ပုံစံမျိုးစုံဖြင့် ရှုပ်ထားသည့် လယ်ယာမြေပြဿနာများ အချိန်ယူဆောင်ရွက်နေဟုဆို
ပုံစံမျိုးစုံဖြင့် ရှုပ်ထားသည့် လယ်ယာမြေပြဿနာများ အချိန်ယူဆောင်ရွက်နေဟုဆို
နိုဝငျဘာ 9, 2016
By Tachileik News Agency
လက်ရှိအစိုးရအနေဖြင့် လယ်ယာမြေပြဿနာများ တင်ပြလာမှုကို လက်ခံနေသော်လည်း နှစ်ပေါင်း များစွာက ပုံစံအမျိုးမျိုးဖြင့် ရှုပ်ထားခဲ့သည့် အဆိုပါ ပြဿနာများအား ချက်ခြင်း ဖြေရှင်းမရနိုင်ဘဲ အချိန်ယူဆောင်ရွက် နေရကြောင်း ရှမ်းပြည်နယ် စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်က ပြောသည်။
ယင်းအပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အပုဒ်(၃၇) အရ နိုင်ငံတော်မှာ ဗဟိုချုပ်ကိုင်မှု အပြည့်ယူထားပြီး နိုင်ငံတော်မှာ ရေ၊မြေ၊လေ အပေါ်အောက်အားလုံး ပိုင်ရှင်ဖြစ်သည်ဆိုသဖြင့် လယ်ယာမြေပြဿနာ အချို့မှာလည်း ဖြေရှင်းရခက်ခဲသည်ဟု ဆိုသည်။
လယ်ယာမြေစုံစမ်းစစ်ဆေးရေးကော်မတီအနေဖြင့်လည်း အမှန်တကယ်အလုပ်လုပ်ရန်လိုအပ်သည်ဟု တောင်သူများက ဆိုသည်။
ရှမ်းပြည်နယ်အစိုးရ အနေဖြင့်လည်း လက်ရှိတွင် လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီ၊ မြေလွတ် မြေရိုင်းမြေလပ် စီမံခန့်ခွဲမှုကော်မတီ၊ လယ်ယာမြေနှင့် အခြားမြေများ ပြန်လည် စိစစ်ရေး ကော်မတီ သုံးရပ်ဖွဲ့စည်းထားသည့် အပြင် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုး စီးပွားမြှင့်တင်ရေးလုပ်ငန်းအဖွဲ့ကော်မတီများကို ဖွဲ့စည်းထားပြီးဖြစ်၍ အဆိုပါကော်မတီများ လုပ်ငန်း လည်ပတ်ရန် ကြိုးစားနေကြောင်း ပြည်နယ်အစိုးရထံမှ သိရသည်။
သတင်း - နိုနို
~~~~~~~~⊰❂ unicode ~~~~~~~~
လက်ရှိအစိုးရအနဖြေင့် လယ်ယာမြပြေဿနာများ တင်ပြလာမှုကို လက်ခံနေသော်လည်း နှစ်ပေါင်း များစွာက ပုံစံအမျိုးမျိုးဖြင့် ရှုပ်ထားခဲ့သည့် အဆိုပါ ပြဿနာများအား ချက်ခြင်း ဖြေရှင်းမရနိုင်ဘဲ အချိန်ယူဆောင်ရွက် နေရကြောင်း ရှမ်းပြည်နယ် စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်က ပြောသည်။
“ကျွန်တော်တို့ လယ်ယာမြပြေဿနာတွေမှာ တောင်သူလယ်သမားတွေရဲ့ အားနည်းချက်ထက် အောက်ခြေမှာ ရှိတဲ့ မြေစာရင်းဦးစီးဌာနနဲ့ မြေယာစီမံခန့်ခွဲရေးအဖွဲ့အစည်းတွေရဲ့ ခေတ်အဆက်ဆက် အားနည်းခဲ့တဲ့ ပြဿနာတွေရှိပါတယ်။ ပုံစံ(၇)ထုတ်တာနဲ့ ပတ်သက်ပြီး ကြည့်မယ်ဆိုရင် တောင်သူတွေ အနေနဲ့ ခေတ်အဆက်ဆက် လက်ဆင့်ကမ်းတာ လုပ်လာကြတာ ပုံစံ(၇)ထုတ်ယူသုံးစွဲခွင့် ရှိတယ်ဆိုတာကို မသိကြပါဘူး”ဟု ဝန်ကြီး ဦးစိုးညွန့်လွင်က ပြောသည်။
သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၂ ခုနှစ်က ပြဌာန်းခဲ့သော လယ်ယာမြေဥပဒေနှင့် ၂၀၁၄ ခုနှစ်တွင် ပြဌာန်းခဲ့သော အမျိုးသားမြေအသုံးချမှုဥပဒေများတွင် အားနည်းချက်များကြောင့် လယ်ယာမြေ ပြဿနာများ ပိုမိုရှုပ်ထွေးခဲ့ရသည်ဟု ဝန်ကြီးက သုံးသပ်သည်။
ယင်းအပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အပုဒ်(၃၇) အရ နိုင်ငံတော်မှာ ဗဟိုချုပ်ကိုင်မှု အပြည့်ယူထားပြီး နိုင်ငံတော်မှာ ရေ၊မြေ၊လေ အပေါ်အောက်အားလုံး ပိုင်ရှင်ဖြစ်သည်ဆိုသဖြင့် လယ်ယာမြပြေဿနာ အချို့မှာလည်း ဖြေရှင်းရခက်ခဲသည်ဟု ဆိုသည်။
“အရင်အစိုးရလက်ထက်ကလည်း ကျွန်တော်တို့ စာအကြိမ်ကြိမ်ပို့တယ်။ လူကိုယ်တိုင်လည်း သွားတွေ့တယ်။ နောက်အစိုးရသစ်သာတက်လာတာ ဘာမှမဖြေရှင်းပေးခဲ့ဘူး။ အခု အစိုးရသစ် လက်ထက်မှာလည်း ထပ်ပြီးတော့တင်ပြနေဦးမှာပဲ။ လယ်မြေမရှိတဲ့ဒုက္ခ လယ်သမားပဲသိမယ် သူတို့ မသိနိုင်ပါဘူး” ဟု ယာမြေ သိမ်းဆည်းခံထားရသူ တောင်သူတစ်ဦးက ပြောသည်။
လယ်ယာမြေစုံစမ်းစစ်ဆေးရေးကော်မတီအနဖြေင့်လည်း အမှန်တကယ်အလုပ်လုပ်ရန်လိုအပ်သည်ဟု တောင်သူများက ဆိုသည်။
ရှမ်းပြည်နယ်အစိုးရ အနဖြေင့်လည်း လက်ရှိတွင် လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီ၊ မြေလွတ် မြေရိုင်းမြေလပ် စီမံခန့်ခွဲမှုကော်မတီ၊ လယ်ယာမြေနှင့် အခြားမြေများ ပြန်လည် စိစစ်ရေး ကော်မတီ သုံးရပ်ဖွဲ့စည်းထားသည့် အပြင် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိူး စီးပွားမြှင့်တင်ရေးလုပ်ငန်းအဖွဲ့ကော်မတီများကို ဖွဲ့စည်းထားပြီးဖြစ်၍ အဆိုပါကော်မတီများ လုပ်ငန်း လည်ပတ်ရန် ကြိုးစားနေကြောင်း ပြည်နယ်အစိုးရထံမှ သိရသည်။
သတင်း - နိုနို
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~