NCA စာချုပ်အား လိုက်နာမှု စောင့်ကြည့်ရေးအတွက် မြို့နယ်အဆင့်စောင့်ကြည့်ရေးကော်မတီဖွဲ့မည်

NCA စာချုပ်အား လိုက်နာမှု စောင့်ကြည့်ရေးအတွက် မြို့နယ်အဆင့်စောင့်ကြည့်ရေးကော်မတီဖွဲ့မည်
နိုဝငျဘာ 6, 2016
By Tachileik News Agency

အောက်ခြေတပ်ဖွဲ့ဝင်များ အနေဖြင့် NCA စာချုပ်ပါ စည်းမျဉ်းများ မလိုက်နာသည့် ကိစ္စရပ်များရှိပါက ကြန့်ကြာမှု မရှိဘဲ ဖြေရှင်းပေးနိုင်ရေးအတွက် မြို့နယ်အဆင့်အဖွဲ့များဖွဲ့ရန် ရှမ်းပြည်နယ် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC.S) အစည်းအဝေးတွင် ဆုံးဖြတ်လိုက်ကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့တွင် နိုဝင်ဘာလ (၄) ရက်က ကျင်းပခဲ့သည့် JMC.S တတိယအကြိမ် အစည်းအဝေးတွင် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“အဖွဲ့တွေ မြို့နယ်အဆင့်ထပ်ဖွဲ့ဖို့ JMC.U (ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ ပြည်ထောင်စုအဆင့်) ကို တင်ပြသွားပါမယ်” ဟု JMC.S အစည်းအဝေး တက်ရောက်သည့် အရပ်သားကိုယ်စားလှယ် ဦးဝင်းတင့်က Tachileik News Agency သို့ ပြောသည်။

အဆိုပါ အစည်းအဝေးကို JMC.S ကော်မတီဝင်(၁၄)ဦး၊ တပ်မတော်သားကိုယ်စားလှယ်(၇)ဦး၊ အစည်းအဝေးများမှဖိတ်ကြားထားသူ(၄)ဦး တက်ရောက်ခဲ့သည်။




~~~~~~~~⊰❂ unicode ~~~~~~~~

အောက်ခြေတပ်ဖွဲ့ဝင်များ အနဖြေင့် NCA စာချုပ်ပါ စည်းမျဉ်းများ မလိုက်နာသည့် ကိစ္စရပ်များရှိပါက ကြန့်ကြာမှု မရှိဘဲ ဖြေရှင်းပေးနိုင်ရေးအတွက် မြို့နယ်အဆင့်အဖွဲ့များဖွဲ့ရန် ရှမ်းပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC.S) အစည်းအေဝးတွင် ဆုံးဖြတ်လိုက်ကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့တွင် နိုဝင်ဘာလ (၄) ရက်က ကျင်းပခဲ့သည့် JMC.S တတိယအကြိမ် အစည်းအေဝးတွင် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“အဖွဲ့တွေ မြို့နယ်အဆင့်ထပ်ဖွဲ့ဖို့ JMC.U (ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ ပြည်ထောင်စုအဆင့်) ကို တင်ပြသွားပါမယ်” ဟု JMC.S အစည်းအေဝး တက်ရောက်သည့် အရပ်သားကိုယ်စားလှယ် ဦးဝင်းတင့်က Tachileik News Agency သို့ ပြောသည်။

အဆိုပါ အစည်းအေဝးကို JMC.S ကော်မတီဝင်(၁၄)ဦး၊ တပ်မတော်သားကိုယ်စားလှယ်(၇)ဦး၊ အစည်းအေဝးများမှဖိတ်ကြားထားသူ(၄)ဦး တက်ရောက်ခဲ့သည်။

သတင်း/ဓာတ်ပုံ - သန်းစိုးအောင် 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~