မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ကျောက်မဲမြို့နယ်တွင် ရိတ်သိမ်းဆဲ လယ်ဧက (၁၀၀)ကျော်ရေနစ်မြုပ်
မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ကျောက်မဲမြို့နယ်တွင် ရိတ်သိမ်းဆဲ လယ်ဧက (၁၀၀)ကျော်ရေနစ်မြုပ်
နိုဝငျဘာ 11, 2016
By Tachileik News Agency
နိုဝင်ဘာလ (၈)ရက်နေ့ညမှ (၉) ရက်နေ့ နေ့လယ်အထိ မိုးဆက်တိုက်ရွာသွန်းပြီးခဲ့နောက် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ဗူးခါးကျေးရွာတွင် ရိတ်သိမ်းဆဲ လယ်ဧက( ၁၀၀) ကျော် ရေမြုပ်သွားကြောင်း သိရသည်။
နိုဝင်ဘာလ (၁၀) ရက်နေ့တွင် ရေဝပ်နေဆဲ လယ် (၁၀) ဧကခန့်သာရှိတာ့သော်လည်း ရေမြုပ်ခဲ့သည့် လယ်ဧကများမှ ရိတ်သိမ်းထားသည့်စပါးများ ပျက်ဆီးသွားခဲ့ကြောင်း သိရသည်။
စပါးစိုက်ပျိုးသည့် လယ်တစ်ဧကလျှင် ရိတ်သိမ်းထားသည့်အချိန်ထိ စုစုပေါင်းကုန်ကျ စရိတ်မှာ ကျပ်ငါးသိန်းခွဲခန့် ရှိပြီး စိုက်ပျိုးရန် ချေးငွေယူးထားသည့် တောင်သူများအနေဖြင့် ပြန်လည် စိုက်ပျိုးစရိတ်အတွက် အခက်အခဲဖြစ်နေရကြောင်း သိရသည်။
အဆိုပါဒေသတွင် ပျမ်းမျှအားဖြင့် လယ်သမားတစ်ဦးလျှင် (၄)ဧကမှ (၅)ဧကခန့်သာ အများဆုံး စိုက်ပျိုးနိုင်ပြီး ရေမြုပ်သွားသည့် လယ်မြေများတွင် လယ်သမား (၂၀)ကျော်၏ လယ်မြေများ ပါဝင်သွားခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - နေဖြိုးမြင့်
ဓာတ်ပုံ - Sai Yort
~~~~~~~~⊰❂ unicode ~~~~~~~~
နိုဝင်ဘာလ (၈)ရက်နေ့ညမှ (၉) ရက်နေ့ နေ့လယ်အထိ မိုးဆက်တိုက်ရွာသွန်းပြီးခဲ့နောက် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ဗူးခါးကျေးရွာတွင် ရိတ်သိမ်းဆဲ လယ်ဧက( ၁၀၀) ကျော် ရမြေုပ်သွားကြောင်း သိရသည်။
“တောင်ကျရေတွေဝင်လာတော့ ကောက်လှိုင်းတွေအများကြီး ရမြေုပ်သွားတယ်။ စပါးတွေ အညှောင့်ထွက်လာတယ်။ ဘာမှလုပ်မရတော့ဘူး။ အရမ်းစိတ်ညစ်ပါတယ်” ဟု ရမြေုပ်သွားသည့် လယ်အချို့၏ ပိုင်ရှင်ဖြစ်သူ ဗူးခါးကျေးရွာမှ ဦးစိုင်းကျော်ညွန့်က ပြောသည်။
နိုဝင်ဘာလ (၁၀) ရက်နေ့တွင် ရေဝပ်နေဆဲ လယ် (၁၀) ဧကခန့်သာရှိတာ့သော်လည်း ရမြေုပ်ခဲ့သည့် လယ်ဧကများမှ ရိတ်သိမ်းထားသည့်စပါးများ ပျက်ဆီးသွားခဲ့ကြောင်း သိရသည်။
“ဧက(၁၀၀)လောက်က စပါးစေ့အညှောင့်ပေါက် ဆုံးရှူံးတယ်။ ဧက(၁၀)ကျော်ကတော့ ရကြေီးပြီး ချောင်းဘေးရှိတဲ့ လယ်ကောက်လှိုင်းတွေ တိုက်စားသွားတယ်။ အစ်ကို်ရေစိတ်မကောင်းစရာပါ “ဟု လယ်သမားများအား ကူညီဆောင်ရွက်ပေးနေသူ ကိုစိုင်းက ပြောသည်။
စပါးစိုက်ပျိုးသည့် လယ်တစ်ဧကလျှင် ရိတ်သိမ်းထားသည့်အချိန်ထိ စုစုပေါင်းကုန်ကျ စရိတ်မှာ ကျပ်ငါးသိန်းခွဲခန့် ရှိပြီး စိုက်ပျိုးရန် ချေးငွေယူးထားသည့် တောင်သူများအနဖြေင့် ပြန်လည် စိုက်ပျိုးစရိတ်အတွက် အခက်အခဲဖြစ်နေရကြောငး် သိရသည်။
“ပျက်စီးသွားတဲ့လယ်တွေက လယ်စိုက်ဖို့ ချေးငွေယူထားကြသူတွေဆို ပြန်စိုက်ဖို့ မဖြစ်နိုင်တော့ဘူး” ဟု ဦးစိုင်းကျော်ညွန့်က ဆိုသည်။
အဆိုပါဒေသတွင် ပျမ်းမျှအားဖြင့် လယ်သမားတစ်ဦးလျှင် (၄)ဧကမှ (၅)ဧကခန့်သာ အများဆုံး စိုက်ပျိုးနိုင်ပြီး ရမြေုပ်သွားသည့် လယ်မြေများတွင် လယ်သမား (၂၀)ကျော်၏ လယ်မြေများ ပါဝင်သွားခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - နဖြေိုးမြင့်
ဓာတ္ပံု - Sai Yort
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~