နမ့္စန္တြင္ လူႏွစ္ဦးေသဆံုးသြားသည့္ ယာဥ္တိုက္မႈမွ ယာဥ္ေမာင္းထြက္ေျပးေန

နမ့္စန္တြင္ လူႏွစ္ဦးေသဆံုးသြားသည့္ ယာဥ္တိုက္မႈမွ ယာဥ္ေမာင္းထြက္ေျပးေန
နိုဝင်ဘာ 13, 2016
By Tachileik News Agency

႐ွမ္းျပည္နယ္ေတာင္ပုိင္း နမ့္စန္ၿမိဳ႕နယ္၌ ႏိုဝင္ဘာလ(၁၃) ရက္ေန႔ နံနက္ (၁၀)နာရီခြဲအခ်ိန္ခန္႔က ကားႏွင့္ ဆိုင္ကယ္မ်က္ႏွာခ်င္းဆိုင္တိုက္မိၿပီး ဆိုင္ကယ္ေပၚက ွအမ်ိဳးသမီးႏွစ္ဦးေသဆံုးသြားကာ ကားေမာင္းႏွင္လာသူမွာ ထြက္ေျပးတိမ္းေရွာင္ေနေၾကာင္း သိရသည္။

နမ့္စန္ - မုိင္းစိတ္လမ္းမႀကီးေပၚတြင္ SURF နီညိဳေရာင္ ယာဥ္အမွတ္(၇ခ/၅၁၂၁) ကားႏွင့္ အမ်ိဳးသမီးႏွစ္ဦး စီးနင္းလာေသာ ဆုိင္ကယ္တို႔ မ်က္ႏွာခ်င္းဆုိင္ ယာဥ္တုိက္မႈျဖစ္ပြားရာ ဆိုင္ကယ္ေနာက္တြင္ လုိက္ပါစီးနင္းလာေသာ အသက္ (၂၁)ႏွစ္အရြယ္ နန္းႏြတ္မွာ အခင္းျဖစ္ပြားရာေနရာတြင္ ေသဆံုးသြားၿပီး၊ ဆိုင္ကယ္ေမာင္းႏွင္လာသည့္ အသက္(၂၂)ႏွစ္အရြယ္ နန္းယိမ္းမွာ ျပင္းထန္ဒဏ္ရာမ်ားရထားသျဖင့္ နမ့္စန္ျပည္သူ႔ေဆး႐ုံမွ လိြဳင္လင္ျပည္သူေဆး႐ုံသို႔ ေျပာင္းေရႊ႕ကုသေပးေသာ္လည္း ေသဆံုးသြားေၾကာင္း သိရသည္။

ယာဥ္တိုက္မႈျဖစ္ၿပီးေနာက္ ကားကိုေမာင္း၍ထြက္ေျပးသြားသျဖင့္ လုိက္လံဖမ္းဆီးရာ ကားထားခဲ့ၿပီး ေမာင္းႏွင္သူထြက္ေျပးတိမ္းေရွာင္သြားေၾကာင္း သိရသည္။

ယာဥ္တုိက္မႈျဖစ္ပြားသည့္ ကားေမာင္းသူအား အျမန္ဖမ္းဆီးရမိရန္ ေဆာင္ရြက္ေနၿပီး နမ့္စန္ၿမိဳ႕မရဲစခန္းတြင္ ယာဥ္(ပ) ၂၂/၂၀၁၆ ရာဇသတ္ႀကီး ပုဒ္မ ၃၀၄-က/၃၃၈/၂၀၂ တို႔ျဖင့္ အမႈဖြင့္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း - သန္းစိုးေအာင္

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်၌ နိုဝင်ဘာလ(၁၃) ရက်နေ့ နံနက် (၁၀)နာရီခွဲအချိန်ခန့်က ကားနှင့် ဆိုင်ကယ်မျက်နှာချင်းဆိုင်တိုက်မိပြီး ဆိုင်ကယ်ပေါ်ကှအမျိုးသမီးနှစ်ဦးသေဆုံးသွားကာ ကားမောင်းနှင်လာသူမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

နမ့်စန် - မိုင်းစိတ်လမ်းမကြီးပေါ်တွင် SURF နီညိုရောင် ယာဉ်အမှတ်(၇ခ/၅၁၂၁) ကားနှင့် အမျိုးသမီးနှစ်ဦး စီးနင်းလာသော ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင် ယာဉ်တိုက်မှုဖြစ်ပွားရာ ဆိုင်ကယ်နောက်တွင် လိုက်ပါစီးနင်းလာသော အသက် (၂၁)နှစ်အရွယ် နန်းနွတ်မှာ အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားပြီး၊ ဆိုင်ကယ်မောင်းနှင်လာသည့် အသက်(၂၂)နှစ်အရွယ် နန်းယိမ်းမှာ ပြင်းထန်ဒဏ်ရာများရထားသဖြင့် နမ့်စန်ပြည်သူ့ဆေးရုံမှ လွိုင်လင်ပြည်သူဆေးရုံသို့ ပြောင်းရွှေ့ကုသပေးသော်လည်း သေဆုံးသွားကြောင်း သိရသည်။

ယာဉ်တိုက်မှုဖြစ်ပြီးနောက် ကားကိုမောင်း၍ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးရာ ကားထားခဲ့ပြီး မောင်းနှင်သူထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရသည်။

ယာဉ်တိုက်မှုဖြစ်ပွားသည့် ကားမောင်းသူအား အမြန်ဖမ်းဆီးရမိရန် ဆောင်ရွက်နပြေီး နမ့်စန်မြို့မရဲစခန်းတွင် ယာဉ်(ပ) ၂၂/၂၀၁၆ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/၃၃၈/၂၀၂ တို့ဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - သန်းစိုးအောင် 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~