ရာစုနှစ်နှင့်ချီ၍ ခြင်မမြင်ဖူးသည့် တရုတ်နိုင်ငံက ဒိုင်ဝုလျန်ကျေးရွာ

ရာစုနှစ်နှင့်ချီ၍ ခြင်မမြင်ဖူးသည့် တရုတ်နိုင်ငံက ဒိုင်ဝုလျန်ကျေးရွာ
နိုဝငျဘာ 24, 2016
By Tachileik News Agency

ရာသီဥတုပြောင်းလဲမှုကြောင့် အရင်က ခြင်မရှိဖူးတဲ့ တောင်ပေါ်ဒေသတွေအထိ ခြင်ပေါက်ပွားမှု များလာတာကို ကြုံနေရချိန်မှာ တရုတ်နိုင်ငံ ဖူကျင့်ပြည်နယ် ဒိုင်ဝုလျန်ရွာကတော့ ရာစုနှစ်နဲ့ချီပြီး ခြင်ဆိုတာ မရှိခဲ့ဖူးတဲ့ဒေသဖြစ်နေတယ်လို့ သိရပါတယ်။

အဲ့ဒီဒေသမှာ နေထိုင်သူတွေဟာ ၁၂ ရာစုခေတ်မှာ မြောက်ပိုင်းကနေ တရုတ်နိုင်ငံအရှေ့တောင်ပိုင်းကို ရွှေ့ပြောင်းလာတဲ့လူမျိုးတွေ နေထိုင်ကြတာဖြစ်ပါတယ်။



ရွာသားတွေ ဘိုးဘွားစဉ်ဆက်လုပ်ဆောင်ကြတဲ့ ဓလေ့တစ်ခုကတော့ နေအိမ်တိုင်းက အမှိုက်တွေကို ရွာအနီးတောင်စောင်းမှာ မြေမြုပ်ပစ်လေ့ရှိတာပါ။

သာယာတဲ့သဘာဝ ပတ်ဝန်းကျင်နဲ့အတူ ရှေးဟောင်းအမွေအနှစ်များရှိနေတဲ့ကျေးရွာမှာ ခြင်ကင်းရှင်းတဲ့ အကြောင်းရင်းကိုတော့ ကျွမ်းကျင်တဲ့ လေ့လာသူတွေက အဖြေထုတ်ပေးမယ်လို့ မျှော်လင့်နေကြပါတယ်။



~~~~~~~~⊰❂ unicode ~~~~~~~~

ရာသီဥတုပြောင်းလဲမှုကြောင့် အရင်က ခြင်မရှိဖူးတဲ့ တောင်ပေါ်ဒေသတွေအထိ ခြင်ပေါက်ပွားမှု များလာတာကို ကြုံနေရချိန်မှာ တရုတ်နို်င်ငံ ဖူကျင့်ပြည်နယ် ဒိုင်ဝုလျန်ရွာကတော့ ရာစုနှစ်နဲ့ချီပြီး ခြင်ဆိုတာ မရှိခဲ့ဖူးတဲ့ဒေသဖြစ်နေတယ်လို့ သိရပါတယ်။

အဲ့ဒီဒေသမှာ နေထိုင်သူတွေဟာ ၁၂ ရာစုခေတ်မှာ မြောက်ပိုင်းကနေ တရုတ်နို်င်ငံအရှေ့တောင်ပိုင်းကို ရွှေ့ပြောင်းလာတဲ့လူမျိုးတွေ နေထိုင်ကြတာဖြစ်ပါတယ်။

ဒီဒေသမှာ ဘုရားကျောင်းငယ်တစ်ခုနဲ့ အနီးမှာ ဘိုးဘွားအစဉ်အဆက်ဆုတောင်းလာတဲ့ ကျောက်ရုပ်တုတစ်ခုရှိနေပါတယ်။

ကျောက်ရုပ်ထုရဲ့ပါးစပ်က ရွာဘက်ကို မျက်နှာမူနေတာကြောင့် ကျေးရွာမှာ ခြင်လုံးဝမရှိတာလို့ ဒေသခံတွေကတော့ ယုံကြည်ကြပါတယ်။

ရွာသားတွေ ဘိုးဘွားစဉ်ဆက်လုပ်ဆောင်ကြတဲ့ ဓလေ့တစ်ခုကတော့ နေအိမ်တိုင်းက အမှိုက်တွေကို ရွာအနီးတောင်စောင်းမှာ မြမြေုပ်ပစ်လေ့ရှိတာပါ။

သာယာတဲ့သဘာဝ ပတ်ဝန်းကျင်နဲ့အတူ ရှေးဟောင်းအမွေအနှစ်များရှိနေတဲ့ကျေးရွာမှာ ခြင်ကင်းရှင်းတဲ့ အကြောင်းရင်းကိုတော့ ကျွမ်းကျင်တဲ့ လေ့လာသူတွေက အဖြေထုတ်ပေးမယ်လို့ မျှော်လင့်နကြေပါတယ်။

ဘာသာပြန် - ဇာနှင်းထိုက်
Ref; People's Daily, China

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~