စစ္ကိုင္းတိုင္းေဒသႀကီးတြင္ ယခုႏွစ္အတြင္း သက္ငယ္မုဒိန္းမႈ ၅၄ မႈရိွလာ

စစ္ကိုင္းတိုင္းေဒသႀကီးတြင္ ယခုႏွစ္အတြင္း သက္ငယ္မုဒိန္းမႈ ၅၄ မႈရိွလာ
နိုဝင်ဘာ 22, 2016
By Tachileik News Agency

စစ္ကိုင္းတိုင္းေဒသႀကီးတြင္ ၂၀၁၆ ခုႏွစ္အတြင္း ႏိုဝင္ဘာလ (၁၇) ရက္ေန႔အထိ သက္ငယ္မုဒိမ္းမႈေပါင္း (၅၄) မႈရိွေနၿပီျဖစ္ေၾကာင္း တိုင္းေဒသႀကီးရဲတပ္ဖြဲ႕ထံမွ သိရသည္။

"အမ်ားအားျဖင့္ ၿမိဳ႕ေပၚထက္ ေက်းရြာေတြက အမ်ားဆံုးျဖစ္ေနတယ္။ ဒီလိုျဖစ္ရတာကလည္း မိဘေတြနဲ႔ အဓိကသက္ဆိုင္တယ္။ မိမိသားသမီးကို တစ္ေယာက္ထဲ ထားခဲ႔တာေတြ။ ညႀကီးအခ်ိန္မေတာ္ အျပင္ လူျပတ္တဲ႔ ေနရာေတြကို တစ္ေယာက္တည္း ေစလႊတ္လိုက္တာမ်ိဳးေတြက အျဖစ္မ်ားတယ္။ ေနာက္တစ္ခုက အိမ္သားခ်င္းထဲက ျပဳက်င့္တာေတြလည္း လူၾကားမေကာင္းေအာင္ ျဖစ္ေပၚေနတယ္။ ဒါကေတာ့ မိသားစုတြင္းကဆိုေတာ့ အိမ္တြင္းျပႆနာေတြနဲ႔ စိတ္ပိုင္းဆိုင္ရာခ်ိဳ႕ယြင္းခ်က္ေတြ ျဖစ္တဲ႔အတြက္ ေျပာရခက္တယ္။ ထိန္းခ်ဳပ္ဖို႔မလြယ္ဘူး။” ဟု စစ္ကိုင္းတိုင္းေဒသႀကီးရဲတပ္ဖြဲ႕မွ တိုင္းမႈခင္းဌာန ရဲအုပ္ ဇင္မင္းထြန္းက Tachileik News Agencyသို႔ ေျပာသည္။

မႈခင္းအမ်ားစုမွာ ေက်းရြာမ်ားတြင္ အမ်ားဆံုးျဖစ္ေနေၾကာင္းသိရၿပီး ကေလးမ်ားအား အျခားလူမ်ားႏွင့္ ပတ္သက္၍ သတိထားႏုိင္ရန္ သင္ၾကားေပးသင့္သည္ဟု ရဲဌာနတာဝန္ရိွသူက သတိေပးသည္။

“အဓိက သက္ဆိုင္ရာ အုပ္ထိန္းသူ သို႔မဟုတ္ မိဘေတြအေနနဲ႔ ျဖစ္နိုင္ရင္ အရြယ္မေရာက္ေသးတဲ႔ မိမိကေလးေတြကို မ်က္စိေရွ႕ကေန အေပ်ာက္မခံသင့္ဘူး။ လူတိုင္းကိုလည္း မယံုၾကည္သင့္ပါဘူး။ ေနာက္ၿပီး မိမိကေလးကို အုပ္ထိန္းသူမိဘကလြဲၿပီး ဘယ္သူ႔ေနာက္မွ လိုက္တတ္တဲ႔ အက်င့္မရိွေအာင္ သင္ၾကားေပးရပါမယ္။ ဒါ့အျပင္ မိဘေတြအေနနဲ႔က ဒီလိုမႈခင္းအေၾကာင္းေတြကို ေလ့လာၿပီး ကိုယ့္ကေလးေတြကို နားလည္ေအာင္ သေဘာေပါက္ေအာင္ ရွင္းျပသြန္သင္သင့္ပါတယ္" ဟု စစ္ကိုင္းတိုင္းေဒသႀကီးရဲတပ္ဖြဲ႕မွ တိုင္းမႈခင္းဌာန ရဲအုပ္ဇင္မင္းထြန္းက ေျပာသည္။

