မူဆယ်မြို့တွင် ပေါက်ကွဲမှုဟုယူဆရသည့် နေရာအား ရဲတပ်ဖွဲ့အတည်ပြုရန်ကြိုးစားနေ

မူဆယ်မြို့တွင် ပေါက်ကွဲမှုဟုယူဆရသည့် နေရာအား ရဲတပ်ဖွဲ့အတည်ပြုရန်ကြိုးစားနေ
နိုဝင်ဘာ 28, 2016
By Tachileik News Agency





လက်နက်ကိုင်ပူးပေါင်းအဖွဲ့က ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်များတွင် နိုဝင်ဘာလ (၂၀) ရက်နေ့က စတင်တိုက်ခိုက်မှုကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာလ ၂၈ ရက်တွင် မူဆယ်အခြေအနေမှာ တည်ငြိမ်နေပြီဟု သတင်းရရှိသည်။

သတင်း - နေဖြိုးမြင့်


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် နိုဝင်ဘာလ (၂၈) ရက် ည ၆ နာရီ ၄၀ ခန့်က ပေါက်ကွဲသံ ထွက်ပေါ်လာသဖြင့် အခင်းဖြစ်ပွားရာနေရာအား ရဲတပ်ဖွဲ့က အတည်ပြုနိုင်ရန် လုပ်ဆောင်နေကြောင်း သိရသည်။

“ညပိုင်းဖြစ်နေတဲ့အတွက် ဘယ်နေရာလဲဆိုတာ အတည်ပြုလို့မရသေးပါဘူး။ ပေါက်ကွဲသံကတော့ ကြားပါတယ်။ ပေါက်ကွဲတာ ကိုလည်း အတည်ပြုရှာဖွေဖို့ လုပ်မှာပါ။ ခုကမှောင်မိုက်နေတဲ့အတွက် အခြေအနေအရ နေရာကိုသွားမရှာဖွေရသေးပါဘူး” ဟု မူဆယ်မြို့မရဲစခန်းမှ ရဲအရာရှိကျော်ဆန်းဝင်းက Tachileik News Agencyသို့ ပြောသည်။

ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာအား အတည်ပြုရှာဖွေရန် လိုအပ်နေသေးကြောင်း သိရသည်။

“ကားလေးကွင်းနားတစ်ဝိုက်ကနေ အဲဒီအသံလာတယ်လို့ထင်တာပဲ။ တစ်ချို့ကလည်း ဗုံးကွဲတာလို့ ပြောတယ်။ တစ်ချို့ကလည်း လက်နက်ကြီး အမြောက်ဆံကျတယ်လို့ပြောတယ်။ အသံကတော့ တစ်ခါပဲ ကြားလိုက်တာ” ဟု မူဆယ်မြို့မှ အမျိုးသမီးတစ်ဦးက ပြောသည်။

လက်နက်ကိုင်ပူးပေါင်းအဖွဲ့က ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်များတွင် နိုဝင်ဘာလ (၂၀) ရက်နေ့က စတင်တိုက်ခိုက်မှုကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာလ ၂၈ ရက်တွင် မူဆယ်အခြေအနေမှာ တည်ငြိမ်နပြေီဟု သတင်းရရှိသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~