တာခ်ီလိတ္ - က်ဳိင္းတံု ကားလမ္းေပၚ ေျခာက္ဘီးယာဥ္ႏွင့္ ခရီးသည္တင္ယာဥ္ မ်က္ႏွာခ်င္းဆိုင္တိုက္မိ၍ တစ္ဦးေသ ေလးဦးဒဏ္ရာရ

တာခ်ီလိတ္ - က်ဳိင္းတံု ကားလမ္းေပၚ ေျခာက္ဘီးယာဥ္ႏွင့္ ခရီးသည္တင္ယာဥ္ မ်က္ႏွာခ်င္းဆိုင္တိုက္မိ၍ တစ္ဦးေသ ေလးဦးဒဏ္ရာရ
နိုဝင်ဘာ 18, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပို္င္း၊ တာခ်ီလိတ္ခရိုင္၊ မိုင္းျဖတ္ၿမိဳ႕ ဆိုင္းေလေက်းရြာအနီးတြင္ ေျခာက္ဘီးယာဥ္ႏွင့္ ခ်မ္းသာေအာင္ ခရီးသည္တင္ယာဥ္ (ဟိုင္းေအ့ယာဥ္)တို႔ ႏိုဝင္ဘာလ (၁၈)ရက္ေန႔ ညေန (၆)နာရီခြဲ၀န္းက်င္က ယာဥ္တိုက္မႈျဖစ္ပြားေၾကာင္း သိရသည္။

ယာဥ္(၂)စီးမ်က္ႏွာခ်င္းဆိုင္ တိုက္မႈျဖစ္၍ ခ်မ္းသာေအာင္ ယာဥ္ေပၚပါ ခရီးသည္(၁၄)ဦးအနက္ က်ား(၄)ဦး ဒဏ္ရာရရွိၿပီး အမ်ိဳးသမီး(၁)ဦးမွာ ယာဥ္တိုက္မႈ ျဖစ္ပြားရာေနရာ၌ပင္ ေသဆုံးသြားေၾကာင္း သိရသည္။

"ေသဆံုးသြားတဲ့ အမ်ဳိးသမီးကေတာ့ နတ္ေမာက္ကလို႔ ၾကားတယ္၊ အခုေနာက္ပိုင္း က်ဳိင္း - မိုင္းျဖတ္ - တာေလ - တာခ်ီလိတ္လမ္းက ယာဥ္တိုက္မႈ မၾကာခဏ ျဖစ္ေနတယ္၊ ယာဥ္ေမာင္းေတြအေနနဲ႔ သတိထားမွရေတာ့မယ္။ ျဖစ္လာရင္လည္း အသက္ေသဆံုးမိေတြအထိဆိုေတာ့ စိုးရိမ္စရာ ျဖစ္လာပါတယ္"ဟု မိုင္းျဖတ္ေဒသက ဦးအာေစာ္က ေျပာသည္။

တာခ်ီလိတ္ဘက္မွ က်ိဳင္းတံုဘက္သို႔ေမာင္းႏွင္လာသည့္ (၆)ဘီးယာဥ္ႏွင့္ က်ိဳင္းတံုမွ တာခ်ီလိတ္ဘက္သို႔ ေမာင္းႏွင္လာသည့္ ခရီးသည္တင္ယာဥ္တို႔ မ်က္ႏွာခ်င္းဆိုင္ တိုက္မိျခင္းျဖင့္ ခရီးသည္တင္ယာဥ္ေပၚမွ ဒဏ္ရာ ရသူမ်ားအနက္ (၃)ဦးမွာ အေျခအေန မစိုးရိမ္ရႏွင့္ တစ္ဦးမွာ ဒဏ္ရာျပင္းထန္ေၾကာင္း သိရသည္။

အဆိုပါ ယာဥ္တိုက္မႈႏွင့္ပတ္သက္၍ ခ်မ္းသာေအာင္ ခရီးသည္တင္ယာဥ္ေမာင္းျဖစ္သူသူ  ကူးမားအား မိုင္းျဖတ္ၿမိဳ႕မရဲစခန္းတြင္ ယာဥ္(ပ) ၁၁/၂၀၁၆ ရာဇသတ္ႀကီးပုဒ္မ ၃၀၄-က/၂၇၉/၃၃၇/၃၃၈ တို႔ျဖင့္ အမႈဖြင့္စစ္ေဆးေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း - ကိုသာ
ဓာတ္ပံု - မိုင္းျဖတ္ျမိဳ႕ သဂၤဟ လူမႈကူညီေရးအသင္း

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပို်င်း၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့ ဆိုင်းလေကျေးရွာအနီးတွင် ခြောက်ဘီးယာဉ်နှင့် ချမ်းသာအောင် ခရီးသည်တင်ယာဉ် (ဟိုင်းအေ့ယာဉ်)တို့ နိုဝင်ဘာလ (၁၈)ရက်နေ့ ညနေ (၆)နာရီခွဲဝန်းကျင်က ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သိရသည်။

ယာဉ်(၂)စီးမျက်နှာချင်းဆိုင် တိုက်မှုဖြစ်၍ ချမ်းသာအောင် ယာဉ်ပေါ်ပါ ခရီးသည်(၁၄)ဦးအနက် ကျား(၄)ဦး ဒဏ်ရာရရှိပြီး အမျိုးသမီး(၁)ဦးမှာ ယာဉ်တိုက်မှု ဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွားကြောင်း သိရသည်။

"သေဆုံးသွားတဲ့ အမျိုးသမီးကတော့ နတ်မောက်ကလို့ ကြားတယ်၊ အခုနောက်ပိုင်း ကျိုင်း - မိုင်းဖြတ် - တာလေ - တာချီလိတ်လမ်းက ယာဉ်တိုက်မှု မကြာခဏ ဖြစ်နေတယ်၊ ယာဉ်မောင်းတွေအနေနဲ့ သတိထားမှရတော့မယ်။ ဖြစ်လာရင်လည်း အသက်သေဆုံးမိတွေအထိဆိုတော့ စိုးရိမ်စရာ ဖြစ်လာပါတယ်"ဟု မိုင်းဖြတ်ဒေသက ဦးအာစော်က ပြောသည်။

တာချီလိတ်ဘက်မှ ကျိုင်းတုံဘက်သို့မောင်းနှင်လာသည့် (၆)ဘီးယာဉ်နှင့် ကျိုင်းတုံမှ တာချီလိတ်ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင်ယာဉ်တို့ မျက်နှာချင်းဆိုင် တိုက်မိခြင်းဖြင့် ခရီးသည်တင်ယာဉ်ပေါ်မှ ဒဏ်ရာ ရသူများအနက် (၃)ဦးမှာ အခြေအနေ မစိုးရိမ်ရနှင့် တစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုနှင့်ပတ်သက်၍ ချမ်းသာအောင် ခရီးသည်တင်ယာဉ်မောင်းဖြစ်သူသူ ကူးမားအား မိုင်းဖြတ်မြို့မရဲစခန်းတွင် ယာဉ်(ပ) ၁၁/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၂၇၉/၃၃၇/၃၃၈ တို့ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - ကိုသာ
ဓာတ်ပုံ - မိုင်းဖြတ်မြို့ သဂငှ် လူမှုကူညီရေးအသင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~