နမ့္စန္ၿမိဳ႕၌ က်ပ္သိန္း (၁၇၀)ခန္႔ တန္ဖိုးရွိ စိတ္ၾကြေဆးျပားမ်ား ဖမ္းဆီးရမိ

နမ့္စန္ၿမိဳ႕၌ က်ပ္သိန္း (၁၇၀)ခန္႔ တန္ဖိုးရွိ စိတ္ၾကြေဆးျပားမ်ား ဖမ္းဆီးရမိ
နိုဝင်ဘာ 23, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ေတာင္ပိုင္းေဒသ၊ နမ့္စန္ၿမိဳ႕တြင္  တန္ဖိုးေငြက်ပ္သိန္း (၁၇၀)ဝန္းက်င္ရွိသည့္ Wyစာတန္းပါ စိတ္ႂကြေဆးျပား (၁၇,၀၀၀)ျပား ကို သယ္ေဆာင္လာသူႏွင့္အတူ ဖမ္းဆီးရမိေၾကာင္း သိရသည္။

 နမ့္စန္ၿမိဳ႕နယ္ရွိ သက္ဆိုင္ရာရဲတပ္ဖြဲ႔၀င္မ်ားႏွင့္ တာဝန္ရိွသူမ်ားပူးေပါင္းပါဝင္သည့္အဖဲြ႕သည္ ႏို၀င္ဘာလ(၂၃)ရက္ေန႔ ညေန(၄)နာရီ(၄၅)မိနစ္၀န္းက်င္က အမွတ္(၃)ေက်းရြာ ရတနာသိဒၶိဘုန္းႀကီးေက်ာင္းေ႐ွ႕၌ ခရီးသြားယာဥ္မ်ားကုိ ေ႐ွာင္တခင္ရပ္တန္႔ စစ္ေဆး႐ွာေဖြစဥ္ ခုိလမ္ၿမိဳ႕မွ နမ့္စန္ၿမိဳ႕ဖက္သုိ႔ ေမာင္းႏွင္လာေသာ ေမာ္ေတာ္ယာဥ္အား ရွာေဖြရာမွ ယာဥ္၏အတြင္း၌ ဝွက္၍သယ္ေဆာင္လာေသာ Wyစာတန္းပါ ပန္းေရာင္စိတ္ႂကြေဆးျပား(၂၀၀)ျပားပါ (၈၅)ထုပ္အား ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

စိတ္ၾကြေဆးမ်ားျဖင့္ ဖမ္းဆီးရမိသည့္ ယာဥ္ေမာင္းသူ အသက္ ၂၆ ႏွစ္အရြယ္ အာေဆာအား  နမ့္စန္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၂၇/၂၀၁၆ မူးယစ္ေဆး၀ါးႏွင့္စိတ္ကုိေျပာင္းလဲေစေသာပုဒ္မ ၁၅/၁၉(က)ျဖင့္ အမႈဖြင့္ေဆာင္ရြက္ေနေၾကာင္း ႏွင့္ ကြင္းဆက္တရားခံအား ဖမ္းဆီးရမိေရးအတြက္ ႀကိဳးပမ္းေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း - သန္းစိုးေအာင္

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်တောင်ပိုင်းဒေသ၊ နမ့်စန်မြို့တွင် တန်ဖိုးငွေကျပ်သိန်း (၁၇၀)ဝန်းကျင်ရှိသည့် Wyစာတန်းပါ စိတ်ကြွဆေးပြား (၁၇,ဝဝဝ)ပြား ကို သယ်ဆောင်လာသူနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

 နမ့်စန်မြို့နယ်ရှိ သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများပူးပေါင်းပါဝင်သည့်အဖွဲ့သည် နိုဝင်ဘာလ(၂၃)ရက်နေ့ ညနေ(၄)နာရီ(၄၅)မိနစ်ဝန်းကျင်က အမှတ်(၃)ကျေးရွာ ရတနာသိဒ္ဓိဘုန်းကြီးကျောင်းရှေ့၌ ခရီးသွားယာဉ်များကို ရှောင်တခင်ရပ်တန့် စစ်ဆေးရှာဖွေစဉ် ခိုလမ်မြို့မှ နမ့်စန်မြို့ဖက်သို့ မောင်းနှင်လာသော မော်တော်ယာဉ်အား ရှာဖွေရာမှ ယာဉ်၏အတွင်း၌ ဝှက်၍သယ်ဆောင်လာသော Wyစာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား(၂၀၀)ပြားပါ (၈၅)ထုပ်အား ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

စိတ်ကြွဆေးများဖြင့် ဖမ်းဆီးရမိသည့် ယာဉ်မောင်းသူ အသက် ၂၆ နှစ်အရွယ် အာဆောအား နမ့်စန်မြို့မရဲစခန်းတွင် မယ(ပ)၂၇/၂၀၁၆ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောပုဒ်မ ၁၅/၁၉(က)ဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်း နှင့် ကွင်းဆက်တရားခံအား ဖမ်းဆီးရမိရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - သန်းစိုးအောင်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~