မို္င္းဆတ္၌ လွ်ပ္စစ္ဓါတ္အားျဖန္႔ျဖဴးမည့္ကုမၸဏီ သံုးႏွစ္ၾကာသည္အထိ မေဆာင္ရြက္ႏိုင္ေသး

မို္င္းဆတ္၌ လွ်ပ္စစ္ဓါတ္အားျဖန္႔ျဖဴးမည့္ကုမၸဏီ သံုးႏွစ္ၾကာသည္အထိ မေဆာင္ရြက္ႏိုင္ေသး
နိုဝင်ဘာ 18, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း မိုင္းဆတ္ၿမိဳ႕အား တစ္ႏွစ္အတြင္း လွ်ပ္စစ္ဓါတ္အားျဖန္႔ျဖဴးေပးရန္ အစိုးရႏွင့္ စာခ်ဳပ္ခ်ဳပ္ဆို လုပ္ကိုင္ေနသည့္ လြယ္ဆမ္ဆံုကုမၸဏီသည္ သံုးႏွစ္ၾကာသည္အထိ တစ္ၿမိဳ႕လံုးျဖန္႔ခ်ိိႏိုင္ျခင္း မရိွေသးေၾကာင္း သိရသည္။

မိုင္းဆတ္ၿမိဳ႕ရိွ မီတာသုံးစဲြသူ(၂၆၉၆)အိမ္ကို အိမ္သုံးတစ္ယူနစ္(၃၅)က်ပ္ႏွင့္ လုပ္ငန္းသုံး(၇၅)က်ပ္ႏႈန္းျဖင့္ မယ္ပန္ေရအားလွ်ပ္စစ္မွ ၆၀၀ ကီလို၀ပ္ စက္(၂)လုံးနဲ႔ ထုတ္လုပ္ျဖန္႔ျဖဴးေပးေနေၾကာင္း သိရသည္။

“ မီးသုံးစဲြတဲ့ ပမာဏက စစ္တပ္ အပါအ၀င္ (၁၄၀၀) ကီလို၀ပ္ရိွတဲ့အတြက္ လက္ရိွေရအားလွ်ပ္စစ္နဲ႔ မႏိုင္ပါဘူး။ ဒါေၾကာင့္ မီးသုံးစဲြမႈ အမ်ားဆုံးအခ်ိန္ျဖစ္တဲ့ နံနက္ (၅) နာရီကေန (၈) နာရီအတြင္းနဲ႔ ညေန (၅) နာရီကေန (၈) နာရီအတြင္းကုိ ေလးရက္ျခားတစ္ခါ အလွည့္က် မီးေပးတဲ့စနစ္နဲ႔ေဆာင္ရြက္ေနရပါတယ္”ဟု ခ႐ိုင္လွ်ပ္စစ္ အင္ဂ်င္နီယာမွဴး ဦးသိန္းေဇာ္ထြန္းက ေျပာသည္။

ေရအားလွ်ပ္စစ္မွ ဓါတ္အားျဖန္႔ျဖဴးႏုိင္မႈမွာ မလံုေလာက္သျဖင့္ ၂၀၁၇ ခုႏွစ္ ဇန္နဝါရီလမွ စတင္ကာ ေရအားလွ်ပ္စစ္အျပင္ (၅၀၀) ကီလို၀ပ္ မီးစက္ (၂)လုံးျဖင့္ ေန႔စဥ္ နံနက္ ၅ နာရီမွ နံနက္ ၁၀ နာရီအထိ၊ ညေန ၅ နာရီမွ ၁၀ နာရီထိ တစ္ေန႔(၁၀)နာရီ ပုံမွန္လွ်စ္စစ္မီးေပးႏိုင္ေရးလုပ္ေဆာင္သြားရန္ စီစဥ္ထားေသာ္လည္း လက္ရိွ မီတာခႏႈန္းထားထက္ တိုးျမႇင့္ေကာက္ခံရန္လိုသည္ဟု လြယ္ဆမ္ဆုမ္ကုမၸဏီတာဝန္ရိွသူက ဆိုသည္။

“လက္ရိွေရအားလွ်ပ္စစ္ဟာ ၿမိဳ႕လူထုနဲ႔ ႏိုင္ငံေတာ္အစိုးရတို႔ ပူးေပါင္းၿပီး တည္ေဆာက္ထားတဲ့ ေရအားလွ်ပ္စစ္ျဖစ္တဲ့အတြက္ ကုမၸဏီအေနျဖင့္ ငါးၾကင္းဆီနဲ႔ ငါးၾကင္းေၾကာ္တဲ့ ပုံစံမျဖစ္ေစဘဲ ၂၄ နာရီ လွ်ပ္စစ္မီးရရိွ ေအာင္ ေဆာင္ရြက္ေပးေစလိုပါတယ္။ ကုမၸဏီအေနနဲ႔ ေဆာင္ရြက္ေပးႏိုင္ျခင္းမရိွရင္ အမ်ားပိုင္ကုမၸဏီျပဳလုပ္ ေဆာင္ရြက္ေစလိုပါတယ္”ဟု ၿမိဳ႕မိၿမိဳ႕ဖ ဦးစိုင္းခ်စ္ေသာင္းက ေျပာသည္။

