ပန်ဒါချည်မျှင်နှင့် အထည်စက်ရုံ လုပ်သားများနှင့် အစိုးရအဖွဲ့တာဝန်ရှိသူများ ဆွေးနွေးနေ

ပန်ဒါချည်မျှင်နှင့် အထည်စက်ရုံ လုပ်သားများနှင့် အစိုးရအဖွဲ့တာဝန်ရှိသူများ ဆွေးနွေးနေ
နိုဝင်ဘာ 1, 2016
By Tachileik News Agency

မန္တလေးတိုင်းဒေသကြီး ပလိပ်မြို့မှ ပန်ဒါချည်မျှင်နှင့် အထည်စက်ရုံ  အလုပ်သမားများ ဆန္ဒပြနေမှုနှင့် ပတ်သက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် အလုပ်သမားများ နိုဝင်ဘာလ (၁)ရက် နေ့လယ်(၁)နာရီတွင် မန္တလေးတိုင်း ဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဟောင်း အစည်းအဝေးခန်းမတွင် ဆွေးနွေးနေကြောင်း သိရသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုစက်မှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင်၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီး၊ မန္တလေးတိုင်းဒေသကြီး အလုပ်သမားညွှန်ကြားမှု ဦးစီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန၊ အလုပ်သမား ဆက်ဆံရေးဦးစီးဌာန၊ လူမှုဖူလုံရေးအဖွဲ့နှင့် အလုပ်သမား (၃၀) ဦးတို့ ဆွေးနွေးနေကြခြင်းဖြစ်ကြောင်း သိရသည်။



~~~~~~~~⊰❂ unicode ~~~~~~~~

မန္တလေးတိုင်းဒေသကြီး ပလိပ်မြို့မှ ပန်ဒါချည်မျှင်နှင့် အထည်စက်ရုံ အလုပ်သမားများ ဆန္ဒပြနေမှုနှင့် ပတ်သက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် အလုပ်သမားများ နိုဝင်ဘာလ (၁)ရက် နေ့လယ်(၁)နာရီတွင် မန္တလေးတိုင်း ဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဟောင်း အစည်းအေဝးခန်းမတွင် ဆွေးနွေးနေကြောင်း သိရသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုစက်မှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင်၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး အလုပ်သမားညွှန်ကြားမှု ဦးစီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန၊ အလုပ်သမား ဆက်ဆံရေးဦးစီးဌာန၊ လူမှုဖူလုံရေးအဖွဲ့နှင့် အလုပ်သမား (၃၀) ဦးတို့ ဆွေးနွေးနကြခြေငး်ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ရွှေဇော်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~