မိုင္းျဖတ္ၿမိဳ႕နယ္ပညာေရးမွဴးဖလားအား အထက(ဟိုနား) အမ်ိဳးသားအသင္းႏွင့္ အထက(မိုင္းျဖတ္) အမ်ိဳးသမီးအသင္းတို႔ ရရိွ

မိုင္းျဖတ္ၿမိဳ႕နယ္ပညာေရးမွဴးဖလားအား အထက(ဟိုနား) အမ်ိဳးသားအသင္းႏွင့္ အထက(မိုင္းျဖတ္) အမ်ိဳးသမီးအသင္းတို႔ ရရိွ
နိုဝင်ဘာ 29, 2016
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္ မိုင္းျဖတ္ၿမိဳ႕နယ္ပညာေရးမွဴးဖလား အသက္(၁၂)ႏွစ္ေအာက္ အမ်ဳိးသား / အမ်ဳိးသမီး ေက်ာင္းေပါင္းစံု ေဘာလံုးၿပိဳင္ပြဲ အမ်ိဳးသားပြဲစဥ္တြင္ အထက(ဟိုနား)အသင္းႏွင့္ အမ်ဳိးသမီးပြဲစဥ္တြင္ အထက(မိုးျဖတ္)အသင္းတို႔ ဗိုလ္စြဲသြားေၾကာင္း သိရသည္။

ဗိုလ္လုပြဲ အမ်ိဳးသားပြဲစဥ္တြင္ အထက(ဟိုနား)အသင္း မွ အထက(မိုင္းျဖတ္)အသင္းအား (၆)ဂိုး (၅)ဂိုးျဖင့္ လည္းေကာင္း အမ်ဳိးသမီးပြဲစဥ္တြင္ အထက(မိုင္းျဖတ္)အသင္းမွ  အမက(မူလြန္)-(ကြက္သစ္)အသင္းအား (၂)ဂိုး ဂိုးမ႐ွိျဖင့္လည္းေကာင္း အသီးသီး အႏိုင္ရ႐ွိသြားေၾကာင္း သိရသည္။

“ကြ်န္ေတာ္တို႔ ပညာေရးဦးစီးဌာနအေနနဲ႔ ကေလးေတြရဲ႕ ပညာေရးသာမက အားကစားဘက္မွာလည္း ထူးခြ်န္ေစရန္ ေက်ာင္းသား /ေက်ာင္းသူ အခ်င္းခ်င္း စည္း႐ံုးညီၫြတ္မႈရ႐ွိဖို႔အတြက္ ဒီပြဲကို ျပဴလုပ္ေပးတာပါ” ဟု လက္ေထာက္ၿမိဳ႕နယ္ပညာေရးမွဴး ဦးၾကည္ထြန္းက Tachileik News Agency ကို ေျပာသည္။

အားကစားႏွင့္ ကာယပညာဦးစီးဌာန ႏွင့္ ၿမိဳ႕နယ္ပညာေရးဦးစီးဌာတို႔က ပူးေပါင္း၍ ႏိုဝင္ဘာလ (၂၀)ရက္ေန႔မွ စတင္က်င္းပျခင္းျဖစ္ၿပီး ဗိုလ္လုပြဲကို ၿမိဳ႕နယ္အားကစားကြင္းတြင္ ႏိုဝင္ဘာလ(၂၉)ရက္ညေန ၃ နာရီ အခ်ိန္တြင္ က်င္းပျခင္းျဖစ္သည္။

အဆိုပါ ေဘာလံုးၿပိဳင္ပြဲတြင္ မိုင္းျဖတ္ၿမိဳ႕နယ္အတြင္းရွိ အထက၊ အလက၊ အမက(မူလြန္) ေက်ာင္းမ်ားမွ အမ်ဳိးသားအသင္း(၁၀)သင္း၊ အမ်ဳိးသမီးအသင္း(၇)သင္း ပါဝင္ယွဥ္ၿပိဳင္ၾကျခင္းျဖစ္သည္။

ဆုရရိွသြားေသာအသင္းမ်ားအား ဆုေပးပြဲသို႔ ဌာနဆိုင္ရာအႀကီးအကဲမ်ား၊ ပညာေရးဝန္ထမ္းမ်ား၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ေက်ာင္းသား/ေက်ာင္းသူမ်ား တက္ေရာက္ၾကသည္။

သတင္း/ဓာတ္ပံု - ကိုသာ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့နယ်ပညာရေးမှူးဖလား အသက်(၁၂)နှစ်အောက် အမျိုးသား / အမျိုးသမီး ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ အမျိုးသားပွဲစဉ်တွင် အထက(ဟိုနား)အသင်းနှင့် အမျိုးသမီးပွဲစဉ်တွင် အထက(မိုးဖြတ်)အသင်းတို့ ဗိုလ်စွဲသွားကြောင်း သိရသည်။

ဗိုလ်လုပွဲ အမျိုးသားပွဲစဉ်တွင် အထက(ဟိုနား)အသင်း မှ အထက(မိုင်းဖြတ်)အသင်းအား (၆)ဂိုး (၅)ဂိုးဖြင့် လည်းကောင်း အမျိုးသမီးပွဲစဉ်တွင် အထက(မိုင်းဖြတ်)အသင်းမှ အမက(မူလွန်)-(ကွက်သစ်)အသင်းအား (၂)ဂိုး ဂိုးမရှိဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိသွားကြောင်း သိရသည်။

“ကျွန်တော်တို့ ပညာရေးဦးစီးဌာနအနေနဲ့ ကလေးတွေရဲ့ ပညာရေးသာမက အားကစားဘက်မှာလည်း ထူးချွန်စေရန် ကျောင်းသား /ကျောင်းသူ အချင်းချင်း စည်းရုံးညီညွတ်မှုရရှိဖို့အတွက် ဒီပွဲကို ပြူလုပ်ပေးတာပါ” ဟု လက်ထောက်မြို့နယ်ပညာရေးမှူး ဦးကြည်ထွန်းက Tachileik News Agency ကို ပြောသည်။

အားကစားနှင့် ကာယပညာဦးစီးဌာန နှင့် မြို့နယ်ပညာရေးဦးစီးဌာတို့က ပူးပေါင်း၍ နိုဝင်ဘာလ (၂၀)ရက်နေ့မှ စတင်ကျင်းပခြင်းဖြစ်ပြီး ဗိုလ်လုပွဲကို မြို့နယ်အားကစားကွင်းတွင် နိုဝင်ဘာလ(၂၉)ရက်ညနေ ၃ နာရီ အချိန်တွင် ကျင်းပခြင်းဖြစ်သည်။

အဆိုပါ ဘောလုံးပြိုင်ပွဲတွင် မိုင်းဖြတ်မြို့နယ်အတွင်းရှိ အထက၊ အလက၊ အမက(မူလွန်) ကျောင်းများမှ အမျိုးသားအသင်း(၁၀)သင်း၊ အမျိုးသမီးအသင်း(၇)သင်း ပါဝင်ယှဉ်ပြိုင်ကြခြင်းဖြစ်သည်။

ဆုရရှိသွားသောအသင်းများအား ဆုပေးပွဲသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ ပညာရေးဝန်ထမ်းများ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။

သတင်း/ဓာတ်ပုံ - ကိုသာ 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~