နမ့္စန္ၿမိဳ႕ ျပည္ေထာင္စုလမ္းမႀကီးေဘး ေရလႊဲေျမာင္းတံတားအား ပုဂၢလိကကုမၸဏီတစ္ခုက တည္ေဆာက္ေန

နမ့္စန္ၿမိဳ႕ ျပည္ေထာင္စုလမ္းမႀကီးေဘး ေရလႊဲေျမာင္းတံတားအား ပုဂၢလိကကုမၸဏီတစ္ခုက တည္ေဆာက္ေန
နိုဝင်ဘာ 3, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ေတာင္ပိုင္း နမ့္စန္ၿမိဳ႕ရွိ ျပည္ေထာင္စုလမ္းမႀကီးတြင္ မိုးရာသီအတြင္း ေရတင္ေနတတ္သျဖင့္ ေရလႊဲေျမာင္းတံတား ေဖာက္လုပ္ျခင္းကို ပုဂၢလိက ေဆာက္လုပ္ေရး ကုမၸဏီက အကုန္က်ခံ လုပ္ေဆာင္ေနေၾကာင္း သိရသည္။

“ေရလႊဲေျမာင္းတံတား ကုန္က်ေငြနဲ႔ ေဆာက္လုပ္မႈကို ေနမင္းေရာင္ကုမၸဏီက အကုန္က်ခံ လုပ္ေဆာင္ေပးတာပါ”ဟု ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီ ဥကၠဌ ဦးလွေထြးက ေျပာသည္။

ေရလႊဲေျမာင္း တံတားစတင္ ေဖာက္လုပ္မႈကို ႏိုဝင္ဘာလ (၃) ရက္ေန႔တြင္ စတင္လုိက္ၿပီး ၿမိဳ႕နယ္စည္ပင္သာယာေရး ေကာ္မတီ ဥကၠ႒ႏွင့္ အဖဲြ႕၊ ျပည္နယ္လႊတ္ေတာ္ကုိယ္စားလွယ္မ်ားနွင့္ ေနမင္းေရာင္လမ္းေဖာက္လုပ္ေရးကုမၸဏီမွ တာဝန္႐ွိသူမ်ား ကြင္းဆင္းၾကည့္႐ႈၾကေၾကာင္း သိရသည္။

ေရလႊဲေျမာင္းတံတားမ်ားကို လမ္းႏွစ္ဖက္လံုးတြင္ လုပ္ေဆာင္ေပးမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - သန္းစိုးေအာင္

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့ရှိ ပြည်ထောင်စုလမ်းမကြီးတွင် မိုးရာသီအတွင်း ရေတင်နေတတ်သဖြင့် ရေလွှဲမြောင်းတံတား ဖောက်လုပ်ခြင်းကို ပုဂ္ဂလိက ဆောက်လုပ်ရေး ကုမ္ပဏီက အကုန်ကျခံ လုပ်ဆောင်နေကြောင်း သိရသည်။

“ရေလွှဲမြောင်းတံတား ကုန်ကျငွေနဲ့ ဆောက်လုပ်မှုကို နေမင်းရောင်ကုမ္ပဏီက အကုန်ကျခံ လုပ်ဆောင်ပေးတာပါ”ဟု မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးလှထွေးက ပြောသည်။

ရေလွှဲမြောင်း တံတားစတင် ဖောက်လုပ်မှုကို နိုဝင်ဘာလ (၃) ရက်နေ့တွင် စတင်လိုက်ပြီး မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် နေမင်းရောင်လမ်းဖောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုကြကြောင်း သိရသည်။

ရေလွှဲမြောင်းတံတားများကို လမ်းနှစ်ဖက်လုံးတွင် လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။

သတင်း - သန်းစိုးအောင်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~