတာ မရလို႔ အကူညီေပးႏိုင္မယ့္သူေတြကို အခုမွ အကူညီေတာင္းျဖစ္တာ"ဟု လုပ္အားခ မရေသးသည့္ ျမန္မာလုပ္သားတစ္ဦးက ဆိုသည္။

၂၀၁၆ ခုႏွစ္ ေမလ(၁၅)ရက္ေန႔မွ ဇြန္လ(၁၅)ရက္ေန႔ထိ လုပ္အားခတစ္လစာအား မရရွိေသး၍ အဆိုပါ လုပ္သားမ်ားက ျမန္မာ - ထိုင္း နယ္ျခားေကာ္မတီ(TB) ႏွင့္ ထိုင္းႏိုင္ငံမယ္ဆိုင္ၿမိဳ႕ေရာက္ ျမန္မာႏိုင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ေစ့စပ္ညႇိႏႈိင္းေရးေကာ္မတီ(CNCMC)သို႔ တိုင္ၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

"ဒီလ (၂၅)ရက္ေန႔ ထပ္ေတြ႕ၿပီးေတာ့ ညႇိႏႈိင္းေဆြးေႏြးဖို႔ရွိပါတယ္။ သူ႔(အလုပ္ရွင္)မွာရွိတဲ့ စာရင္းနဲ႔ အလုပ္သမားေတြရဲ႕စာရင္းတိုက္ၿပီး စစ္ၿပီးေတာ့ ညႇိႏႈိင္းမယ္ေျပာတယ္။ တခါထဲ ရွင္းေပးမလား ခြဲၿပီးရွင္းမလား ဆိုတာေတာ့ မေျပာတတ္ေသးဘူး။ ရွင္းေပးဖို႔ကေတာ့ ဘတ္(၃)သိန္းေလာက္ရွိမယ္ထင္တယ္။ ကြ်န္ေတာ္တို႔လည္း ေသခ်ာမတြက္ၾကည့္ရေသးဘူး"ဟု CNCMC ေကာ္မတီမွ ဦးထြန္း(မယ္ဆိုင္)က ေျပာသည္။

ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕တြင္ တာခ်ီလိတ္ၿမိဳ႕မွ သြားေရာက္၍ေသာ္လည္းေကာင္း၊ မယ္ဆိုင္တြင္ ေနထိုင္၍ ေသာ္လည္းေကာင္း အလုပ္လုပ္ေနသည့္ ျမန္မာႏိုင္ငံသားမ်ားအေနျဖင့္ လုပ္အားခ ပံုမွန္မရရွိေသာ ျဖစ္စဥ္မ်ား  မၾကာခဏၾကံဳေတြ႕ရေလ့ရွိေၾကာင္း CNCMC ေကာ္မတီမွ သိရသည္။

