တောင်ကြီးမြို့မဈေးအတွင်း ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့ စားသုံးကုန်များကို လိုက်လံစစ်ဆေး

တောင်ကြီးမြို့မဈေးအတွင်း ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့ စားသုံးကုန်များကို လိုက်လံစစ်ဆေး
နိုဝငျဘာ 21, 2016
By Tachileik News Agency




သတင်း/ဓာတ်ပုံ - နိုနို

********

ရှမ်းပြည်နယ်တောင်ပိုင်းဒေသ၊ တောင်ကြီးမြို့ရှိ မြို့မဈေးအတွင်း ရောင်းချနေသော ကုန်ပစ္စည်းများနှင့် စားသုံးဆီများကို ပြည်နယ်ဝန်ကြီးမှ လိုက်လံစစ်ဆေးမှုများ ပြုလုပ်နေလျှက်ရှိကြောင်း သိရသည်။

ယင်းသို့ စစ်ဆေးမှုကို ၂၀၁၆ခုနှစ် နိုဝင်ဘာလ(၂၁)ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခြင်းဖြစ်သည်။

ထိုသို့ လိုက်လံစစ်ဆေးရာတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွှန့်လွင် နှင့် ကုန်သွယ်မှု တိုးတက်ရေး အတွက် နယ်စပ်ဝင်ထွက်လမ်းကြောင်းများ ကြီးကြပ်ရေး၊ ရှမ်းပြည်နယ်အစိုးရ ကိုယ်စားလှယ်ဖြစ်သူ ဦးမင်းအောင် အပါအဝင် စားသုံးသူရေးရာဦးစီးဌာန မှ တာဝန်ရှိသူများ၊ စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများ ပူးပေါင်း၍ လိုက်လံစစ်ဆေးခြင်း ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နိုနို

 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~