တရားမ၀င္ ေရာက္ရွိေနသည့္ တရုတ္ႏိုင္ငံသားအား မိုင္းေယာင္း၌ ဖမ္းဆီးရမိ

တရားမ၀င္ ေရာက္ရွိေနသည့္ တရုတ္ႏိုင္ငံသားအား မိုင္းေယာင္း၌ ဖမ္းဆီးရမိ
နိုဝင်ဘာ 20, 2016
By Tachileik News Agency

တာခ်ီလိတ္ခရိုင္၊ မိုင္းေယာင္းၿမိဳ႕တြင္ တရားမ၀င္ တရုတ္ႏိုင္ငံသားတစ္ဦး ေရာက္ရွိေနေၾကာင္း သတင္းရရွိရာမွ ေမာ္ေတာ္ယာဥ္ တစ္စီးႏွင့္အတူ ဖမ္းဆီးရမိေၾကာင္း သိရသည္။

မိုင္းေယာင္းၿမိဳ႕မေစ်းအနီးတြင္ တရားမ၀င္တရုတ္ႏိုင္ငံသားတစ္ဦး ေရာက္ရွိေနေၾကာင္း သတင္းရရွိရာမွ ရဲတပ္ဖြဲ႔ႏွင့္ လ၀ကမွ တာ၀န္ရွိသူမ်ားက ႏို၀င္ဘာလ (၁၉)ရက္ေန႔ နံနက္(၉)နာရီခြဲ၀န္းက်င္အခ်ိန္က သြားေရာက္ရွာေဖြ ဖမ္းဆီးရာ မိုင္းေယာင္းအေရွ႕ဘက္ ၀င္ေပါက္ေရွ႕၊ ေကာ္ေကာ့လမ္းေပၚတြင္ ၎အား JMC တံဆိပ္ပါ ေမာ္ေတာ္ယာဥ္ တစ္စီးႏွင့္အတူ ေတြ႕ရွိရျခင္း ျဖစ္ေၾကာင္း သိရသည္။

"အခုလို တရားမ၀င္ေရာက္ရွိေနေၾကာင္း သတင္းရလို႔ ကြ်န္ေတာ္တို႔ သြားေရာက္ ရွာေဖြ ဖမ္းဆီးခဲ့ၿပီး၊ ဆက္လက္ၿပီးေတာ့ စစ္ေဆးမႈေတြ ျပဳလုပ္ေနပါတယ္"ဟု လ၀ကအရာရွိတစ္ဦးက Tachileik News Agency သို႔ ေျပာသည္။

တရားမ၀င္ေရာက္ရွိေနေသာ တရုတ္ႏိုင္ငံသားမွာ အသက္(၄၆)ႏွစ္ရွိ လ်ဳိေဟာင္ျဖစ္ၿပီး၊ ၎သည္ တရုတ္ႏိုင္ငံ၊ စီခြ်မ္ျပည္နယ္၊ စီခြ်မ္ၿမိဳ႕၊ လာခ်ားရပ္ကြက္တြင္ ေနထိုင္သူ ျဖစ္ေၾကာင္း သိရသည္။

တရားမ၀င္ေရာက္ရွိလာသူ အဆိုပါ တရုတ္ႏိုင္ငံသားအား မိုင္းေယာင္းၿမိဳ႕မွ ဒုလ၀ကမွဴး ဦးကံေဌးျမင့္က လ၀ကအက္ဥပေဒအရ တရားလိုျပဳလုပ္တိုင္တန္းရာ မိုင္းေယာင္းၿမိဳ႕မရဲစခန္းမွ (ပ) ၂၈/၂၀၁၆၊ လ၀က အက္ဥပေဒ ၁၃(၁)ျဖင့္ အမႈဖြင့္လွစ္ထားရွိၿပီး၊ စစ္ေဆးမႈမ်ားျပဳလုပ္ေနလွ်က္ရွိေၾကာင္း သိရွိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့တွင် တရားမဝင် တရုတ်နိုင်ငံသားတစ်ဦး ရောက်ရှိနေကြောင်း သတင်းရရှိရာမှ မော်တော်ယာဉ် တစ်စီးနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

မိုင်းယောင်းမြို့မဈေးအနီးတွင် တရားမဝင်တရုတ်နိုင်ငံသားတစ်ဦး ရောက်ရှိနေကြောင်း သတင်းရရှိရာမှ ရဲတပ်ဖွဲ့နှင့် လဝကမှ တာဝန်ရှိသူများက နိုဝင်ဘာလ (၁၉)ရက်နေ့ နံနက်(၉)နာရီခွဲဝန်းကျင်အချိန်က သွားရောက်ရှာဖွေ ဖမ်းဆီးရာ မိုင်းယောင်းအရှေ့ဘက် ဝင်ပေါက်ရှေ့၊ ကော်ကော့လမ်းပေါ်တွင်၎င်းအား JMC တံဆိပ်ပါ မော်တော်ယာဉ် တစ်စီးနှင့်အတူ တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

"အခုလို တရားမဝင်ရောက်ရှိနေကြောင်း သတင်းရလို့ ကျွန်တော်တို့ သွားရောက် ရှာဖွေ ဖမ်းဆီးခဲ့ပြီး၊ ဆက်လက်ပြီးတော့ စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်"ဟု လဝကအရာရှိတစ်ဦးက Tachileik News Agency သို့ ပြောသည်။

တရားမဝင်ရောက်ရှိနေသော တရုတ်နိုင်ငံသားမှာ အသက်(၄၆)နှစ်ရှိ လျိုဟောင်ဖြစ်ပြီး၊၎င်းသည် တရုတ်နိုင်ငံ၊ စီချွမ်ပြည်နယ်၊ စီချွမ်မြို့၊ လာချားရပ်ကွက်တွင် နေထိုင်သူ ဖြစ်ကြောင်း သိရသည်။

တရားမဝင်ရောက်ရှိလာသူ အဆိုပါ တရုတ်နိုင်ငံသားအား မိုင်းယောင်းမြို့မှ ဒုလဝကမှူး ဦးကံဌေးမြင့်က လဝကအက်ဥပဒေအရ တရားလိုပြုလုပ်တိုင်တန်းရာ မိုင်းယောင်းမြို့မရဲစခန်းမှ (ပ) ၂၈/၂၀၁၆၊ လဝက အက်ဥပဒေ ၁၃(၁)ဖြင့် အမှုဖွင့်လှစ်ထားရှိပြီး၊ စစ်ဆေးမှုများပြုလုပ်နေလျှက်ရှိကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~