တစ္ပတ္အၾကာ တည္းခိုေနၿပီးမွ ကုတင္ေအာက္မွာ လူေသေလာင္းရွိမွန္းသိလိုက္ရ

တစ္ပတ္အၾကာ တည္းခိုေနၿပီးမွ ကုတင္ေအာက္မွာ လူေသေလာင္းရွိမွန္းသိလိုက္ရ
နိုဝင်ဘာ 8, 2016
By Tachileik News Agency

မကၠဆီကိုႏုိင္ငံ ၿမိဳ႕ေတာ္ မကၠဆီကိုၿမိဳ႕လယ္က ဟိုတယ္အယ္ဆီနာေဒါမွာ တစ္ပတ္ၾကာ တည္းခိုေနတဲ့ ဧည့္သည္ေတြဟာ ကုတင္ေအာက္က အနံ႔တစ္ခု ခုရတယ္ဆိုတာေၾကာင့္ သန္႔ရွင္းေရးဝန္ထမ္းက ကုတင္ေအာက္ကို ရွာၾကည့္ရာကေန  လူေသအေလာင္းကို ေတြ႔လုိက္ရတယ္လို႔ ဆိုပါတယ္။

ဟိုတယ္ရဲ႕ သန္႔ရွင္းေရး အမ်ိဳးသမီးႏွစ္ဦးက ကုတင္ကို ဖယ္ရွားၾကည့္လိုက္ရာမွာ ပလတ္စတစ္အိတ္နဲ႔ ထုပ္ထားတဲ့ အသက္ (၂၅) နဲ႔ (၃၀) ၾကားလို႔ ခန္႔မွန္းရတဲ့ အမ်ိဳးသမီးအေလာင္းတစ္ေလာင္းကို ေတြ႔လုိက္ရတာေၾကာင့္ ရဲတပ္ဖြဲ႕ကို အေၾကာင္းၾကားခဲ့တာလို႔ သိရပါတယ္။

ေသဆံုးသူ ဘယ္သူျဖစ္တယ္ဆိုတာကိုေတာ့ အတည္မျပဳႏုိင္ေသးေပမဲ့ အသက္ရႈၾကပ္ၿပီး ေသဆံုးသြားတာလို႔ စစ္ေဆးခ်က္အရ သိရတယ္ေၾကာင္း ရဲတပ္ဖြဲ႕က ဆိုပါတယ္။

“ဧည့္သည္ေတြ ဒီအခန္းကို ဝင္လိုက္ ထြက္လိုက္ အမ်ားႀကီး လာတည္းသြားတာပဲ။ ဧည့္သည္ေတြလည္း ဒီအမ်ိဳးသမီးအေလာင္း ကုတင္ေအာက္မွာ ရိွေနမွန္းမသိဘဲ တည္းသြားၾကတာျဖစ္မယ္”လို႔ ဟိုတယ္က တာဝန္ရိွသူက ဆိုပါတယ္။

ဒီအမ်ိဳးသမီးဟာ အမ်ိဳးသားတစ္ဦးနဲ႔ လာေရာက္တည္းခိုတာလို႔ ဟိုတယ္ဝန္ထမ္းေတြက အတည္ျပဳေပမဲ့ စီစီတီဗီမွတ္တမ္းမရွိဘူးလို႔ ဆိုပါတယ္။

ဒါေၾကာင့္ ေသဆံုးသူအမ်ိဳးသမီးနဲ႔ လာတည္းသူဟာ ဘယ္သူျဖစ္မလဲဆိုတာ မွန္းဆရခက္ေနပါတယ္လို႔ သိရပါတယ္။

ဘာသာျပန္ - ဇာႏွင္းထိုက္
Ref; DAILYMAIL.CO.UK


~~~~~~~~⊰❂ unicode ~~~~~~~~

မက္ကဆီကိုနိုင်ငံ မြို့တော် မက္ကဆီကိုမြို့လယ်က ဟိုတယ်အယ်ဆီနာဒေါမှာ တစ်ပတ်ကြာ တည်းခိုနေတဲ့ ဧည့်သည်တွေဟာ ကုတင်အောက်က အနံ့တစ်ခု ခုရတယ်ဆိုတာကြောင့် သန့်ရှင်းရေးဝန်ထမ်းက ကုတင်အောက်ကို ရှာကြည့်ရာကနေ လူသေအလောင်းကို တွေ့လိုက်ရတယ်လို့ ဆိုပါတယ်။

ဟိုတယ်ရဲ့ သန့်ရှင်းရေး အမျိုးသမီးနှစ်ဦးက ကုတင်ကို ဖယ်ရှားကြည့်လိုက်ရာမှာ ပလတ်စတစ်အိတ်နဲ့ ထုပ်ထားတဲ့ အသက် (၂၅) နဲ့ (၃၀) ကြားလို့ ခန့်မှန်းရတဲ့ အမျိုးသမီးအလောင်းတစ်လောင်းကို တွေ့လိုက်ရတာကြောင့် ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့တာလို့ သိရပါတယ်။

သေဆုံးသူ ဘယ်သူဖြစ်တယ်ဆိုတာကိုတော့ အတည်မပြုနိုင်သေးပေမဲ့ အသက်ရှုကြပ်ပြီး သေဆုံးသွားတာလို့ စစ်ဆေးချက်အရ သိရတယ်ကြောင်း ရဲတပ်ဖွဲ့က ဆိုပါတယ်။

“ဧည့်သည်တွေ ဒီအခန်းကို ဝင်လိုက် ထွက်လိုက် အများကြီး လာတည်းသွားတာပဲ။ ဧည့်သည်တွေလည်း ဒီအမျိုးသမီးအလောင်း ကုတင်အောက်မှာ ရှိနေမှန်းမသိဘဲ တည်းသွားကြတာဖြစ်မယ်”လို့ ဟိုတယ်က တာဝန်ရှိသူက ဆိုပါတယ်။

ဒီအမျိုးသမီးဟာ အမျိုးသားတစ်ဦးနဲ့ လာရောက်တည်းခိုတာလို့ ဟိုတယ်ဝန်ထမ်းတွေက အတည်ပြုပေမဲ့ စီစီတီဗီမှတ်တမ်းမရှိဘူးလို့ ဆိုပါတယ်။

ဒါကြောင့် သေဆုံးသူအမျိုးသမီးနဲ့ လာတည်းသူဟာ ဘယ်သူဖြစ်မလဲဆိုတာ မှန်းဆရခက်နေပါတယ်လို့ သိရပါတယ်။

ဘာသာပြန် - ဇာနှင်းထိုက်
Ref; DAILYMAIL.CO.UK

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~