မိုင်းဆတ်မြို့၌ ရေလယ်တိုင်ကျိုးနေသည့် နဝဒေးတံတားအား ရန်ပုံငွေမရသေး၍ မပြင်နိုင်သေး
မိုင်းဆတ်မြို့၌ ရေလယ်တိုင်ကျိုးနေသည့် နဝဒေးတံတားအား ရန်ပုံငွေမရသေး၍ မပြင်နိုင်သေး
နိုဝငျဘာ 21, 2016
By Tachileik News Agency
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ် မယ်ဆွမ်မြောက်ရပ်ကွက်နှင့် မယ်ဆွမ်တောင်ရပ်ကွက်ကို ဆက်သွယ်ထားသည့် န၀ဒေးသစ်သားတံတားသည် အကြီးစား ပျက်စီး နေခြင်းကြောင့် ရန်ပုံငွေရသည်နှင့် ပြင်ဆင်မည်ဖြစ်ကြောင်း မိုင်းဆတ်မြို့နယ်စည်ပင်သာယာရေး ဌာန အမှုဆောင်အရာရှိ ဦးမျိုးဝင်းဇော်ထံမှ သိရသည်။
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ် မယ်ဆွမ်မြောက်ရပ်ကွက်နှင့် မယ်ဆွမ်တောင်ရပ်ကွက်ကို ဆက်သွယ်ထားသည့် နဝဒေးသစ်သားတံတားသည် အကြီးစား ပျက်စီး နခြေင်းကြောင့် ရန်ပုံငွေရသည်နှင့် ပြင်ဆင်မည်ဖြစ်ကြောင်း မိုင်းဆတ်မြို့နယ်စည်ပင်သာယာရေး ဌာန အမှုဆောင်အရာရှိ ဦးမျိုးဝင်းဇော်ထံမှ သိရသည်။
"တံတားက ရေလယ်တိုင်ကျိုးပြီး ဘေးနှစ်ဖက်လက်ရမ်းတွေကျိုး လျှောက်လမ်းတွေချိုင့်ဝင်နေတော့ ဒီတံတားကို နေ့စဉ်အသုံးပြုသွားလာနကြေတဲ့သူတွေမှာ အရမ်းအန္တရာယ်များပါတယ်။ ကျွန်မတို့လည်း ဈေးသွား၊ ရုံးသွား ဒီတံတားကိုပဲ နေ့စဉ်အသုံးပြုနေရတော့ အမြန်ဆုံးပြုပြင်ပေးစေချင်ပါတယ်"ဟု မယ်ဆွမ်တောင်ရပ်ကွက်နေ ဝန်ထမ်းတစ်ဦးက ပြောသည်။
အဆိုပါတံတားမှာ ရေလယ်တိုင်ကျိုးပြီး နှစ်ဖက်လက်ရမ်းများလည်း ကျိုးနေသော်လည်း ပြန်လည် ပြင်ဆင်ခြင်းမရှိသေးကြောင်း သိရသည်။
"တံတားက မိုးတစ်ခါ၊ နှစ်ခါလောက်ရွာလိုက်ရင် မျောပါသွားနိုင်တဲ့ အခြေအနေမို့ တံတားပေါ်ဖြတ်သန်း သွားလာနကြေတာ အရမ်းအန္တရာယ်များပါတယ်။ အမြန်ဆုံးပြုပြင်ပေးစေလိုပါတယ်"ဟု မြို့ခံ ဦးစိုင်းဦးမောင်က ပြောသည်။
အဆိုပါ တံတားကို အသစ်ပြုပြင်တည်ဆောက်ပေးရန် ၂၀၁၅ခုနှစ် ဇူလိုင် ၂၄ ရက်နေ့က ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ မိုင်းဆတ်ခရီးစဉ်တွင် တင်ပြထားသဖြင့် အလျား ၈၀ ပေ၊ အနံ ၁၅ ပေရှိ အာရ်စီ၊ ကွန်ကရစ်တံတားတည်ဆောက်ရန် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၏ ဖြည့်စွက်ရန်ပုံငွေ ကျပ်သိန်း(၉၅၀) ခွင့်ပြုပေးမည်ဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - သန်းဇော်ဦး
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~