မူဆယ္ၿမိဳ႕တြင္း ယမန္ေန႔ညပိုင္းကလက္နက္ႀကီးက်ေရာက္ေပါက္ကြဲမႈ ဒဏ္ရာရသူမရိွ

မူဆယ္ၿမိဳ႕တြင္း ယမန္ေန႔ညပိုင္းကလက္နက္ႀကီးက်ေရာက္ေပါက္ကြဲမႈ ဒဏ္ရာရသူမရိွ
နိုဝင်ဘာ 29, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ၿမိဳ႕တြင္ ႏိုဝင္ဘာလ (၂၈) ရက္ ည (၆) နာရီ (၄၀)မိနစ္ခန္႔က ျဖစ္ပြားခဲ့သည့္ ေပါက္ကြဲမႈမွာ ဟိုနားရပ္ကြက္ ျပည္ေထာင္စုလမ္းအနီးတြင္ လက္နက္ႀကီးက်ည္က်ေရာက္ခဲ့ျခင္းျဖစ္ၿပီး ထိခိုက္ဒဏ္ရာရသူ မရိွေၾကာင္း မူဆယ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴးက အတည္ျပဳေျပာၾကားသည္။

“လက္နက္ႀကီးက်ည္ က်တာပါ။ လူေတြ ထိခိုက္ဒဏ္ရာရတာမရိွပါဘူး”ဟု မူဆယ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး ရဲမွဴး စိုးသန္းက Tachileik News Agency သို႔ေျပာသည္။

ယမန္ေန႔ညက ေပါက္ကြဲမႈေၾကာင့္ အခင္းျဖစ္ပြားရာေနရာအား ႏိုဝင္ဘာလ (၂၉)ရက္တြင္ ရဲတပ္ဖြဲ႕က ရွာေဖြအတည္ျပဳခဲ့ျခင္းျဖစ္သည္။

လက္နက္ကိုင္ပူးေပါင္းအဖြဲ႔က ရွမ္းျပည္နယ္ ေျမာက္ပိုင္း မူဆယ္ၿမိဳ႕နယ္ႏွင့္ ကြတ္ခိုင္ၿမိဳ႕နယ္မ်ားတြင္ ႏိုဝင္ဘာလ (၂၀) ရက္ေန႔က စတင္တိုက္ခိုက္မႈေၾကာင့္ တုိက္ပြဲျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး လတ္တေလာအေျခအေနမွာ တည္ၿငိမ္ေနၿပီဟုဆိုေသာ္လည္း ေဒသတြင္းလံုုၿခံဳေရးကို တိုးျမႇင့္ထားရဆဲျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕မွ သိရသည္။

သတင္း - ႏိုႏို

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် နိုဝင်ဘာလ (၂၈) ရက် ည (၆) နာရီ (၄၀)မိနစ်ခန့်က ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုမှာ ဟိုနားရပ်ကွက် ပြည်ထောင်စုလမ်းအနီးတွင် လက်နက်ကြီးကျည်ကျရောက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း မူဆယ်မြို့နယ်ရဲတပ်ဖွဲ့မှူးက အတည်ပြုပြောကြားသည်။

“လက်နက်ကြီးကျည် ကျတာပါ။ လူတွေ ထိခိုက်ဒဏ်ရာရတာမရှိပါဘူး”ဟု မူဆယ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စိုးသန်းက Tachileik News Agency သို့ပြောသည်။

ယမန်နေ့ညက ပေါက်ကွဲမှုကြောင့် အခင်းဖြစ်ပွားရာနေရာအား နိုဝင်ဘာလ (၂၉)ရက်တွင် ရဲတပ်ဖွဲ့က ရှာဖွေအတည်ပြုခဲ့ခြင်းဖြစ်သည်။

လက်နက်ကိုင်ပူးပေါင်းအဖွဲ့က ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်များတွင် နိုဝင်ဘာလ (၂၀) ရက်နေ့က စတင်တိုက်ခိုက်မှုကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လတ်တလောအခြေအနေမှာ တည်ငြိမ်နပြေီဟုဆိုသော်လည်း ဒေသတွင်းလုံခြုံရေးကို တိုးမြှင့်ထားရဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

သတင်း - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~