ၾကားျဖတ္ေရြးေကာက္ပြဲအတြက္ NLD ကိုယ္စားလွယ္အျဖစ္ ျပည္သူမ်ား ပါဝင္ေရြးခ်ယ္ခံႏိုင္

ၾကားျဖတ္ေရြးေကာက္ပြဲအတြက္ NLD ကိုယ္စားလွယ္အျဖစ္ ျပည္သူမ်ား ပါဝင္ေရြးခ်ယ္ခံႏိုင္
နိုဝင်ဘာ 17, 2016
By Tachileik News Agency

လစ္လပ္ေနသည့္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေနရာအတြက္ ၾကားျဖတ္ေရြးေကာက္ပြဲတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ရန္ အဖြဲ႕ခ်ဳပ္ကိုယ္စားျပဳ ကိုယ္စားလွယ္ေလာင္းလ်ာအျဖစ္ ျပည္သူမ်ားလည္း ပါဝင္အေရြးခ်ယ္ခံနိုင္ေၾကာင္း မံုရြာၿမိဳ႕နယ္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီမွ သိရသည္။

"ဗဟိုညႊန္ၾကားခ်က္အရ အဖြဲ႕ခ်ဳပ္ကိုယ္စားျပဳအျဖစ္ ေရြးခ်ယ္ခံနိုင္ဖို႔ ပါတီဝင္ေတြမွ မဟုတ္ပါဘူး။ ပါတီဝင္မဟုတ္တဲ့ ျပည္သူေတြထဲကလည္း ပါဝင္ေရြးခ်ယ္ခံနိုင္ပါတယ္။ ဒါေပမဲ့ ပါတီစည္းမ်ဥ္း စည္ကမ္းအရ ပါတီကေန ထုတ္ပယ္ခံထားရသူေတာ့ မျဖစ္ရပါဘူး။ အခု ေရြးခ်ယ္ခံမယ့္သူေတြကို နိုဝင္ဘာ ၁၇ ရက္ေန႔ ေနာက္ဆံုးထားျပီး ေလ်ွာက္ထားဖို႔ ေလ်ွာက္လႊာေတြလည္း ထုတ္ေပးေနပါတယ္။ ေရြးခ်ယ္ရာမွာလည္း ပါတီရဲ႕ ဗဟိုညႊန္ၾကားခ်က္အတိုင္း စည္းမ်ဥ္းမ်ားအရ ေရြးခ်ယ္သြားမွာပါ"ဟု မံုရြာၿမိဳ႕နယ္အမ်ိဳးသားဒီမိုကေရအဖြဲ႕ခ်ဳပ္ ဥကၠဌ ဦးေနငယ္က ေျပာသည္။

ကိုယ္စားလွယ္ေလာင္းအျဖစ္ ေရြးခ်ယ္ခံမည့္သူမ်ားအေနျဖင့္ အဖြဲ႕ခ်ဳပ္၏ နိုင္ငံေရးမူဝါဒ သေဘာတရားႏွင့္ လုပ္ငန္းစဥ္မ်ားအား လိုက္နာေဆာင္ရြက္ႏိုင္မည့္ ပုဂၢိဳလ္မ်ားျဖစ္ရန္၊ ပါတီစည္းကမ္းအရ အေရးယူ ခံေနရသူမ်ား၊ ထုတ္ပယ္ခံထားရသူမ်ားႏွင့္ ပါတီႏွင့္ ကင္းကြာေနသူမ်ား မျဖစ္ေစရန္၊ သက္ဆိုင္ရာေဒသခံ ျပည္သူတို႔က ယံုၾကည္အားကိုးၿပီး လက္ခံနိုင္ေသာ ပုဂၢိဳလ္မ်ား ပါဝင္ေစရန္၊ နိုင္ငံျပည္သူ႔အက်ိဳးကို စြမ္းစြမ္းတမံ သယ္ပိုးေဆာင္ရြက္နိုင္မည့္ ပုဂၢိဳလ္မ်ားပါဝင္ရန္၊ ယွဥ္ၿပိဳင္ဘက္အား အနိုင္ရရိွေစရန္ အလားလာေကာင္းေသာ ပုဂၢိဳလ္မ်ား ပါဝင္ရန္၊ ေရြးေကာက္ပြဲတြင္ အနိုင္ရရိွေရး ဦးတည္ရန္၊ အရည္ခ်င္း တူပါက အမ်ိဳးသမီး၊ လူငယ္ႏွင့္ တိုင္းရင္းသားမ်ားကို ဦးစားေပးရန္ဟူေသာ အခ်က္မ်ားျဖင့္ ေရြးခ်ယ္ရန္ အဖြဲ႕ခ်ဳပ္ဗဟိုက ညႊန္ၾကားထားေၾကာင္း သိရသည္။

