ျပည္တြင္းစစ္ပြဲမ်ား ရပ္တန္႔ရန္ ဘာသာေပါင္းစုံ ဆုေတာင္းပြဲ လြိဳင္ေကာ္တြင္ ျပဳလုပ္

ျပည္တြင္းစစ္ပြဲမ်ား ရပ္တန္႔ရန္ ဘာသာေပါင္းစုံ ဆုေတာင္းပြဲ လြိဳင္ေကာ္တြင္ ျပဳလုပ္
နိုဝင်ဘာ 3, 2016
By Tachileik News Agency

ႏိုင္ငံတြင္း ျပည္တြင္းစစ္ပြဲမ်ား ရပ္တန္႔ရန္ႏွင့္ ၿငိမ္းခ်မ္းေရးကို အျမန္ဆုံးေဖာ္ေဆာင္ႏုိင္ရန္ ဘာသာေပါင္းစုံ စုေပါင္း၍ ကယားျပည္နယ္ လိြဳင္ေကာ္ၿမိဳ႕ ေက်ာက္တိုင္ကြင္းတြင္ ႏိုဝင္ဘာလ (၃)ရက္ေန႔ ညေနက ဆုေတာင္းပြဲ က်င္းပသည္။

ျပည္နယ္မ်ားတြင္ ျဖစ္ေပၚေနသည့္ တိုက္ပြဲမ်ားကို လူထုက အလိုမရွိသျဖင့္ စစ္ပြဲတြင္ပါဝင္သူအားလံုး တိုက္ပြဲမ်ား အၿပီးသတ္ ရပ္ဆိုင္းေပးရန္ စုေပါင္းေတာင္းဆိုၾကျခင္းျဖစ္သည္ဟု သိရသည္။

"စစ္ပြဲေတြထဲမွာ ဆင္းရဲဒုကၡခံေနရတဲ့ ျပည္သူလူထုအတြက္ ကယားျပည္နယ္က လူထုေတြက စုေပါင္း ဆုေတာင္းပြဲေလးတစ္ခု ျပဳလုပ္တာပါ။ ကၽြန္မတို႔ ဆုေတာင္းသံေတြကို စစ္ဖက္ဆိုင္ရာေတြကၾကားမယ္။ ၿပီးေတာ့ ဒီလိုေတာင္းဆိုမႈေတြေၾကာင့္ စစ္ပြဲေတြ ရပ္တန္႔ေပးမယ္လို႔လည္း ယုံၾကည္တယ္။ သူတို႔ကလည္း လူဆိုးေတြ မဟုတ္ၾကဘူးလို႔ ယုံၾကည္တယ္။ နားလည္မႈရွိရွိနဲ႔ ႏွစ္ဖက္စလုံး လူထုေတြ လိုအပ္ေနတဲ့ ၿငိမ္းခ်မ္းေသာလမ္း ေပၚလာႏိုင္လိမ့္မယ္လို႔ ယုံၾကည္ပါတယ္ "ဟု ဦးေဆာင္ပါဝင္သူ တစ္ဦးျဖစ္သည့္ မေအးေအးေအာင္က ေျပာသည္။

အဆိုပါ ဆုေတာင္းပြဲတြင္ ဗုဒၶဘာသာ၊ ကက္သလစ္ဘာသာ၊ အစၥလာမ္ဘာသာ၊ ႏွစ္ျခင္း အသင္းေတာ္မ်ား၊ အဂၤလီကန္ စသည့္ ဘာသာေပါင္းစုံမွ ဘာသာေရး ေခါင္းေဆာင္မ်ား၊ ဘာသာဝင္မ်ား စုေပါင္းပါဝင္ခဲ့ၿပီး ၿငိမ္းခ်မ္းေရးစာတမ္းမ်ားဖတ္ျခင္း၊ သုံးမိနစ္ၿငိမ္သက္ျခင္း၊ ၿငိမ္းခ်မ္းေရးသီခ်င္းမ်ားသီဆိုျခင္းႏွင့္ ဖေယာင္တိုင္ထြန္း၍ ဆုေတာင္းျခင္းမ်ား ျပဳလုပ္ၾကသည္။

သတင္း/ဓာတ္ပံု - ဆန္းၿဖဳိးထြန္း


~~~~~~~~⊰❂ unicode ~~~~~~~~

နိုင်ငံတွင်း ပြည်တွင်းစစ်ပွဲများ ရပ်တန့်ရန်နှင့် ငြိမ်းချမ်းရေးကို အမြန်ဆုံးဖော်ဆောင်နိုင်ရန် ဘာသာပေါင်းစုံ စုပေါင်း၍ ကယားပြည်နယ် လွိုင်ကော်မြို့ ကျောက်တိုင်ကွင်းတွင် နိုဝင်ဘာလ (၃)ရက်နေ့ ညနေက ဆုတောင်းပွဲ ကျင်းပသည်။

ပြည်နယ်များတွင် ဖြစ်ပေါ်နေသည့် တိုက်ပွဲများကို လူထုက အလိုမရှိသဖြင့် စစ်ပွဲတွင်ပါဝင်သူအားလုံး တိုက်ပွဲများ အပြီးသတ် ရပ်ဆိုင်းပေးရန် စုပေါင်းတောင်းဆိုကြခြင်းဖြစ်သည်ဟု သိရသည်။

"စစ်ပွဲတွေထဲမှာ ဆင်းရဲဒုက္ခခံနေရတဲ့ ပြည်သူလူထုအတွက် ကယားပြည်နယ်က လူထုတွေက စုပေါင်း ဆုတောင်းပွဲလေးတစ်ခု ပြုလုပ်တာပါ။ ကျွန်မတို့ ဆုတောင်းသံတွေကို စစ်ဖက်ဆိုင်ရာတွေကကြားမယ်။ ပြီးတော့ ဒီလိုတောင်းဆိုမှုတွေကြောင့် စစ်ပွဲတွေ ရပ်တန့်ပေးမယ်လို့လည်း ယုံကြည်တယ်။ သူတို့ကလည်း လူဆိုးတွေ မဟုတ်ကြဘူးလို့ ယုံကြည်တယ်။ နားလည်မှုရှိရှိနဲ့ နှစ်ဖက်စလုံး လူထုတွေ လိုအပ်နေတဲ့ ငြိမ်းချမ်းသောလမ်း ပေါ်လာနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ် "ဟု ဦးဆောင်ပါဝင်သူ တစ်ဦးဖြစ်သည့် မအေးအေးအောင်က ပြောသည်။

အဆိုပါ ဆုတောင်းပွဲတွင် ဗုဒ္ဓဘာသာ၊ ကက်သလစ်ဘာသာ၊ အစ္စလာမ်ဘာသာ၊ နှစ်ခြင်း အသင်းတော်များ၊ အင်္ဂလီကန် စသည့် ဘာသာပေါင်းစုံမှ ဘာသာရေး ခေါင်းဆောင်များ၊ ဘာသာဝင်များ စုပေါင်းပါဝင်ခဲ့ပြီး ငြိမ်းချမ်းရေးစာတမ်းများဖတ်ခြင်း၊ သုံးမိနစ်ငြိမ်သက်ခြင်း၊ ငြိမ်းချမ်းရေးသီချင်းများသီဆိုခြင်းနှင့် ဖယောင်တိုင်ထွန်း၍ ဆုတောင်းခြင်းများ ပြုလုပ်ကြသည်။

သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~