နမ့္စန္တြင္ ဆိုင္ကယ္ႏွစ္စီး မ်က္ႏွာခ်င္းဆိုင္တိုက္မိ၍ တစ္ဦးေသ ႏွစ္ဦးဒဏ္ရာျပင္းထန္

နမ့္စန္တြင္ ဆိုင္ကယ္ႏွစ္စီး မ်က္ႏွာခ်င္းဆိုင္တိုက္မိ၍ တစ္ဦးေသ ႏွစ္ဦးဒဏ္ရာျပင္းထန္
နိုဝင်ဘာ 22, 2016
By Tachileik News Agency

႐ွမ္းျပည္နယ္ေတာင္ပုိင္း လြိဳင္လင္ခ႐ုိင္၊ နမ့္စန္ၿမိဳ႕အထြက္ မုိင္းစိတ္လမ္းဆုံအနီးတြင္ ႏိုဝင္ဘာလ (၂၂) ရက္က ဆိုင္ကယ္ႏွစ္စီး မ်က္ႏွာခ်င္းဆိုင္တိုက္မိ၍ တစ္ဦးေသဆံုးၿပီး ႏွစ္ဦးျပင္းထန္စြာ ဒဏ္ရာ ရရိွသြားေၾကာင္း သိရသည္။

ဆုိင္ကယ္ႏွစ္စီးမ်က္ႏွာခ်င္းဆုိင္တုိက္၍ ဆိုင္ကယ္ေမာင္းႏွင္သူ ေမာင္ၾကည္စုိးမွာ နမ့္စန္ျပည္သူေဆး႐ုံတြင္ ေသဆုံးသြားၿပီး ၎ေနာက္တြင္ စီးနင္းလုိက္ပါလာသူ ေအာင္မ်ိုးသန္႔နွင့္ ဆိုင္ကယ္ေမာင္းႏွင္သူ တစ္ဦးျဖစ္သည့္ စုိင္း၀င္းလြင္တို႔မွာ ျပင္းထန္စြာဒဏ္ရာရ႐ွိၿပီး လြိဳင္လင္ေဆး႐ုံသုိ႔ ပုိ႔ေဆာင္ကုသထားေၾကာင္း သိရသည္။

ေသဆုံးသြားသူ ေမာင္ၾကည္စုိးမွာ ေအာင္လံၿမိဳ႕ေနထုိင္သူျဖစ္ၿပီး နမ့္စန္ၿမိဳ႕တြင္ လာေရာက္ အလုပ္ လုပ္ကုိင္ေနသူျဖစ္သျဖင့္ ၎၏ မိသားစုမ်ားကုိ ဆက္သြယ္ရန္ တာဝန္ရိွသူမ်ားက စုံစမ္းေနေၾကာင္း သိရသည္။

အဆိုပါယာဥ္တိုက္မႈႏွင့္ ပတ္သက္၍ ယာဥ္ေမာင္းႏွစ္ဦးျဖစ္သည့္ ၾကည္စုိးႏွင့္ စုိင္း၀င္လြင္တို႔ကို ယာဥ္(ပ) ၂၄/၂၀၁၆ ရာဇသတ္ႀကီးပုဒ္မ ၂၇၉/၃၃၇/၃၃၈ တို႔ျဖင့္ နမ့္စန္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္ စစ္ေဆးေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း - သန္းစိုးေအာင္

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင်၊ နမ့်စန်မြို့အထွက် မိုင်းစိတ်လမ်းဆုံအနီးတွင် နိုဝင်ဘာလ (၂၂) ရက်က ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိ၍ တစ်ဦးသေဆုံးပြီး နှစ်ဦးပြင်းထန်စွာ ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။

ဆိုင်ကယ်နှစ်စီးမျက်နှာချင်းဆိုင်တိုက်၍ ဆိုင်ကယ်မောင်းနှင်သူ မောင်ကြည်စိုးမှာ နမ့်စန်ပြည်သူဆေးရုံတွင် သေဆုံးသွားပြီး၎င်းနောက်တွင် စီးနင်းလိုက်ပါလာသူ အောင်မျိုးသန့်နှင့် ဆိုင်ကယ်မောင်းနှင်သူ တစ်ဦးဖြစ်သည့် စိုင်းဝင်းလွင်တို့မှာ ပြင်းထန်စွာဒဏ်ရာရရှိပြီး လွိုင်လင်ဆေးရုံသို့ ပို့ဆောင်ကုသထားကြောင်း သိရသည်။

သေဆုံးသွားသူ မောင်ကြည်စိုးမှာ အောင်လံမြို့နေထိုင်သူဖြစ်ပြီး နမ့်စန်မြို့တွင် လာရောက် အလုပ် လုပ်ကိုင်နေသူဖြစ်သဖြင့်၎င်း၏ မိသားစုများကို ဆက်သွယ်ရန် တာဝန်ရှိသူများက စုံစမ်းနေကြောင်း သိရသည်။

အဆိုပါယာဉ်တိုက်မှုနှင့် ပတ်သက်၍ ယာဉ်မောင်းနှစ်ဦးဖြစ်သည့် ကြည်စိုးနှင့် စိုင်းဝင်လွင်တို့ကို ယာဉ်(ပ) ၂၄/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇/၃၃၈ တို့ဖြင့် နမ့်စန်မြို့မရဲစခန်းတွင် အမှုဖွင့် စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - သန်းစိုးအောင်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~