ေရနံေခ်ာင္းၿမိဳ႕နယ္ သူေ႒းကုန္းေက်း႐ြာ ျမစ္ေရတိုက္စားခံရမႈေၾကာင့္ (၂)လအတြင္း ႐ြာလုံးကြၽတ္ေျပာင္းေရႊ႕ရေတာ့မည့္ အေျခအေန ျဖစ္ေန

ေရနံေခ်ာင္းၿမိဳ႕နယ္ သူေ႒းကုန္းေက်း႐ြာ ျမစ္ေရတိုက္စားခံရမႈေၾကာင့္ (၂)လအတြင္း ႐ြာလုံးကြၽတ္ေျပာင္းေရႊ႕ရေတာ့မည့္ အေျခအေန ျဖစ္ေန
နိုဝင်ဘာ 11, 2016
By Tachileik News Agency

မေကြးတုိင္းေဒသႀကီး ၊ ေရနံေခ်ာင္းၿမိဳ႕နယ္၊ ဝက္လြတ္ေက်းရြာအုပ္စု၊ သူေ႒းကုန္းေက်း႐ြာတြင္ ယခုႏွစ္ ျမစ္ကမ္းပါးၿပိဳက်ေနမႈ အဆိုးရြားဆံုး အေျခအေနျဖင့္ ႀကံဳေတြ႔ေနရသျဖင့့္ အိမ္ေျခ (၈၀) ႐ွိသည့္အနက္ (၅၁)အိမ္ေျပာင္းေ႐ႊ႕ခဲ့ရၿပီး (၂)လအတြင္း ရြာလံုးကၽြတ္ေရႊ႕ေျပာင္းရမည့္ အေျခအေနျဖစ္ေနေၾကာင္း သိရသည္။

ဧရာဝတီျမစ္လယ္ကြ်န္းေပၚတြင္ တည္႐ွိေသာ သူေ႒းကုန္းေက်း႐ြာသည္ ႏွစ္စဥ္ျမစ္ေရ တိုက္စားမႈဒဏ္ေၾကာင့္ မၾကာခဏ ေျပာင္းေ႐ႊ႕ခဲ့ရၿပီး ယခုနွစ္ျမစ္ကမ္းပါးၿပိဳက်မႈေၾကာင့္ ကိုင္းေျမဧက(၃၀၀)႐ွိရာမွ ဧက(၅၀) ဝန္းက်င္သာ က်န္႐ွိေတာ့သည့္အတြက္ ေနထိုင္ေရး ေျမေနရာအခက္အခဲမ်ား ႀကဳံေတြ႔ေနၾကရျခင္းျဖစ္ေၾကာင္း သိရသည္။

"အခုထပ္ေျပာင္းထားတဲ့ ေနရာေတြကလည္း မၾကာခင္ ထပ္ေျပာင္းရေတာ့မွာ။ ထပ္ေျပာင္းဖို႔ ေျမေနရာနဲ႔ ေငြေရးေၾကးေရး အေျခအေနကလည္း အေတာ္ခက္ခဲေနၾကတာ။ ကြ်န္ေတာ္တို႔မွာ စိုက္ပ်ဳိးဖို႔ေျမထက္ ေနဖို႔ ထိုင္ဖို႔ ေနရာေတာင္ အေတာ္အခက္ေတြ႔ေနၾကရတာ"ဟု ေဒသခံ ဦးေမာင္ငယ္က ေျပာသည္။

အဆိုပါ ေက်းရြာမ်ားမွာ စိုက္ပ်ဳိးေရးအတြက္ ကိုင္းေျမကို အဓိကလုပ္ကိုင္ၾကသူမ်ားျဖစ္ၿပီး ျမစ္ေရတိုက္စား မႈေၾကာင့္ သီးႏွံစိုက္ပ်ိဳးထားသည့္ ကိုင္းေျမမ်ားဆံုးရံႈးသြားသျဖင့္ ေျပာင္းေရႊ႕ေနထုိင္ရန္ ေျမေနရာ ဝယ္ယူေရး အခက္အခဲ ျဖစ္ေနရေၾကာင္း သိရသည္။

"ကိုင္းကြ်န္းမီ၊ ကြ်န္းကိုင္းမီတဲ့။ ကြ်န္းမ႐ွိေတာ့ ကြ်န္ေတာ္တို႔ ဘယ့္ႏွယ္လုပ္စားရမလဲ။ ကြ်န္ေတာ့္အိမ္လည္း ေျပာင္းေရႊ႕ၿပီး ျပန္မေဆာက္ႏိုင္ေသးလို႔ ဒီအတိုင္းပုံထားရတယ္။ အခု ေဆြမ်ဳိးေတြအိမ္ တက္ေနရတယ္”ဟု  မၾကာေသးမီက အိမ္ေျပာင္းေရႊ႕ခဲ႔ရသူ ဦးထြန္းဝင္းက ေျပာသည္။