" ကိုယ္စားလွယ္ေလာင္းလ်ာအျဖစ္ ေရြးခ်ယ္ခံဖို႔ ျပည္သူေတြကို ဖိတ္ေခၚတာက ေကာင္းပါတယ္။ ျပည္သူေတြထဲမွာ တကယ္အရည္ခ်င္းရိွျပီး အားလံုးအတြက္ လက္ေတြ႕က်က်အလုပ္လုပ္နိုင္တဲ႔ ပုဂၢိဳလ္ေတြလည္း အမ်ားၾကီးရိွပါတယ္ ။ အမ်ားေလးစားယံုၾကည္ရၿပီး ၿမိဳ႕အတြက္အားကိုးရမယ့္သူ ျဖစ္ဖို႔လည္းလိုပါတယ္" ဟု မံုရြာၿမိဳ႕ခံ ကိုေအာင္ဝင္းေဌးက ေျပာသည္။

အဆိုပါ ကိုယ္စားလွယ္ေလာင္းအား ေရြးခ်ယ္ရာတြင္ ျမိဳ႕နယ္မွ ပါတီအလုပ္မႈေဆာင္အဖြဲ႕ဝင္ (၁၉) ဦးႏွင့္ လူငယ္တာဝန္ခံ (၂) ဦးတို႔က လ်ိဳ႕ဝွက္မဲေပး၍ ေရြးခ်ယ္ေပးရမည္ျဖစ္ၿပီး ေရြးခ်ယ္မႈကို နိုဝင္ဘာ (၁၈) ရက္ေန႔တြင္ ၿမိဳ႕နယ္အဖြဲ႕ခ်ဳပ္ရံုး၌ ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

မဲအမ်ားဆံုးရရိွသူသည္ ကိုယ္စားလွယ္ေလာင္းအျဖစ္ လ်ာထားခံရသူျဖစ္မည္ျဖစ္ၿပီး ဒုတိယရမဲအမ်ားဆံုး ရသူမွာ အရံ (၁) ႏွင့္ တတိယမဲအမ်ားဆံုးရသူကမွ အရံ (၂ )အျဖစ္ လ်ာထားခံရသူမ်ားျဖစ္မည္ဟု သိရသည္။

ၿမိဳ႕နယ္မွ အဆိုပါ မဲရလဒ္ႏွင့္ အေရြးခ်ယ္ခံထားရသူမ်ားအေပၚ သေဘာထားမွတ္ခ်က္မ်ားအား ပါတီ၏ ခရိုင္၊ တိုင္းႏွင့္ ဗဟိုသို႔ အဆင့္ဆင့္တင္ျပၿပီး အတည္ျပဳမႈ ရယူသြားမည္ျဖစ္ေၾကာင္း သိရသည္။

၂၀၁၆ ခုႏွစ္ ၾကားျဖတ္ေရြးေကာက္ပြဲအတြက္ ယွဥ္ၿပိဳင္ၾကမည့္ ပါတီအသီးသီးမွ ကိုယ္စားလွယ္ ေလာင္းမ်ားသည္ ေဖေဖာ္ဝါရီလနွင့္ မတ္လမ်ားအတြင္း မဲဆြယ္ခြင့္ရရိွၾကမည္ျဖစ္ၿပီး ေရြးေကာက္ပြဲအား ဧျပီလ ၁ ရက္ေန႔တြင္ က်င္းပျပဳလုပ္သြားမည္ဟု ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္က ေၾကညာထားေၾကာင္း သိရသည္။

