မူဆယ္တြင္ သတိထားရမည့္ အေျခအေနျဖစ္ေပၚပါက ျပည္သူမ်ားအား သက္ဆိုင္ရာမွ အခ်ိန္ႏွင့္တေျပးညီ အသိေပးမည္ဟုဆို

မူဆယ္တြင္ သတိထားရမည့္ အေျခအေနျဖစ္ေပၚပါက ျပည္သူမ်ားအား သက္ဆိုင္ရာမွ အခ်ိန္ႏွင့္တေျပးညီ အသိေပးမည္ဟုဆို
နိုဝင်ဘာ 24, 2016
By Tachileik News Agency

ျပည္သူမ်ား သတိထားရမည့္ အေျခအေနမ်ားျဖစ္ေပၚပါက အုပ္ခ်ဳပ္ေရးဌာနမွ အခ်ိန္ႏွင့္တေျပးညီ အသိေပးေၾကညာေဆာင္ရြက္ေပးသြားမည္ျဖစ္ေၾကာင္း မူဆယ္ခရိုင္ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနက အသိေပးထုတ္ျပန္ထားသည္။

ရွမ္းျပည္နယ္ေျမာက္ပိုင္း မိုင္းယု (၁၀၅)မိုင္ရိွ တပ္စခန္းအား ယေန႔ ႏိုဝင္ဘာလ (၂၄) ရက္ နံနက္ (၆)နာရီ (၄၀)မိနစ္တြင္ တုိင္းရင္းသားလက္နက္ကိုင္အဖြဲ႕မွ လက္နက္ငယ္ျဖင့္ အေဝးမွလာေရာက္ပစ္ခတ္မႈေၾကာင့္ သာမန္ထိေတြ႔မႈျဖစ္စဥ္တစ္ရပ္ျဖစ္ပြားၿပီးေနာက္ မူဆယ္ၿမိဳ႕ ခရိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ ယင္းကဲ့သို႔ ထုတ္ျပန္လိုက္ျခင္းျဖစ္သည္။

အဆိုပါျဖစ္စဥ္ေၾကာင့္ ေဒသတြင္း ျပည္သူမ်ားစိုးရိမ္ထိတ္လန္႔ရန္မလိုဘဲ ၿမိဳ႕လံုၿခံဳေရးအတြက္ တပ္မေတာ္၊ ရဲတပ္ဖြဲ႕၊ ျပည္သူ႔စစ္တပ္ဖြဲ႕ဝင္မ်ားျဖင့္ လံုၿခံဳေရးတိုးျမႇင့္ထားေၾကာင္း ျပည္သူမ်ားအား အသိေပးႏိႈးေဆာ္ထားသည္ကို ေတြ႔ရသည္။

"သက္ဆိုင္ရာဌာနေတြက အခုလို အခ်ိန္နဲ႔တေျပးညီ ျပည္သူေတြကို အသိေပးေတာ့၊ ပိုေကာင္းတာ တစ္ခုက ေကာလာဟလေတြကို ကာကြယ္ႏိုင္တာေပါ့၊ အခုက ၿမိဳ႕ထဲမွာ ဟိုတစ ဒီတစ နဲ႔ ေကာလာဟလအမ်ဳိးမ်ဳိးထြက္ေနတာ၊ ဘာလုပ္ရမွန္းမသိေတာ့ဘူး"ဟု မူဆယ္ေဒသခံ ဦးစိုင္းေက်ာ္က Tachileik News Agency သို႔ ေျပာသည္။

လက္နက္ကိုင္အဖြဲ႕မ်ားျဖစ္သည့္  TNLA၊ KIA ႏွင့္ MNDAA တို႔ပူးေပါင္း၍ ရွမ္းျပည္နယ္ ေျမာက္ပိုင္း မူဆယ္ၿမိဳ႕နယ္ႏွင့္ ကြတ္ခိုင္ၿမိဳ႕နယ္မ်ားအတြင္းရိွ တပ္စခန္းမ်ား၊ ရဲတပ္ဖြဲ႕စခန္းမ်ားႏွင့္ ၁၀၅ မုိင္ ကုန္သြယ္ေရးစခန္းတို႔အား ႏိုဝင္ဘာလ (၂၀) ရက္က တခ်ိန္တည္း တစ္ၿပိဳင္တည္း ဝင္ေရာက္တိုက္ခိုက္ခဲ့ေၾကာင္း  ႏုိင္ငံေတာ္သမၼတရံုးမွ သတင္းထုတ္ျပန္ထားသည္။

~~~~~~~~⊰❂ unicode ~~~~~~~~
ပြည်သူများ သတိထားရမည့် အခြေအနေများဖြစ်ပေါ်ပါက အုပ်ချုပ်ရေးဌာနမှ အချိန်နှင့်တပြေးညီ အသိပေးကြေညာဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မူဆယ်ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းယု (၁၀၅)မိုင်ရှိ တပ်စခန်းအား ယနေ့ နိုဝင်ဘာလ (၂၄) ရက် နံနက် (၆)နာရီ (၄၀)မိနစ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှ လက်နက်ငယ်ဖြင့် အဝေးမှလာရောက်ပစ်ခတ်မှုကြောင့် သာမန်ထိတွေ့မှုဖြစ်စဉ်တစ်ရပ်ဖြစ်ပွားပြီးနောက် မူဆယ်မြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ယင်းကဲ့သို့ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်ကြောင့် ဒေသတွင်း ပြည်သူများစိုးရိမ်ထိတ်လန့်ရန်မလိုဘဲ မြို့လုံခြုံရေးအတွက် တပ်မတော်၊ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များဖြင့် လုံခြုံရေးတိုးမြှင့်ထားကြောင်း ပြည်သူများအား အသိပေးနှိုးဆော်ထားသည်ကို တွေ့ရသည်။

"သက်ဆိုင်ရာဌာနတွေက အခုလို အချိန်နဲ့တပြေးညီ ပြည်သူတွေကို အသိပေးတော့၊ ပိုကောင်းတာ တစ်ခုက ကောလာဟလတွေကို ကာကွယ်နိုင်တာပေါ့၊ အခုက မြို့ထဲမှာ ဟိုတစ ဒီတစ နဲ့ ကောလာဟလအမျိုးမျိုးထွက်နေတာ၊ ဘာလုပ်ရမှန်းမသိတော့ဘူး"ဟု မူဆယ်ဒေသခံ ဦးစိုင်းကျော်က Tachileik News Agency သို့ ပြောသည်။

လက်နက်ကိုင်အဖွဲ့များဖြစ်သည့် TNLA၊ KIA နှင့် MNDAA တို့ပူးပေါင်း၍ ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်များအတွင်းရှိ တပ်စခန်းများ၊ ရဲတပ်ဖွဲ့စခန်းများနှင့် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းတို့အား နိုဝင်ဘာလ (၂၀) ရက်က တချိန်တည်း တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးမှ သတင်းထုတ်ပြန်ထားသည်။ 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~