အဆိုပါေက်း႐ြာသည္ ျမစ္ေရတိုက္စား၍ အႀကိမ္ႀကိမ္ေျပာင္းေ႐ႊ႕ခဲ႔ရသျဖင့္ ယခင္က ေရနံေခ်ာင္းနယ္ေျမမွ ယခုအခါ ပြင့္ျဖဴနယ္ေျမအတြင္း ေျပာင္းေရႊ႕သြားၾကရၿပီး ေရနံေခ်ာင္းနယ္ေျမတြင္ အိမ္ေျခ(၂၉)လံုးသာ က်န္႐ွိေတာ့ေၾကာင္း သူေ႒းကုန္းေက်း႐ြာ ႐ြာခြဲတာဝန္ခံ ဦးဝင္းႏိုင္ထံမွ သိရသည္။

 “သက္ဆိုင္ရာတာဝန္႐ွိသူေတြအေနနဲ႔ ဘုန္းႀကီးေက်ာင္းတို႔  ေက်း႐ြာကေလးအတြက္ ႐ြာသစ္ျပန္တည္ဖို႔ ေျမေနရာ အျမန္ဆုံးသတ္မွတ္ေပးၾကပါလို႔ ေမတၱာရပ္ခံပါတယ္”ဟု သူေ႒းကုန္းေက်း႐ြာ၊ ေက်ာင္းထိုင္ဆရာေတာ္ ဦးအဂၢဓဇက မိန္႔သည္။

သူေ႒းကုန္းေက်း႐ြာျမစ္ေရတိုက္စားခံေနရမႈႏွင့္ ပတ္သက္၍ ေျပာင္းေရႊ႕ေနရသူမ်ားအား အိမ္အေျပာင္းအေ႐ႊ႕ စရိတ္အျဖစ္ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာ ခ်ထားေရး ဝန္ႀကီးဌာနမွ ေငြေၾကးပစၥည္းမ်ားေထာက္ပံ႔ေပးထားၿပီး ေက်း႐ြာေျမေနရာအတြက္ ရွာေဖြတင္ျပရန္ ၿမိဳ႕နယ္လယ္ယာေျမစီမံ ခန္႔ခြဲေရး၊ စာရင္းအင္းဦးစီးဌာနႏွင့္ စည္ပင္သာယာဌာနတို႔အား ညႊန္ၾကားထားေၾကာင္း ေရနံေခ်ာင္းၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးတင့္လြင္ထံမွ သိရသည္။

ေရနံေခ်ာင္းၿမိဳ႕နယ္တြင္ က်မ္းကိုင္ကြ်န္း၊ မာန္ေျပကြၽန္း၊ မိန္းမလွကြၽန္း အပါအဝင္ ေရတိုက္စားမႈ ဒဏ္ခံရေသာ ေက်း႐ြာေပါင္း(၃၃)႐ြာ႐ွိၿပီး အခ်ဳိ႕ေက်း႐ြာမ်ားမွာ ႐ြာလုံး ကြၽတ္ေျပာင္းေ႐ႊ႕ရမည့္ အေနအထားႏွင္႔ ႀကဳံ ေတြ႔ ေနရေသာ္လည္း ကြၽန္းကိုင္းေျမမ်ားကို စြန္႔ခြာျခင္းမျပဳလို၍ ဆက္လက္ေနထိုင္လၽွက္႐ွိေနၾကေၾကာင္း သိရသည္။

