မိုင္းျဖတ္ၿမိဳ႕နယ္၏ (၂၅)ႀကိမ္ေျမာက္ စုေပါင္းဘံုကထိန္လွဴဒါန္းပြဲ က်င္းပ

မိုင္းျဖတ္ၿမိဳ႕နယ္၏ (၂၅)ႀကိမ္ေျမာက္ စုေပါင္းဘံုကထိန္လွဴဒါန္းပြဲ က်င္းပ
နိုဝင်ဘာ 12, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ခရိုင္၊ မိုင္းျဖတ္ၿမိဳ႕နယ္၏ (၂၅)ႀကိမ္ေျမာက္ ၿမိဳ႕နယ္လံုးကြ်တ္ စုေပါင္းမဟာဘံုကထိန္လွဴဒါန္းပြဲအား ႏို၀င္ဘာလ(၁၂)ရက္ေန႔ နံနက္(၉)နာရီခြဲအခ်ိန္က ေစ်းတန္းပရိယတၱိ စာသင္တိုက္ဘုန္းေတာ္ႀကီးေက်ာင္းတြင္ က်င္းပျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

''ကၽြန္ေတာ္တို႔ အေနနဲ႔ ဌာနဆိုင္ရာေတြ စုေပါင္းၿပီး ပေဒသာပင္ေတြ ျပဳလုပ္လွဴဒါန္းၾကပါတယ္၊ မေန႔(၁၁.၁၁.၂၀၁၆)ကေတာ့ ပေဒသာပင္ေတြကို ကားေပၚတင္ၿပီး စီတန္း လွည့္လည္ၿပီးေတာ့ ေစ်းတန္း ဘုန္းေတာ္ႀကီးေက်ာင္းမွာ စီထားခဲ့ပါတယ္" ဟု မိုင္းျဖတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးစိုးလွဴိင္က ေျပာသည္။

မိုင္းျဖတ္ၿမိဳ႕နယ္၏ စုေပါင္းမဟာဘံုကထိန္တြင္ ပေဒသာပင္ေပါင္း ဥပ္မႀကီး အပါအ၀င္ (၂၇)ပင္ ရွိၿပီး စုစုေပါင္းတန္ဘိုးမွာ (၈,၆၅၉,၁၀၀ိ/-) ျဖစ္ၿပီး၊ မုိင္းျဖတ္ၿမိဳ႕နယ္အတြင္းရွိ ဘုန္းေတာ္ႀကီးေက်ာင္းမ်ားမွ ဆရာေတာ္/သံဃာေတာ္မ်ားအား ပင့္ဖိတ္၍ ကထိန္သကၤန္း ကပ္လွဴျခင္း၊ လွဴဖြယ္ ပေဒသာပင္မ်ားအား မဲႏွိက္၍ ၾကြေရာက္ လာသည့္ ဆရာေတာ္/သံဃာေတာ္မ်ားအား ကပ္လွဴျခင္းမ်ားျပဳလုပ္ခဲ့ၾကသည္။

" ဘုန္းႀကီးတို႔အ ေနနဲ႔ကေတာ့ ဒကာ/ဒကာမမ်ားကပ္လွဴတဲ့ ကထိန္သကၤန္းကို ဒီအတိုင္း ထားလို႔မရပါဘူး၊ ေန႔ခ်င္းပဲ သိမ္၀င္ၿပီးေတာ့ ကထိန္ခင္းရပါေသးတယ္။ ၿပီးမွ သကၤန္းကို ရံုလို႔ရပါတယ္" ဟု ေစ်းတန္းပရိယတၱိ စာသင္တိုက္ဆရာေတာ္ ဦးဓမၼပါလ က မိန္႔ၾကားသည္။

(၂၅)ႀကိမ္ေျမာက္ စုေပါင္းမဟာဘံုကထိန္လွဴဒါန္းပြဲသို႔ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ မိုင္းျဖတ္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးစိုးလိႈင္အပါအ၀င္ ဌာနဆိုင္ရာအႀကီးအကဲ မ်ားႏွင့္၀န္ထမ္းမ်ား၊ လူမႈေရးအသင္းအဖြဲ႔မ်ား၊ ႏိုင္ငံေရးပါတီမ်ား အျပင္ ဖိတ္ၾကားထားသည့္ ဧည့္သည္မ်ား တက္ေရာက္ခဲ့ၾကေၾကာင္း သိရွိရသည္။