စီးပြားေရးအေျခအေနအရ ကေလးမ်ားကို လုပ္ငန္းခြင္တြင္ ခုိင္းေစရျခင္းကလည္း သက္ငယ္မုဒိမ္းမႈ ျဖစ္ေစသည့္ အေၾကာင္းရင္းတစ္ရပ္လည္း ျဖစ္ေနသည္ဟု တုိင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚအမာၾကည္က သံုးသပ္သည္။

" ျမန္မာနိုင္ငံရဲ႕ ေလးပံုသံုးပံု ရာခိုင္ႏႈန္းေလာက္က ဆင္းရဲတဲ႔ လူတန္းစားေတြပါ။ ေက်းရြာေတြက တခ်ိဳ႕မိသားစုေတြဆိုရင္ ဆင္းရဲေတာ့ မိသားစုစားဝတ္ေနေရးေျဖရွင္းဖို႔အတြက္ ကေလးေတြကို အျပင္မွာ အလုပ္လုပ္ခိုင္းတာမ်ိဳးေတြလည္း ရိွတယ္။ အဲဒီေတာ့ မိဘမ်က္စိေအာက္မွာမရိွတဲ႔အတြက္ မိမိသားသမီး ယခုလိုအက်ဴးလြန္ခံရမွ သိၾကရတယ္။”ဟု မံုရြာၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္ (၁) မွ တိုင္းေဒသၾကီး လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚအမာၾကည္က ဆိုသည္။

စစ္ကိုင္းတိုင္းေဒသႀကီးတြင္ ယခုႏွစ္အတြင္း သက္ႀကီးမုဒိန္းမႈ (၉၃) မႈႏွင့္ သက္ငယ္မုဒိန္းမႈေပါင္း (၅၄) မႈရိွကာ ထိုအထဲတြင္ အက်ဴးလြန္ခံရသူအမ်ားဆံုးမွာ ၁၅ ႏွစ္ေအာက္ ကေလးငယ္မ်ားျဖစ္ေၾကာင္း တိုင္းေဒသႀကီး ရဲတပ္ဖြဲ႕ရံုးမွ သိရသည္။

“အျပစ္ရိွလို႔ ရင္ဆိုင္ရသူထက္ တကယ္က်ဴးလြန္ခံရတဲ႔သူဘက္က အရမ္းနစ္နာတယ္။ ရွင္လ်ွက္နဲ႔ တစ္ဘဝလံုး ဆံုးရံႈးၾကရတယ္။ တခ်ိဳ႕ဆို အသက္ပါ ဆံုးရံႈးသြားတာေတြလည္း ရိွတယ္။ ကၽြန္မအျမင္ေျပာရရင္ သက္ငယ္မုဒိန္းမႈနဲ႔ ပတ္သက္ၿပီး ဥပေဒအရ ဘယ္ေလာက္ပဲအျပစ္ေပးေပး ဒီကိစၥေတြ ပေပ်ာက္ဖို႔က လြယ္မယ္လို႔ မယူဆဘူး။ အဲဒီေတာ့ ကာကြယ္ဖို႔က အဓိကပဲလို႔ ေျပာခ်င္ပါတယ္။ ဒါကလည္း တာဝန္ရိွတဲ႔ မိဘေတြက ကာကြယ္ေပးရမယ္။ အထူးသျဖင့္ ေရွာင္သင့္တာေတြ ေရွာင္နိုင္ေအာင္လို႔ ကေလးနားလည္ေအာင္ အသိပညာေပးတာေတြမ်ိဳးေပါ့ " ဟု မံုရြာၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္ (၁) မွ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚအမာၾကည္က ဆိုသည္။

အ႐ြယ္မေရာက္ေသးေသာ အမ်ိဳးသမီးကို အလိုမတူ ေပါင္းသင္းဆက္ဆံပါက သက္ငယ္ မုဒိမ္းမႈအျဖစ္ အေရးယူရာတြင္ အသက္ ၁၄ ႏွစ္ အစား ၁၆ ႏွစ္ ေအာက္ဟု ၂၀၁၆ ခုႏွစ္ ဇန္နဝါရီလက ျပည္ေထာင္စု လႊတ္ေတာ္က ဥပေဒ ျပင္ဆင္ထားျခင္းျဖစ္သည္။