သတင္း - ဖီးနစ္
~~~~~~~~⊰❂ unicode ~~~~~~~~
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ဝက်လွတ်ကျေးရွာအုပ်စု၊ သူဋ္ဌေးကုန်းကျေးရွာတွင် ယခုနှစ် မြစ်ကမ်းပါးပြိုကျနေမှု အဆိုးရွားဆုံး အခြေအနဖြေင့် ကြုံတွေ့နေရသဖြင့် အိမ်ခြေ (၈၀) ရှိသည့်အနက် (၅၁)အိမ်ပြောင်းရွှေ့ခဲ့ရပြီး (၂)လအတွင်း ရွာလုံးကျွတ်ရွှေ့ပြောင်းရမည့် အခြေအနဖြေစ်နေကြောင်း သိရသည်။

ဧရာဝတီမြစ်လယ်ကျွန်းပေါ်တွင် တည်ရှိသော သူဋ္ဌေးကုန်းကျေးရွာသည် နှစ်စဉ်မြစ်ရေ တိုက်စားမှုဒဏ်ကြောင့် မကြာခဏ ပြောင်းရွှေ့ခဲ့ရပြီး ယခုနှစ်မြစ်ကမ်းပါးပြိုကျမှုကြောင့် ကိုင်းမြေဧက(၃၀၀)ရှိရာမှ ဧက(၅၀) ဝန်းကျင်သာ ကျန်ရှိတော့သည့်အတွက် နေထိုင်ရေး မြေနေရာအခက်အခဲများ ကြုံတွေ့နကြေရခြင်းဖြစ်ကြောင်း သိရသည်။

"အခုထပ်ပြောင်းထားတဲ့ နေရာတွေကလည်း မကြာခင် ထပ်ပြောင်းရတော့မှာ။ ထပ်ပြောင်းဖို့ မြေနေရာနဲ့ ငွေရေးကြေးရေး အခြေအနေကလည်း အတော်ခက်ခဲနကြေတာ။ ကျွန်တော်တို့မှာ စိုက်ပျိုးဖို့မြေထက် နေဖို့ ထိုင်ဖို့ နေရာတောင် အတော်အခက်တွေ့နကြေရတာ"ဟု ဒေသခံ ဦးမောင်ငယ်က ပြောသည်။

အဆိုပါ ကျေးရွာများမှာ စိုက်ပျိုးရေးအတွက် ကိုင်းမြေကို အဓိကလုပ်ကိုင်ကြသူများဖြစ်ပြီး မြစ်ရေတိုက်စား မှုကြောင့် သီးနှံစိုက်ပျိုးထားသည့် ကိုင်းမြေများဆုံးရှုံးသွားသဖြင့် ပြောင်းရွှေ့နေထိုင်ရန် မြေနေရာ ဝယ်ယူရေး အခက်အခဲ ဖြစ်နေရကြောင်း သိရသည်။

"ကိုင်းကျွန်းမီ၊ ကျွန်းကိုင်းမီတဲ့။ ကျွန်းမရှိတော့ ကျွန်တော်တို့ ဘယ့်နှယ်လုပ်စားရမလဲ။ ကျွန်တော့်အိမ်လည်း ပြောင်းရွှေ့ပြီး ပြန်မဆောက်နိုင်သေးလို့ ဒီအတိုင်းပုံထားရတယ်။ အခု ဆွေမျိုးတွေအိမ် တက်နေရတယ်”ဟု မကြာသေးမီက အိမ်ပြောင်းရွှေ့ခဲ့ရသူ ဦးထွန်းဝင်းက ပြောသည်။

အဆိုပါကျေးရွာသည် မြစ်ရေတိုက်စား၍ အကြိမ်ကြိမ်ပြောင်းရွှေ့ခဲ့ရသဖြင့် ယခင်က ရေနံချောင်းနယ်မြေမှ ယခုအခါ ပွင့်ဖြူနယ်မြေအတွင်း ပြောင်းရွှေ့သွားကြရပြီး ရေနံချောင်းနယ်မြေတွင် အိမ်ခြေ(၂၉)လုံးသာ ကျန်ရှိတော့ကြောင်း သူဋ္ဌေးကုန်းကျေးရွာ ရွာခွဲတာဝန်ခံ ဦးဝင်းနိုင်ထံမှ သိရသည်။

 “သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ ဘုန်းကြီးကျောင်းတို့ ကျေးရွာကလေးအတွက် ရွာသစ်ပြန်တည်ဖို့ မြေနေရာ အမြန်ဆုံးသတ်မှတ်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်”ဟု သူဋ္ဌေးကုန်းကျေးရွာ၊ ကျောင်းထိုင်ဆရာတော် ဦးအဂ္ဂဓဇက မိန့်သည်။

သူဋ္ဌေးကုန်းကျေးရွာမြစ်ရေတိုက်စားခံနေရမှုနှင့် ပတ်သက်၍ ပြောင်းရွှေ့နေရသူများအား အိမ်အပြောင်းအရွှေ့ စရိတ်အဖြစ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနမှ ငွေကြေးပစ္စည်းများထောက်ပံ့ပေးထားပြီး ကျေးရွာမြေနေရာအတွက် ရှာဖွေတင်ပြရန် မြို့နယ်လယ်ယာမြေစီမံ ခန့်ခွဲရေး၊ စာရင်းအင်းဦးစီးဌာနနှင့် စည်ပင်သာယာဌာနတို့အား ညွှန်ကြားထားကြောင်း ရေနံချောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်လွင်ထံမှ သိရသည်။

ရေနံချောင်းမြို့နယ်တွင် ကျမ်းကိုင်ကျွန်း၊ မာန်ပြေကျွန်း၊ မိန်းမလှကျွန်း အပါအဝင် ရေတိုက်စားမှု ဒဏ်ခံရသော ကျေးရွာပေါင်း(၃၃)ရွာရှိပြီး အချို့ကျေးရွာများမှာ ရွာလုံး ကျွတ်ပြောင်းရွှေ့ရမည့် အနေအထားနှင့် ကြုံ တွေ့ နေရသော်လည်း ကျွန်းကိုင်းမြေများကို စွန့်ခွာခြင်းမပြုလို၍ ဆက်လက်နေထိုင်လျှက်ရှိနကြေကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~