စြန္ေခ်ာင္းေက်းရြာေရတံခြန္တြင္ ေရဆင္းကူးသည့္ လူငယ္တစ္ဦး ေက်ာက္တံုးျဖင့္ရိုက္မိ၍ ေသဆံုး

စြန္ေခ်ာင္းေက်းရြာေရတံခြန္တြင္ ေရဆင္းကူးသည့္ လူငယ္တစ္ဦး ေက်ာက္တံုးျဖင့္ရိုက္မိ၍ ေသဆံုး
နိုဝင်ဘာ 7, 2016
By Tachileik News Agency

မႏၲေလးတိုင္းေဒသႀကီး ဝမ္းတြင္းၿမိဳ႕နယ္ ေညာင္ဦးဖီေက်းရြာအုပ္စု စြန္ေခ်ာင္းေက်းရြာရွိ ေရတံခြန္တြင္ ႏိုဝင္ဘာလ (၆) ရက္ ညေန (၄)နာရီခန္႔တြင္ ေရဆင္းကူးသည့္လူငယ္တစ္ဦး ေက်ာက္တံုးျဖင့္ရိုက္မိကာ ေသဆံုးသြားေၾကာင္း သိရသည္။

“အရင္ထဲက ဒီေရတံခြန္ရွိခဲ့တာပါပဲ။ ေဖ့ဘုတ္ေပၚျပန္႔ၿပီး တစ္ေန႔ကုိ လူရာနဲ႔ခ်ီၿပီး လာေနၾကတယ္။ ေစ်းဆိုင္တန္းေတြလည္း ရွိလာတယ္။ ဒီနွစ္မိုးမ်ားေတာ့ ေရေတြကလည္း မ်ားေနတယ္။ ေက်ာက္ေတာင္ေပၚက ေရက်သလုိ ေရစီးေခ်ာင္းထဲလည္း ေက်ာက္တုံးေတြကရွိေနတာသတိမထားမိေတာ့ ေက်ာက္တုံးနဲ႕ရုိက္မိၿပီး ေရနစ္ေသဆုံးသြားရတယ္”ဟု စြန္ေခ်ာင္းရြာမွ ဗန္ဓုလက ေျပာသည္။

အဆုိပါ ေရတံခြန္၏ လွပေသာ သဘာဝရႈခင္းမ်ားျဖင့္ အြန္လိုင္းမွတဆင့္ လူသိမ်ားလာကာ အနယ္နယ္ အရပ္ရပ္မွ ေပ်ာ္ပြဲစားလာသူ မ်ားလာျခင္းျဖစ္ေၾကာင္း သိရသည္။

“ေရနစ္ေသတယ္လုိ႔ ၾကားၾကားျခင္း နာေရးကူညီမွဳ ကားေမာင္းၿပီး အကူညီေပးမလုိ႔ သြားခဲ႔တယ္။ ေရေတြမ်ားေနေတာ့ အေလာင္းကုိ အေတာ္ရွာရတယ္။ ေအာင္ေကာင္းေဝနာေရးကား ေရာက္လာလုိ႕ အဲဒီကားနဲ႔တင္ျပီး ဝမ္းတြင္းျပည္သူ႕ေဆးရုံကို ပုိ႕ေပးလုိက္တယ္”ဟု ေက်းလက္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္ဆင့္က Tachileik News Agency သို႔ ေျပာသည္။

ေသဆံုးသြားသူမွာ ေက်ာ္ေတဇတင္(ခ)ဂ်က္ဂ်က္ဆိုသူျဖစ္ေၾကာင္း သိရၿပီး ဝမ္းတြင္းၿမိဳ႕မစခန္းမွ ေသမွဳေသခင္းအမွတ္စဥ္(၅/၂၀၁၆)ျဖင့္ အမႈဖြင့္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း - ကိုလင္း


~~~~~~~~⊰❂ unicode ~~~~~~~~

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် ညောင်ဦးဖီကျေးရွာအုပ်စု စွန်ချောင်းကျေးရွာရှိ ရေတံခွန်တွင် နိုဝင်ဘာလ (၆) ရက် ညနေ (၄)နာရီခန့်တွင် ရေဆင်းကူးသည့်လူငယ်တစ်ဦး ကျောက်တုံးဖြင့်ရိုက်မိကာ သေဆုံးသွားကြောင်း သိရသည်။

“အရင်ထဲက ဒီရေတံခွန်ရှိခဲ့တာပါပဲ။ ဖေ့ဘုတ်ပေါ်ပြန့်ပြီး တစ်နေ့ကို လူရာနဲ့ချီပြီး လာနကြေတယ်။ ဈေးဆိုင်တန်းတွေလည်း ရှိလာတယ်။ ဒီနှစ်မိုးများတော့ ရေတွေကလည်း များနေတယ်။ ကျောက်တောင်ပေါ်က ရေကျသလို ရေစီးချောင်းထဲလည်း ကျောက်တုံးတွေကရှိနေတာသတိမထားမိတော့ ကျောက်တုံးနဲ့ရိုက်မိပြီး ရေနစ်သေဆုံးသွားရတယ်”ဟု စွန်ချောင်းရွာမှ ဗန်ဓုလက ပြောသည်။

အဆိုပါ ရေတံခွန်၏ လှပသော သဘာဝရှုခင်းများဖြင့် အွန်လိုင်းမှတဆင့် လူသိများလာကာ အနယ်နယ် အရပ်ရပ်မှ ပျော်ပွဲစားလာသူ များလာခြင်းဖြစ်ကြောင်း သိရသည်။

“ရေနစ်သေတယ်လို့ ကြားကြားခြင်း နာရေးကူညီမှု ကားမောင်းပြီး အကူညီပေးမလို့ သွားခဲ့တယ်။ ရေတွေများနေတော့ အလောင်းကို အတော်ရှာရတယ်။ အောင်ကောင်းဝေနာရေးကား ရောက်လာလို့ အဲဒီကားနဲ့တင်ပြီး ဝမ်းတွင်းပြည်သူ့ဆေးရုံကို ပို့ပေးလိုက်တယ်”ဟု ကျေးလက်အုပ်ချုပ်ရေးမှူး ဦးတင်ဆင့်က Tachileik News Agency သို့ ပြောသည်။

သေဆုံးသွားသူမှာ ကျော်တေဇတင်(ခ)ဂျက်ဂျက်ဆိုသူဖြစ်ကြောင်း သိရပြီး ဝမ်းတွင်းမြို့မစခန်းမှ သေမှုသေခင်းအမှတ်စဉ်(၅/၂၀၁၆)ဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - ကိုလင်း 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~