ယခင္ျပ႒ာန္းခဲ့သည့္ ဥပေဒတြင္ အသက္ ၁၄ ႏွစ္ေအာက္ အမ်ိဳးသမီးကို ခိုးယူေပါင္းသင္းခဲ့ပါက ျပစ္မႈပုဒ္မ ၃၇၆ ျဖင့္ အမႈဖြင့္ အေရးယူခဲ့ၿပီး ၂၀၁၆ ခုႏွစ္္ ဇန္နဝါရီလက ျပည္ေထာင္စုလႊတ္ေတာ္မွ အတည္ျပဳ ျပဌာန္းခဲ့သည့္ ရာဇသတ္ႀကီး ျပင္ဆင္မႈ ဥပေဒ အပိုဒ္ ၂၉  ျပစ္မႈပုဒ္မ ၃၇၆ တြင္ အသက္ ၁၄ ႏွစ္ အ႐ြယ္အစား ၁၆ ႏွစ္ အ႐ြယ္ျဖင့္ ျပင္ဆင္ အစားထိုးခဲ့ေသာေၾကာင့္ အမႈဖြင့္  တိုင္ၾကားခံရသည့္ အမ်ိဳးသားကို မုဒိမ္းမႈပုဒ္မ ၃၇၆ အျပင္ လူခိုးမႈ ပုဒ္မ ၃၆၃ ႏွင့္ ေသြးေဆာင္ျဖားေယာင္းေပါင္းသင္းမႈ ပုဒ္မ ၃၆၆ တို႔ျဖင့္ အေရးယူေဆာင္႐ြက္ေနေၾကာင္း သိရသည္။