မိုင္းျဖတ္ၿမိဳ႕နယ္၏ (၂၅)ႀကိမ္ေျမာက္ ၿမိဳ႕နယ္လံုးကြ်တ္ စုေပါင္းမဟာဘံုကထိန္လွဴဒါန္းပြဲက်င္းပရာတြင္ ႏို၀င္ဘာလ(၁၁)ရက္ေန႔က စုေပါင္း ကထိန္ပေဒသာပင္မ်ားျဖင့္ ၿမိဳ႕တြင္းလွည့္လည္ခဲ့ၾကၿပီးမွ ႏို၀င္ဘာလ(၁၂)ရက္ေန႔တြက္ ဆက္ကပ္လွဴဒါန္းခဲ့ၾကျခင္း ျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ကိုသာ

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၏ (၂၅)ကြိမ်မြောက် မြို့နယ်လုံးကျွတ် စုပေါင်းမဟာဘုံကထိန်လှူဒါန်းပွဲအား နိုဝင်ဘာလ(၁၂)ရက်နေ့ နံနက်(၉)နာရီခွဲအချိန်က ဈေးတန်းပရိယတ္တိ စာသင်တိုက်ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

''ကျွန်တော်တို့ အနေနဲ့ ဌာနဆိုင်ရာတွေ စုပေါင်းပြီး ပဒေသာပင်တွေ ပြုလုပ်လှူဒါန်းကြပါတယ်၊ မနေ့(၁၁.၁၁.၂၀၁၆)ကတော့ ပဒေသာပင်တွေကို ကားပေါ်တင်ပြီး စီတန်း လှည့်လည်ပြီးတော့ ဈေးတန်း ဘုန်းတော်ကြီးကျောင်းမှာ စီထားခဲ့ပါတယ်" ဟု မိုင်းဖြတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလှိူင်က ပြောသည်။

မိုင်းဖြတ်မြို့နယ်၏ စုပေါင်းမဟာဘုံကထိန်တွင် ပဒေသာပင်ပေါင်း ဥပ်မကြီး အပါအဝင် (၂၇)ပင် ရှိပြီး စုစုပေါင်းတန်ဘိုးမှာ (၈,၆၅၉,၁၀၀ိ/-) ဖြစ်ပြီး၊ မိုင်းဖြတ်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ ဆရာတော်/သံဃာတော်များအား ပင့်ဖိတ်၍ ကထိန်သင်္ကန်း ကပ်လှူခြင်း၊ လှူဖွယ် ပဒေသာပင်များအား မဲနှိက်၍ ကြွရောက် လာသည့် ဆရာတော်/သံဃာတော်များအား ကပ်လှူခြင်းများပြုလုပ်ခဲ့ကြသည်။

" ဘုန်းကြီးတို့အ နေနဲ့ကတော့ ဒကာ/ဒကာမများကပ်လှူတဲ့ ကထိန်သင်္ကန်းကို ဒီအတိုင်း ထားလို့မရပါဘူး၊ နေ့ချင်းပဲ သိမ်ဝင်ပြီးတော့ ကထိန်ခင်းရပါသေးတယ်။ ပြီးမှ သင်္ကန်းကို ရုံလို့ရပါတယ်" ဟု ဈေးတန်းပရိယတ္တိ စာသင်တိုက်ဆရာတော် ဦးဓမ္မပါလ က မိန့်ကြားသည်။

(၂၅)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်လှူဒါန်းပွဲသို့ လွှတ်တော်ကိုယ်စားလှယ်များနှင့် မိုင်းဖြတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်အပါအဝင် ဌာနဆိုင်ရာအကြီးအကဲ များနှင့်ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများ အပြင် ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

မိုင်းဖြတ်မြို့နယ်၏ (၂၅)ကြိမ်မြောက် မြို့နယ်လုံးကျွတ် စုပေါင်းမဟာဘုံကထိန်လှူဒါန်းပွဲကျင်းပရာတွင် နိုဝင်ဘာလ(၁၁)ရက်နေ့က စုပေါင်း ကထိန်ပဒေသာပင်များဖြင့် မြို့တွင်းလှည့်လည်ခဲ့ကြပြီးမှ နိုဝင်ဘာလ(၁၂)ရက်နေ့တွက် ဆက်ကပ်လှူဒါန်းခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ကိုသာ 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~