ဓာတ္ပံု - CNCMC

~~~~~~~~⊰❂ unicode ~~~~~~~~
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ ဝိန်းဖန်းခမ်းရပ်ကွက်ရှိ Like Condo Construction ဆောက်လုပ်ရေးလုပ်ငန်းမှ လုပ်အားခ မရသည့် မြန်မာလုပ်သား (၂၈)ဦး၏ လုပ်အားခများရရှိရေးအတွက် TBC နှင့် CNCMC တို့ ပူးပေါင်း ညှိနှိုင်းပေးနေကြောင်း သိရသည်။

"အလုပ်ရှင်ဘက်က လုပ်အားခတွေပေးဖို့ဆိုတာတော့ ဝန်ခံတယ်။ အခုလို လုပ်အားခမပေးနိုင်တာနဲ့ ပတ်သက်ပြီး သူ့ကိုလည်း သူများကလိမ်သွားလို့ ငွေမရှိသေးတဲ့အတွက် မပြေလည်သေးလို့ ခဏဆိုင်းပေးပါဆိုပြီး ပြောတယ်။ ဘယ်နေ့ထိ စောင့်ပေးပါဆိုတဲ့ ရက်ချိန်းမပြောဘူး အဲ့ဒါကြောင့် (၅)လပိုင်းက ဖြစ်တဲ့ပြဿနာက အခုမှ ဖြေရှင်းကြတာပါ"ဟု CNCMC ကော်မတီမှ ဦးထွန်း(မယ်ဆိုင်)က ပြောသည်။

အဆိုပါ ဆောက်လုပ်ရေးလုပ်ငန်းမှ မြန်မာလုပ်သား (၂၈)ဦးအတွက် လုပ်အားခတစ်လစာ ထုတ်ပေးရန် ပျက်ကွက်ခဲ့သည့် ကိစ္စအား ထိုင်း - မြန်မာ နယ်ခြားကော်မတီ(TBC) ထိုင်းဘက်မှ ဗိုလ်မှူးကြီး ထုံချိုင်းမီအနန်း ဦးစီး၍ အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ နှင့် ထိုင်းနိုင်ငံမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ၊ တာချီလိတ်မှ TBC နှင့် ထိုင်းနိုင်ငံမယ်ဆိုင်မြို့ရောက်မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (CNCMC)တို့ ပူးပေါင်း၍ နိုဝင်ဘာလ (၁၆)ရက်နေ့ နေ့လည်(၁)နာရီတွင် ထိုင်းနိုင်ငံ မယ်ဆိုင်ဆိုင်မြို့ရှိ TBC ရုံးတွင် လုပ်ငန်းရှင်တို့နှင့် တွေ့ဆုံကာ ညှိနှိုင်းဆွေးနွေးကြခြင်း ဖြစ်သည်။

"(၅)လပိုင်းကတည်းက လုပ်အားခမရတာပါ။ ကျွန်တော်တို့လည်း ရနိုးရနိုးနဲ့ စောင့်လာတာ မရလို့ အကူညီပေးနိုင်မယ့်သူတွေကို အခုမှ အကူညီတောင်းဖြစ်တာ"ဟု လုပ်အားခ မရသေးသည့် မြန်မာလုပ်သားတစ်ဦးက ဆိုသည်။

၂၀၁၆ ခုနှစ် မေလ(၁၅)ရက်နေ့မှ ဇွန်လ(၁၅)ရက်နေ့ထိ လုပ်အားခတစ်လစာအား မရရှိသေး၍ အဆိုပါ လုပ်သားများက မြန်မာ - ထိုင်း နယ်ခြားကော်မတီ(TB) နှင့် ထိုင်းနိုင်ငံမယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့်စေ့စပ်ညှိနှိုင်းရေးကော်မတီ(CNCMC)သို့ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ဒီလ (၂၅)ရက်နေ့ ထပ်တွေ့ပြီးတော့ ညှိနှိုင်းဆွေးနွေးဖို့ရှိပါတယ်။ သူ့(အလုပ်ရှင်)မှာရှိတဲ့ စာရင်းနဲ့ အလုပ်သမားတွေရဲ့စာရင်းတိုက်ပြီး စစ်ပြီးတော့ ညှိနှိုင်းမယ်ပြောတယ်။ တခါထဲ ရှင်းပေးမလား ခွဲပြီးရှင်းမလား ဆိုတာတော့ မပြောတတ်သေးဘူး။ ရှင်းပေးဖို့ကတော့ ဘတ်(၃)သိန်းလောက်ရှိမယ်ထင်တယ်။ ကျွန်တော်တို့လည်း သေချာမတွက်ကြည့်ရသေးဘူး"ဟု CNCMC ကော်မတီမှ ဦးထွန်း(မယ်ဆိုင်)က ပြောသည်။

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် တာချီလိတ်မြို့မှ သွားရောက်၍သော်လည်းကောင်း၊ မယ်ဆိုင်တွင် နေထိုင်၍ သော်လည်းကောင်း အလုပ်လုပ်နေသည့် မြန်မာနိုင်ငံသားများအနဖြေင့် လုပ်အားခ ပုံမှန်မရရှိသော ဖြစ်စဉ်များ မကြာခဏကြုံတွေ့ရလေ့ရှိကြောင်း CNCMC ကော်မတီမှ သိရသည်။

ဓာတ်ပုံ - CNCMC

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~