သတင္း - ရန္ႏိုင္စိုး

~~~~~~~~⊰❂ unicode ~~~~~~~~
လစ်လပ်နေသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အဖွဲ့ချုပ်ကိုယ်စားပြု ကိုယ်စားလှယ်လောင်းလျာအဖြစ် ပြည်သူများလည်း ပါဝင်အရွေးချယ်ခံနိုင်ကြောင်း မုံရွာမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ သိရသည်။

"ဗဟိုညွှန်ကြားချက်အရ အဖွဲ့ချုပ်ကိုယ်စားပြုအဖြစ် ရွေးချယ်ခံနိုင်ဖို့ ပါတီဝင်တွေမှ မဟုတ်ပါဘူး။ ပါတီဝင်မဟုတ်တဲ့ ပြည်သူတွေထဲကလည်း ပါဝင်ရွေးချယ်ခံနိုင်ပါတယ်။ ဒါပေမဲ့ ပါတီစည်းမျဉ်း စည်ကမ်းအရ ပါတီကနေ ထုတ်ပယ်ခံထားရသူတော့ မဖြစ်ရပါဘူး။ အခု ရွေးချယ်ခံမယ့်သူတွေကို နိုဝင်ဘာ ၁၇ ရက်နေ့ နောက်ဆုံးထားပြီး လျှောက်ထားဖို့ လျှောက်လွှာတွေလည်း ထုတ်ပေးနေပါတယ်။ ရွေးချယ်ရာမှာလည်း ပါတီရဲ့ ဗဟိုညွှန်ကြားချက်အတိုင်း စည်းမျဉ်းများအရ ရွေးချယ်သွားမှာပါ"ဟု မုံရွာမြို့နယ်အမျိုးသားဒီမိုကရေအဖွဲ့ချုပ် ဥက္ကဌ ဦးနေငယ်က ပြောသည်။

ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခံမည့်သူများအနဖြေင့် အဖွဲ့ချုပ်၏ နိုင်ငံရေးမူဝါဒ သဘောတရားနှင့် လုပ်ငန်းစဉ်များအား လိုက်နာဆောင်ရွက်နိုင်မည့် ပုဂ္ဂိုလ်များဖြစ်ရန်၊ ပါတီစည်းကမ်းအရ အရေးယူ ခံနေရသူများ၊ ထုတ်ပယ်ခံထားရသူများနှင့် ပါတီနှင့် ကင်းကွာနေသူများ မဖြစ်စေရန်၊ သက်ဆိုင်ရာဒေသခံ ပြည်သူတို့က ယုံကြည်အားကိုးပြီး လက်ခံနိုင်သော ပုဂ္ဂိုလ်များ ပါဝင်စေရန်၊ နိုင်ငံပြည်သူ့အကျိုးကို စွမ်းစွမ်းတမံ သယ်ပိုးဆောင်ရွက်နိုင်မည့် ပုဂ္ဂိုလ်များပါဝင်ရန်၊ ယှဉ်ပြိုင်ဘက်အား အနိုင်ရရှိစေရန် အလားလာကောင်းသော ပုဂ္ဂိုလ်များ ပါဝင်ရန်၊ ရွေးကောက်ပွဲတွင် အနိုင်ရရှိရေး ဦးတည်ရန်၊ အရည်ချင်း တူပါက အမျိုးသမီး၊ လူငယ်နှင့် တိုင်းရင်းသားများကို ဦးစားပေးရန်ဟူသော အချက်များဖြင့် ရွေးချယ်ရန် အဖွဲ့ချုပ်ဗဟိုက ညွှန်ကြားထားကြောင်း သိရသည်။

" ကိုယ်စားလှယ်လောင်းလျာအဖြစ် ရွေးချယ်ခံဖို့ ပြည်သူတွေကို ဖိတ်ခေါ်တာက ကောင်းပါတယ်။ ပြည်သူတွေထဲမှာ တကယ်အရည်ချင်းရှိပြီး အားလုံးအတွက် လက်တွေ့ကျကျအလုပ်လုပ်နိုင်တဲ့ ပုဂ္ဂိုလ်တွေလည်း အများကြီးရှိပါတယ်။ အများလေးစားယုံကြည်ရပြီး မြို့အတွက်အားကိုးရမယ့်သူ ဖြစ်ဖို့လည်းလိုပါတယ်" ဟု မုံရွာမြို့ခံ ကိုအောင်ဝင်းဌေးက ပြောသည်။

အဆိုပါ ကိုယ်စားလှယ်လောင်းအား ရွေးချယ်ရာတွင် မြို့နယ်မှ ပါတီအလုပ်မှုဆောင်အဖွဲ့ဝင် (၁၉) ဦးနှင့် လူငယ်တာဝန်ခံ (၂) ဦးတို့က လျို့ဝှက်မဲပေး၍ ရွေးချယ်ပေးရမည်ဖြစ်ပြီး ရွေးချယ်မှုကို နိုဝင်ဘာ (၁၈) ရက်နေ့တွင် မြို့နယ်အဖွဲ့ချုပ်ရုံး၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မဲအများဆုံးရရှိသူသည် ကိုယ်စားလှယ်လောင်းအဖြစ် လျာထားခံရသူဖြစ်မည်ဖြစ်ပြီး ဒုတိယရမဲအများဆုံး ရသူမှာ အရံ (၁) နှင့် တတိယမဲအများဆုံးရသူကမှ အရံ (၂ )အဖြစ် လျာထားခံရသူများဖြစ်မည်ဟု သိရသည်။

မြို့နယ်မှ အဆိုပါ မဲရလဒ်နှင့် အရွေးချယ်ခံထားရသူများအပေါ် သဘောထားမှတ်ချက်များအား ပါတီ၏ ခရိုင်၊ တိုင်းနှင့် ဗဟိုသို့ အဆင့်ဆင့်တင်ပြပြီး အတည်ပြုမှု ရယူသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၆ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအတွက် ယှဉ်ပြိုင်ကြမည့် ပါတီအသီးသီးမှ ကိုယ်စားလှယ် လောင်းများသည် ဖေဖော်ဝါရီလနှင့် မတ်လများအတွင်း မဲဆွယ်ခွင့်ရရှိကြမည်ဖြစ်ပြီး ရွေးကောက်ပွဲအား ဧပြီလ ၁ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားကြောင်း သိရသည်။

သတင်း - ရန်နိုင်စိုး

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~