လွ်ပ္စစ္မီးပုံမွန္ရရိွေရးအတြက္ ကုမၸဏီ၊ ၿမိဳ႕မိၿမိဳဖမ်ားႏွင့္ ေဒသခံျပည္သူမ်ားက ႏို၀င္ဘာလ ၁၅ ရက္တြင္ မိုင္းဆတ္ခ႐ိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၌ ေတြ႔ဆံုၿပီး ကုမၸဏီႏွင့္ ေဒသခံတို႔ လိုလားခ်က္မ်ား ေပါင္းစပ္ညႇိႏိႈင္းေဆာင္ရြက္ႏိုင္ေစရန္  ေဆာင္ရြက္ေပးခဲ့ေၾကာင္း ခ႐ိုင္စီမံခန္႔ခဲြမႈေကာ္မတီဥကၠဌ၊ ခ႐ိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးေနမ်ဳိးေအာင္ထံမွ သိရသည္။

ကုမၸဏီက လွ်ပ္စစ္ဓာတ္အားထုတ္လုပ္မႈကို ႏွစ္(၃၀)လုပ္ကိုင္ခြင့္ရရိွထားေသာ္လည္း ဓာတ္အား ျဖန္႔ျဖဴးျခင္း လုပ္ငန္းကို တစ္ႏွစ္တစ္ႀကိမ္သက္တမ္းတိုးျဖင့္ေဆာင္ရြက္ေနရၿပီး လက္ရိွေရစုကန္ႏွင့္ ရြယ္တူ ဂါလံ(၁၅)သန္းဆံ့ ေရစုကန္အသစ္ တည္ေဆာက္ေနမႈ(၆၀)ရာခိုင္ႏႈန္းႏွင့္ မယ္ေကာ္ေခ်ာင္းမွ ေရသြယ္ယူရန္ ကြင္းဆင္းတိုင္းတာ ေဆာင္ရြက္ေနမႈ (၇၀)ရာခိုင္ႏႈန္း ၿပီးေန ၿပီျဖစ္ေၾကာင္း ကုမၸဏီတာဝန္ရိွသူမ်ားက ေဒသခံမ်ားအား ရွင္းလင္းေၾကာင္း သိရသည္။

လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္ေရးႏွင့္ ျဖန္႔ျဖဴးေရးလုပ္ငန္းကို လြယ္ဆမ္ဆုံကုမၸဏီလီမီတက္က စက္႐ုံတည္ေဆာက္ျခင္းႏွင့္ လွ်ပ္စစ္မီးအျပည့္အ၀ရရိွေရးကို တစ္ႏွစ္အတြင္းေဆာင္ရြက္မည္ဟု သေဘာတူညီခ်က္ျဖင့္ ၂၀၁၃ ခုႏွစ္ မတ္လ (၃၁) ရက္တြြင္ အစိုးရႏွင့္ စာခ်ဳပ္ခ်ဳပ္ဆို လုပ္ကိုင္ေနျခင္းျဖစ္သည္။

သတင္း - သန္းေဇာ္ဦး

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်မြို့အား တစ်နှစ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးရန် အစိုးရနှင့် စာချုပ်ချုပ်ဆို လုပ်ကိုင်နေသည့် လွယ်ဆမ်ဆုံကုမ္ပဏီသည် သုံးနှစ်ကြာသည်အထိ တစ်မြို့လုံးဖြန့်ချိနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

မိုင်းဆတ်မြို့ရှိ မီတာသုံးစွဲသူ(၂၆၉၆)အိမ်ကို အိမ်သုံးတစ်ယူနစ်(၃၅)ကျပ်နှင့် လုပ်ငန်းသုံး(၇၅)ကျပ်နှုန်းဖြင့် မယ်ပန်ရေအားလျှပ်စစ်မှ ၆၀၀ ကီလိုဝပ် စက်(၂)လုံးနဲ့ ထုတ်လုပ်ဖြန့်ဖြူးပေးနေကြောင်း သိရသည်။

“ မီးသုံးစွဲတဲ့ ပမာဏက စစ်တပ် အပါအဝင် (၁၄၀၀) ကီလိုဝပ်ရှိတဲ့အတွက် လက်ရှိရေအားလျှပ်စစ်နဲ့ မနိုင်ပါဘူး။ ဒါကြောင့် မီးသုံးစွဲမှု အများဆုံးအချိန်ဖြစ်တဲ့ နံနက် (၅) နာရီကနေ (၈) နာရီအတွင်းနဲ့ ညနေ (၅) နာရီကနေ (၈) နာရီအတွင်းကို လေးရက်ခြားတစ်ခါ အလှည့်ကျ မီးပေးတဲ့စနစ်နဲ့ဆောင်ရွက်နေရပါတယ်”ဟု ခရိုင်လျှပ်စစ် အင်ဂျင်နီယာမှူး ဦးသိန်းဇော်ထွန်းက ပြောသည်။

