ကြတ္ခိုင္ႏွင့္ နမ့္ဖက္ကာၾကားလမ္းပိုင္းတြင္ ေသနတ္ထိမွန္ေသဆံုးသည့္ ယာဥ္ေနာက္လုိက္အား လားရိႈးသို႔ ျပန္လည္သယ္ယူ

ကြတ္ခိုင္ႏွင့္ နမ့္ဖက္ကာၾကားလမ္းပိုင္းတြင္ ေသနတ္ထိမွန္ေသဆံုးသည့္ ယာဥ္ေနာက္လုိက္အား လားရိႈးသို႔ ျပန္လည္သယ္ယူ
နိုဝင်ဘာ 24, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း ကြတ္ခိုင္ၿမိဳ႕ႏွင့္ နမ့္ဖတ္ကာေက်းရြာအၾကား ရႈခင္းသာ တာဝါတိုင္အနီး ႏိုဝင္ဘာလ ၂၄ ရက္ နံနက္ ၈ နာရီဝန္းက်င္က ေသနတ္ထိမွန္၍ ေသဆံုးခဲ့ရသည့္ ယာဥ္ေနာက္လိုက္၏ အေလာင္းအား ကြတ္ခိုင္ၿမိဳ႕ရွိ ျဗဟၼစိုရ္ႏွလံုးလွ လူမႈကူညီေရးအသင္းႏွင့္ လားရိႈးၿမိဳ႕ရွိ ေသြးႏွင့္ လူမႈကူညီေရးအသင္းတို႔မွ ညေနတြင္ သြားေရာက္ သယ္ေဆာင္ လာေၾကာင္းသိရသည္။

“အေလာင္းပိုင္ရွင္ကေန က်ြန္ေတာ္တို႔ရံုးကို အေၾကာင္းၾကားလာလို႔ ကြတ္ခိုင္ကအဖြဲ႔ကို အကူအညီေတာင္းေတာ့ သူတို႔ကသြားသယ္ေပးၿပီး ကြတ္ခိုင္ေဆးရံုႀကီးက ရင္ခြဲရံုမွာ ထား ထားေပးတယ္ဗ်။  ကြ်န္ေတာ္တို႔ လားရိႈးကိုျပန္သယ္လာပါၿပီ။ အခု ကြ်န္ေတာ္တို႔ သိန္းနီကိုေရာက္ေနပါၿပီ” ဟု လားရိႈးၿမိဳ႔ ေသြးႏွင့္လူမႈကူညီေရး အသင္းမွ အတြင္းေရးမႈးကိုဆန္းဦးက Tachileik News Agencyသို႔ ေျပာသည္။

က်ည္ဆံထိမွန္ကာ ေသဆံုးခဲ့ရသည့္ ယာဥ္ေနာက္လိုက္မွာ လားရိႈးၿမိဳ ႔ ရပ္ကြက္ (၄) နယ္ေျမ ( ၁၆)တြင္ ေနထိုင္သူ ကိုခ်င္း(အသက္ ၄၅ ႏွစ္) ျဖစ္ေၾကာင္းသိရၿပီး ယာဥ္ေမာင္းသူမွာ မည္သည့္ေနရာထြက္ေျပးသြားသည္ကို မသိရေၾကာင္း လားရိႈးၿမိဳ႕ရွိ ေသြးႏွင့္လူမႈကူညီေရးမွ အဖြဲ႔ဝင္တစ္ဦး ျဖစ္သူ ကိုစိုးမင္းႏိုင္ထံမွ သိရသည္။

မူဆယ္ၿမိဳ႕ႏွင့္ ကြတ္ခိုင္ၿမိဳ႕မ်ားတြင္ တိုင္းရင္းသားလက္နက္ကို္င္အဖြဲ႔မ်ားက ႏိုဝင္ဘာလ (၂၀) ရက္တြင္ စတင္ပစ္ခတ္မႈမ်ားေၾကာင့္ တုိက္ပြဲျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

သတင္း - ေနၿဖဳိးျမင့္
ဓာတ္ပံု - လားရႈိး ေသြးႏွင့္လူမႈကူညီေရးအသင္း ၊ SMN ၊ နန္းဆိုင္ေအး

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နှင့် နမ့်ဖတ်ကာကျေးရွာအကြား ရှုခင်းသာ တာဝါတိုင်အနီး နိုဝင်ဘာလ ၂၄ ရက် နံနက် ၈ နာရီဝန်းကျင်က သေနတ်ထိမှန်၍ သေဆုံးခဲ့ရသည့် ယာဉ်နောက်လိုက်၏ အလောင်းအား ကွတ်ခိုင်မြို့ရှိ ဗြဟ္မစိုရ်နှလုံးလှ လူမှုကူညီရေးအသင်းနှင့် လားရှိုးမြို့ရှိ သွေးနှင့် လူမှုကူညီရေးအသင်းတို့မှ ညနေတွင် သွားရောက် သယ်ဆောင် လာကြောင်းသိရသည်။

“အလောင်းပိုင်ရှင်ကနေ ကျွန်တော်တို့ရုံးကို အကြောင်းကြားလာလို့ ကွတ်ခိုင်ကအဖွဲ့ကို အကူအညီတောင်းတော့ သူတို့ကသွားသယ်ပေးပြီး ကွတ်ခိုင်ဆေးရုံကြီးက ရင်ခွဲရုံမှာ ထား ထားပေးတယ်ဗျ။ ကျွန်တော်တို့ လားရှိုးကိုပြန်သယ်လာပါပြီ။ အခု ကျွန်တော်တို့ သိန်းနီကိုရောက်နေပါပြီ” ဟု လားရှိုးမြို့ သွေးနှင့်လူမှုကူညီရေး အသင်းမှ အတွင်းရေးမှုးကိုဆန်းဦးက Tachileik News Agencyသို့ ပြောသည်။

ကျည်ဆံထိမှန်ကာ သေဆုံးခဲ့ရသည့် ယာဉ်နောက်လိုက်မှာ လားရှိုးမြို့ ရပ်ကွက် (၄) နယ်မြေ ( ၁၆)တွင် နေထိုင်သူ ကိုချင်း(အသက် ၄၅ နှစ်) ဖြစ်ကြောင်းသိရပြီး ယာဉ်မောင်းသူမှာ မည်သည့်နေရာထွက်ပြေးသွားသည်ကို မသိရကြောင်း လားရှိုးမြို့ရှိ သွေးနှင့်လူမှုကူညီရေးမှ အဖွဲ့ဝင်တစ်ဦး ဖြစ်သူ ကိုစိုးမင်းနိုင်ထံမှ သိရသည်။

မူဆယ်မြို့နှင့် ကွတ်ခိုင်မြို့များတွင် တိုင်းရင်းသားလက်နက်ကို်င်အဖွဲ့များက နိုဝင်ဘာလ (၂၀) ရက်တွင် စတင်ပစ်ခတ်မှုများကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - လားရှိုး သွေးနှင့်လူမှုကူညီရေးအသင်း၊ SMN၊ နန်းဆိုင်အေး

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~