မိုင္းတံု၌ က်ပ္(၉၇)သိန္းေက်ာ္ တန္ဖိုးရွိ ကထိန္ပေဒသာပင္မ်ား လွည့္လည္

မိုင္းတံု၌ က်ပ္(၉၇)သိန္းေက်ာ္ တန္ဖိုးရွိ ကထိန္ပေဒသာပင္မ်ား လွည့္လည္
နိုဝင်ဘာ 13, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ မိုင္းဆတ္ခရိုင္၊ မိုင္းတံုၿမိဳ႕၏ (၃၁)ႀကိမ္ေျမာက္ ၿမိဳ႕လံုးကြ်တ္ ​စု​ေပါင္​း မဟာဘုံ ကထိန္​ပြဲ​ေတာ္၏ ပ​ေဒသာပင္မ်ား ၿမိဳ႕တြင္းလွည့္လည္ျခင္းအား ႏိုဝင္ဘာလ (၁၃) ရက္က က်င္းပေၾကာင္း  သိရသည္။

ပေဒသာပင္​(၂၄) ပင္ႏွင္​့ စာ​ေရးတံမဲ​ေငြပ​ေဒသာပင္​(၅၀)တို႔အား ၿမိဳ႕မမဂၤလာေမြေတာ္ေက်ာင္းတိုက္သို႔ ပို႔ေဆာင္ၿပီး ႏိုဝင္ဘာလ (၁၄) ရက္တြင္ ေရစက္ခ်လႈဒါန္းကာ  မိုင္​းတံုၿမိဳ႕နယ္​အတြင္​းရိွ ဘုန္​း​ေတာ္​ႀကီး​ေက်ာင္​းမ်ားသုိ႔ မဲခြဲလွဴဒါန္​းပူ​ေဇာ္​သြားမည္​ျဖစ္​​ေၾကာင္​း ၿမိဳ႕နယ္​သာသနာ​ေရးဦးစီးအရာရိွဦးၾကင္​​ေရႊထံမွ သိရသည္။

စု​ေပါင္​းမဟာဘံုကထိန္​တြင္ ​ဌာနဆိုင္​ရာမိသားစုမ်ား၊ ႏိုင္​ငံ​ေရးပါတီမ်ား၊ လူမွဳ​ေရးအသင္​းအဖြဲ႔မ်ား၊ တပ္​ရင္​း တပ္​ဖြ႔ဲမ်ားႏွင္​့​ ေစတနာ႐ွင္​မ်ား စု​ေပါင္​းလွဴဒါန္​းၾကၿပီး ေငြသားႏွင္​့ပစၥည္​းစုစု​ေပါင္​း တန္​ဖိုးက်ပ္​(၉,၇၃၅,၁၅၀) ရိွ​ေၾကာင္​း သိရသည္​။

သတင္း - ေအာင္ေဇယ်

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၏ (၃၁)ကြိမ်မြောက် မြို့လုံးကျွတ် ​စု​ပေါင်​း မဟာဘုံ ကထိန်​ပွဲ​တော်၏ ပ​ဒေသာပင်များ မြို့တွင်းလှည့်လည်ခြင်းအား နိုဝင်ဘာလ (၁၃) ရက်က ကျင်းပကြောင်း သိရသည်။

ပဒေသာပင်​(၂၄) ပင်နှင်​့ စာ​ရေးတံမဲ​ငွေပ​ဒေသာပင်​(၅၀)တို့အား မြို့မမင်္ဂလာမွေတော်ကျောင်းတိုက်သို့ ပို့ဆောင်ပြီး နိုဝင်ဘာလ (၁၄) ရက်တွင် ရေစက်ချလှုဒါန်းကာ မိုင်​းတုံမြို့နယ်​အတွင်​းရှိ ဘုန်​း​တော်​ကြီး​ကျောင်​းများသို့ မဲခွဲလှူဒါန်​းပူ​ဇော်​သွားမည်​ဖြစ်​​ကြောင်​း မြို့နယ်​သာသနာ​ရေးဦးစီးအရာရှိဦးကြင်​​ရွှေထံမှ သိရသည်။

စု​ပေါင်​းမဟာဘုံကထိန်​တွင် ​ဌာနဆိုင်​ရာမိသားစုများ၊ နိုင်​ငံ​ရေးပါတီများ၊ လူမှု​ရေးအသင်​းအဖွဲ့များ၊ တပ်​ရင်​း တပ်​ဖွဲ့များနှင်​့​ စေတနာရှင်​များ စု​ပေါင်​းလှူဒါန်​းကြပြီး ငွေသားနှင်​့ပစ္စည်​းစုစု​ပေါင်​း တန်​ဖိုးကျပ်​(၉,၇၃၅,၁၅၀) ရှိ​ကြောင်​း သိရသည်​။

သတင်း - အောင်ဇေယျ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~