ရေအားလျှပ်စစ်မှ ဓာတ်အားဖြန့်ဖြူးနိုင်မှုမှာ မလုံလောက်သဖြင့် ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ စတင်ကာ ရေအားလျှပ်စစ်အပြင် (၅၀၀) ကီလိုဝပ် မီးစက် (၂)လုံးဖြင့် နေ့စဉ် နံနက် ၅ နာရီမှ နံနက် ၁၀ နာရီအထိ၊ ညနေ ၅ နာရီမှ ၁၀ နာရီထိ တစ်နေ့(၁၀)နာရီ ပုံမှန်လျှစ်စစ်မီးပေးနိုင်ရေးလုပ်ဆောင်သွားရန် စီစဉ်ထားသော်လည်း လက်ရှိ မီတာခနှုန်းထားထက် တိုးမြှင့်ကောက်ခံရန်လိုသည်ဟု လွယ်ဆမ်ဆုမ်ကုမ္ပဏီတာဝန်ရှိသူက ဆိုသည်။

“လက်ရှိရေအားလျှပ်စစ်ဟာ မြို့လူထုနဲ့ နိုင်ငံတော်အစိုးရတို့ ပူးပေါင်းပြီး တည်ဆောက်ထားတဲ့ ရေအားလျှပ်စစ်ဖြစ်တဲ့အတွက် ကုမ္ပဏီအနဖြေင့် ငါးကြင်းဆီနဲ့ ငါးကြင်းကြော်တဲ့ ပုံစံမဖြစ်စေဘဲ ၂၄ နာရီ လျှပ်စစ်မီးရရှိ အောင် ဆောင်ရွက်ပေးစေလိုပါတယ်။ ကုမ္ပဏီအနေနဲ့ ဆောင်ရွက်ပေးနိုင်ခြင်းမရှိရင် အများပိုင်ကုမ္ပဏီပြုလုပ် ဆောင်ရွက်စေလိုပါတယ်”ဟု မြို့မိမြို့ဖ ဦးစိုင်းချစ်သောင်းက ပြောသည်။

လျှပ်စစ်မီးပုံမှန်ရရှိရေးအတွက် ကုမ္ပဏီ၊ မြို့မိမြိုဖများနှင့် ဒေသခံပြည်သူများက နိုဝင်ဘာလ ၁၅ ရက်တွင် မိုင်းဆတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ တွေ့ဆုံပြီး ကုမ္ပဏီနှင့် ဒေသခံတို့ လိုလားချက်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်စေရန် ဆောင်ရွက်ပေးခဲ့ကြောင်း ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်ထံမှ သိရသည်။

ကုမ္ပဏီက လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို နှစ်(၃၀)လုပ်ကိုင်ခွင့်ရရှိထားသော်လည်း ဓာတ်အား ဖြန့်ဖြူးခြင်း လုပ်ငန်းကို တစ်နှစ်တစ်ကြိမ်သက်တမ်းတိုးဖြင့်ဆောင်ရွက်နေရပြီး လက်ရှိရေစုကန်နှင့် ရွယ်တူ ဂါလံ(၁၅)သန်းဆံ့ ရေစုကန်အသစ် တည်ဆောက်နေမှု(၆၀)ရာခိုင်နှုန်းနှင့် မယ်ကော်ချောင်းမှ ရေသွယ်ယူရန် ကွင်းဆင်းတိုင်းတာ ဆောင်ရွက်နေမှု (၇၀)ရာခိုင်နှုန်း ပြီးနေ ပြီဖြစ်ကြောင်း ကုမ္ပဏီတာဝန်ရှိသူများက ဒေသခံများအား ရှင်းလင်းကြောင်း သိရသည်။

လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရေးလုပ်ငန်းကို လွယ်ဆမ်ဆုံကုမ္ပဏီလီမီတက်က စက်ရုံတည်ဆောက်ခြင်းနှင့် လျှပ်စစ်မီးအပြည့်အဝရရှိရေးကို တစ်နှစ်အတွင်းဆောင်ရွက်မည်ဟု သဘောတူညီချက်ဖြင့် ၂၀၁၃ ခုနှစ် မတ်လ (၃၁) ရက်တွင် အစိုးရနှင့် စာချုပ်ချုပ်ဆို လုပ်ကိုင်နခြေင်းဖြစ်သည်။

သတင်း - သန်းဇော်ဦး

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~