သတင္း - ရန္ႏိုင္စိုး

~~~~~~~~⊰❂ unicode ~~~~~~~~
စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၁၆ ခုနှစ်အတွင်း နိုဝင်ဘာလ (၁၇) ရက်နေ့အထိ သက်ငယ်မုဒိမ်းမှုပေါင်း (၅၄) မှုရှိနပြေီဖြစ်ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ သိရသည်။

"အများအားဖြင့် မြို့ပေါ်ထက် ကျေးရွာတွေက အများဆုံးဖြစ်နေတယ်။ ဒီလိုဖြစ်ရတာကလည်း မိဘတွေနဲ့ အဓိကသက်ဆိုင်တယ်။ မိမိသားသမီးကို တစ်ယောက်ထဲ ထားခဲ့တာတွေ။ ညကြီးအချိန်မတော် အပြင် လူပြတ်တဲ့ နေရာတွေကို တစ်ယောက်တည်း စေလွှတ်လိုက်တာမျိုးတွေက အဖြစ်များတယ်။ နောက်တစ်ခုက အိမ်သားချင်းထဲက ပြုကျင့်တာတွေလည်း လူကြားမကောင်းအောင် ဖြစ်ပေါ်နေတယ်။ ဒါကတော့ မိသားစုတွင်းကဆိုတော့ အိမ်တွင်းပြဿနာတွေနဲ့ စိတ်ပိုင်းဆိုင်ရာချို့ယွင်းချက်တွေ ဖြစ်တဲ့အတွက် ပြောရခက်တယ်။ ထိန်းချုပ်ဖို့မလွယ်ဘူး။” ဟု စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တိုင်းမှုခင်းဌာန ရဲအုပ် ဇင်မင်းထွန်းက Tachileik News Agencyသို့ ပြောသည်။

မှုခင်းအများစုမှာ ကျေးရွာများတွင် အများဆုံးဖြစ်နေကြောင်းသိရပြီး ကလေးများအား အခြားလူများနှင့် ပတ်သက်၍ သတိထားနိုင်ရန် သင်ကြားပေးသင့်သည်ဟု ရဲဌာနတာဝန်ရှိသူက သတိပေးသည်။

“အဓိက သက်ဆိုင်ရာ အုပ်ထိန်းသူ သို့မဟုတ် မိဘတွေအနေနဲ့ ဖြစ်နိုင်ရင် အရွယ်မရောက်သေးတဲ့ မိမိကလေးတွေကို မျက်စိရှေ့ကနေ အပျောက်မခံသင့်ဘူး။ လူတိုင်းကိုလည်း မယုံကြည်သင့်ပါဘူး။ နောက်ပြီး မိမိကလေးကို အုပ်ထိန်းသူမိဘကလွဲပြီး ဘယ်သူ့နောက်မှ လိုက်တတ်တဲ့ အကျင့်မရှိအောင် သင်ကြားပေးရပါမယ်။ ဒါ့အပြင် မိဘတွေအနေနဲ့က ဒီလိုမှုခင်းအကြောင်းတွေကို လေ့လာပြီး ကိုယ့်ကလေးတွေကို နားလည်အောင် သဘောပေါက်အောင် ရှင်းပြသွန်သင်သင့်ပါတယ်" ဟု စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တိုင်းမှုခင်းဌာန ရဲအုပ်ဇင်မင်းထွန်းက ပြောသည်။

စီးပွားရေးအခြေအနေအရ ကလေးများကို လုပ်ငန်းခွင်တွင် ခိုင်းစေရခြင်းကလည်း သက်ငယ်မုဒိမ်းမှု ဖြစ်စေသည့် အကြောင်းရင်းတစ်ရပ်လည်း ဖြစ်နေသည်ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်အမာကြည်က သုံးသပ်သည်။

" မြန်မာနိုင်ငံရဲ့ လေးပုံသုံးပုံ ရာခိုင်နှုန်းလောက်က ဆင်းရဲတဲ့ လူတန်းစားတွေပါ။ ကျေးရွာတွေက တချို့မိသားစုတွေဆိုရင် ဆင်းရဲတော့ မိသားစုစားဝတ်နေရေးဖြေရှင်းဖို့အတွက် ကလေးတွေကို အပြင်မှာ အလုပ်လုပ်ခိုင်းတာမျိုးတွေလည်း ရှိတယ်။ အဲဒီတော့ မိဘမျက်စိအောက်မှာမရှိတဲ့အတွက် မိမိသားသမီး ယခုလိုအကျူးလွန်ခံရမှ သိကြရတယ်။”ဟု မုံရွာမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်အမာကြည်က ဆိုသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် ယခုနှစ်အတွင်း သက်ကြီးမုဒိန်းမှု (၉၃) မှုနှင့် သက်ငယ်မုဒိန်းမှုပေါင်း (၅၄) မှုရှိကာ ထိုအထဲတွင် အကျူးလွန်ခံရသူအများဆုံးမှာ ၁၅ နှစ်အောက် ကလေးငယ်များဖြစ်ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ သိရသည်။

“အပြစ်ရှိလို့ ရင်ဆိုင်ရသူထက် တကယ်ကျူးလွန်ခံရတဲ့သူဘက်က အရမ်းနစ်နာတယ်။ ရှင်လျှက်နဲ့ တစ်ဘဝလုံး ဆုံးရှုံးကြရတယ်။ တချို့ဆို အသက်ပါ ဆုံးရှုံးသွားတာတွေလည်း ရှိတယ်။ ကျွန်မအမြင်ပြောရရင် သက်ငယ်မုဒိန်းမှုနဲ့ ပတ်သက်ပြီး ဥပဒေအရ ဘယ်လောက်ပဲအပြစ်ပေးပေး ဒီကိစ္စတွေ ပပျောက်ဖို့က လွယ်မယ်လို့ မယူဆဘူး။ အဲဒီတော့ ကာကွယ်ဖို့က အဓိကပဲလို့ ပြောချင်ပါတယ်။ ဒါကလည်း တာဝန်ရှိတဲ့ မိဘတွေက ကာကွယ်ပေးရမယ်။ အထူးသဖြင့် ရှောင်သင့်တာတွေ ရှောင်နိုင်အောင်လို့ ကလေးနားလည်အောင် အသိပညာပေးတာတွေမျိုးပေါ့ " ဟု မုံရွာမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်အမာကြည်က ဆိုသည်။

အရွယ်မရောက်သေးသော အမျိုးသမီးကို အလိုမတူ ပေါင်းသင်းဆက်ဆံပါက သက်ငယ် မုဒိမ်းမှုအဖြစ် အရေးယူရာတွင် အသက် ၁၄ နှစ် အစား ၁၆ နှစ် အောက်ဟု ၂၀၁၆ ခုနှစ် ဇန်နဝါရီလက ပြည်ထောင်စု လွှတ်တော်က ဥပဒေ ပြင်ဆင်ထားခြင်းဖြစ်သည်။

ယခင်ပြဋ္ဌာန်းခဲ့သည့် ဥပဒေတွင် အသက် ၁၄ နှစ်အောက် အမျိုးသမီးကို ခိုးယူပေါင်းသင်းခဲ့ပါက ပြစ်မှုပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် အရေးယူခဲ့ပြီး ၂၀၁၆ ခုနှစ် ဇန်နဝါရီလက ပြည်ထောင်စုလွှတ်တော်မှ အတည်ပြု ပြဌာန်းခဲ့သည့် ရာဇသတ်ကြီး ပြင်ဆင်မှု ဥပဒေ အပိုဒ် ၂၉ ပြစ်မှုပုဒ်မ ၃၇၆ တွင် အသက် ၁၄ နှစ် အရွယ်အစား ၁၆ နှစ် အရွယ်ဖြင့် ပြင်ဆင် အစားထိုးခဲ့သောကြောင့် အမှုဖွင့် တိုင်ကြားခံရသည့် အမျိုးသားကို မုဒိမ်းမှုပုဒ်မ ၃၇၆ အပြင် လူခိုးမှု ပုဒ်မ ၃၆၃ နှင့် သွေးဆောင်ဖြားယောင်းပေါင်းသင်းမှု ပုဒ်မ ၃၆၆ တို့ဖြင့် အရေးယူဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - ရန်နိုင်စိုး

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~