ရှမ်းမြောက်တိုက်ပွဲများကြောင့် တရုတ်နယ်စပ်အေးချမ်းမှု အခြေအနေ ထိခိုက်မှုမရှိရန် သံရုံးထုတ်ပြန်

ရှမ်းမြောက်တိုက်ပွဲများကြောင့် တရုတ်နယ်စပ်အေးချမ်းမှု အခြေအနေ ထိခိုက်မှုမရှိရန် သံရုံးထုတ်ပြန်
နိုဝင်ဘာ 21, 2016
By Tachileik News Agency


"နယ်စပ်ဖြတ်ကျော် တိမ်းရှောင်လာသူတွေကို ဒေသအုပ်ချုပ်ရေးတာဝန်ရှိသူတွေက လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ပေးနေပြီး ဒဏ်ရာရသူတွေကိုလည်း လိုအပ်တဲ့ ကုသမှုတွေ လုပ်ဆောင်ပေးနေပါတယ်”လို့ သံရုံးထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။


တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့သုံးခုက နိုဝင်ဘာလ (၂၀) ရက် မနက်အစောပိုင်းမှာ တရုတ်နိုင်ငံနဲ့နယ်စပ် မြန်မာနိုင်ငံ မူဆယ်နဲ့ ကွတ်ခိုင်ဒေသတွေက တပ်မတော်နဲ့ ရဲဌာနတွေကို တိုက်ခိုက်တာလို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပြီး ဒီလိုတိုက်ခိုက်မှုကြောင့် (၈)ဦး သေဆုံးသွားတယ်လို့ ဖော်ပြထားပါတယ်။

ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေဟာ ကာလရှည်ကြာ တိုက်ခိုက်နေကြတာဖြစ်ပါတယ်။




ပဋိပက္ခမှာ ပါဝင်သူ အားလုံးအနေနဲ့ တရုတ် - မြန်မာနယ်စပ်ဒေသ အေးချမ်းရေးထိန်းသိမ်းနိုင်ရေးအတွက် အပစ်အခတ် ရပ်စဲရေးကို မြန်မြန်ဆန်ဆန် လုပ်ဆောင်ကြဖို့ ရန်ကုန်အခြေစိုက် တရုတ်သံရုံးက တိုက်တွန်းလိုက်ပါတယ်။

ဘာသာပြန် - ဇွဲမြတ်
Ref; CCTVNEWS

~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်း မြန်မာ - တရုတ်နယ်စပ်ဒေသမှာ နိုဝင်ဘာလ (၂၀) ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို လူသားချင်းစာနာ ထောက်ထားမှုတွေ၊ အကူအညီတွေ ပေးနေတယ်လို့ ရန်ကုန်မြို့ရှိ တရုတ်နိုင်ငံသံရုံးက ထုတ်ပြန်လိုက်ကြောင်း တရုတ်နိုင်ငံ စီစီတီဗွီသတင်းဌာနက ဖော်ပြထားပါတယ်။

"နယ်စပ်ဖြတ်ကျော် တိမ်းရှောင်လာသူတွေကို ဒေသအုပ်ချုပ်ရေးတာဝန်ရှိသူတွေက လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ပေးနပြေီး ဒဏ်ရာရသူတွေကိုလည်း လိုအပ်တဲ့ ကုသမှုတွေ လုပ်ဆောင်ပေးနေပါတယ်”လို့ သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံနယ်စပ်မှာ ယာယီတဲတွေနဲ့ စားနပ်ရိက္ခါထောက်ပံ့ထားပေမဲ့ လူပေါင်းဘယ်လောက် တိမ်းရှောင်လာတယ်ဆိုတာတော့ ပြောမထားပါဘူး။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့သုံးခုက နိုဝင်ဘာလ (၂၀) ရက် မနက်အစောပိုင်းမှာ တရုတ်နိုင်ငံနဲ့နယ်စပ် မြန်မာနိုင်ငံ မူဆယ်နဲ့ ကွတ်ခိုင်ဒေသတွေက တပ်မတော်နဲ့ ရဲဌာနတွေကို တိုက်ခို်က်တာလို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပြီး ဒီလိုတိုက်ခိုက်မှုကြောင့် (၈)ဦး သေဆုံးသွားတယ်လို့ ဖော်ပြထားပါတယ်။

ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေဟာ ကာလရှည်ကြာ တိုက်ခိုက်နကြေတာဖြစ်ပါတယ်။

တရုတ်နယ်စပ်မှာ နောက်ဆုံးဖြစ်ပွားတဲ့ တိုက်ခိုက်မှုတွေမှာ တရုတ်နိုင်ငံက လူနေအိမ်တွေကိုပါ ထိမှန်ခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။

အခုတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံအနေနဲ့ စိုးရိမ်ပူပန်မိပြီး လေ့လာစောင့်ကြည့်မှုတွေ လုပ်ဆောင် သွားမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ Geng Shuang က ဘေဂျင်းမှာ ပြောလိုက်ပါတယ်။

သက်ဆိုင်သူအားလုံးအနေနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဆောင်သွားမယ်လို့ သူ့အနေနဲ့ မျှော်လင့်ကြောင်း ပြောဆိုလိုက်ပါတယ်။

ပဋိပက္ခမှာ ပါဝင်သူ အားလုံးအနေနဲ့ တရုတ် - မြန်မာနယ်စပ်ဒေသ အေးချမ်းရေးထိန်းသိမ်းနိုင်ရေးအတွက် အပစ်အခတ် ရပ်စဲရေးကို မြန်မြန်ဆန်ဆန် လုပ်ဆောင်ကြဖို့ ရန်ကုန်အခြေစိုက် တရုတ်သံရုံးက တို်က်တွန်းလိုက်ပါတယ်။

ဘာသာပြန် - ဇွဲမြတ်
Ref; CCTVNEWS

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~