ေက်ာက္မဲၿမိဳ႕၌ လူထုပူးေပါင္းမႈေၾကာင့္ မူးယစ္ေဆးဝါး သံုးစြဲေရာင္းခ်သူမ်ား ဖမ္းဆီးရရိွမႈ တိုးလာ

ေက်ာက္မဲၿမိဳ႕၌ လူထုပူးေပါင္းမႈေၾကာင့္ မူးယစ္ေဆးဝါး သံုးစြဲေရာင္းခ်သူမ်ား ဖမ္းဆီးရရိွမႈ တိုးလာ
နိုဝင်ဘာ 10, 2016
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ ေက်ာက္မဲၿမိဳ႕တြင္ လူထုပူးေပါင္းပါဝင္မႈေၾကာင့္ မူူးယစ္ေဆးေရာင္းခ်၊ သံုးစြဲသူမ်ားအား ၂၀၁၆ ခုနွစ္အတြင္း ဖမ္းဆီးရရိွမႈ မ်ားလာေၾကာင္း ေက်ာက္မဲၿမိဳ႕မရဲစခန္းမွ သိရသည္။

“ကၽြန္ေတာ္တို႔ စံုစမ္းလုိ႔ရတာေတြေရာ ျပည္သူကသတင္းေပးလို႔ရတာေတြေရာဖမ္းမိတာ အခုဆို အမႈ (၆၀) ေက်ာ္သြားပါၿပီ။ ျပည္သူလူထုပူးေပါင္း ပါဝင္လာတယ္လို႔ ေျပာရမွာေပါ့။ ျပည္သူက ပူးေပါင္း ပါဝင္ေပးတာလည္း အမ်ားႀကီးရွိပါတယ္။ ကြ်န္ေတာ္တို႔ကို သတင္းေပးတဲ့သူကိုလည္း ကြ်န္ေတာ္တို႔က ကာကြယ္ေပးပါတယ္”ဟု ေက်ာက္မဲရဲစခန္းမွ ရဲအုပ္မင္းမင္းက ေျပာသည္။

ယင္းကဲ့သို႔ ဖမ္းဆီးမႈမ်ားလာသည့္အတြက္ အုပ္စုလိုက္ မူးယစ္ေဆးဝါး ေရာင္းခ်သံုးစြဲသူလူငယ္မ်ားကို အေတြ႔ရနည္းလာၿပီး ဖုန္းဆက္၍ အေရာင္းအဝယ္ျပဳလုပ္လာၾကသည္ဟု ေဒသခံတို႔က ဆိုသည္။

“ကိုယ္သံုးဖုိ႔စရိတ္ျပန္ရေအာင္ ရာမကို ကုိယ့္ဘာသာကိုယ္ေရာင္းၿပီး ျပန္ရွာတဲ့သူေတြမ်ားလာတာ။ အျမတ္နည္းနည္းနဲ႔ ျပန္ေရာင္းၾကတာေပါ့။ အရမ္းေစ်းေပါေနၿပီ။ တစ္ေစ့မွ က်ပ္တစ္ေထာင္ပဲ ေပးရေတာ့တယ္” ဟု လူငယ္တစ္ဦးက ေျပာသည္။

မူးယစ္ေဆးဝါးမ်ား ေစ်းေပါလာရျခင္းမွာ နယ္ေျမမၿငိမ္းခ်မ္းမႈကို အခြင့္ေကာင္းယူ၍ သယ္ေဆာင္ တင္သြင္းမႈ မ်ားျပားလာျခင္းႏွင့္ သံုးစြဲသူအမ်ားစုမွာ အျမတ္နည္းနည္းႏွင့္ ျပန္လည္ ေရာင္းခ်ျဖန္႔ေဝေနမႈမ်ားေၾကာင့္ ျဖစ္ႏိုင္ေၾကာင္း ေဒသခံတို႔က ဆိုသည္။

“ေက်ာက္မဲမွာကမွ တစ္ေစ့တစ္ေထာင္။ ဒီထက္အစြန္အဖ်ားေရာက္တဲ့ မိုင္းလံုတို႔ မိုးမိတ္တို႔ဘက္ သြားၾကည့္ ဒီထက္ေစ်းေပါေပါနဲ႔ရတယ္။ အဲဒီမွာက ေတာထဲဆိုေတာ့ မူးယစ္ေဆးေတြက ဘယ္ကဘယ္လိုဝင္လာမွန္းကို မသိဘူး။ ဘယ္သူမွလည္း မတားဆီးရဲဘူး။ နီးရာဓားကို ေၾကာက္ေနရေသးတယ္ေလ” ဟု ေက်ာက္မဲၿမိဳ႔နယ္ မိုင္းလံုေဒသမွ ေဒသခံ အမ်ိဳးသမီးႀကီးတစ္ဦးက ေျပာသည္။

ေက်ာက္မဲၿမိဳ႕တြင္ ေအာက္တိုဘာလ (၂၉) ရက္ေန႔က ေက်းရြာေက်ာင္းအုပ္ဆရာႀကီးတစ္ဦးႏွင့္ ေဒသခံ အမ်ိဳးသားတစ္ဦးအား ရာမ(စိတ္ၾကြေဆး)မူးယစ္ေဆးဝါး (၃၅) ျပားႏွင့္အတူ ဖမ္းဆီးရမိခဲ့သည့္အတြက္ အေရးယူထားေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင် လူထုပူးပေါင်းပါဝင်မှုကြောင့် မူးယစ်ဆေးရောင်းချ၊ သုံးစွဲသူများအား ၂၀၁၆ ခုနှစ်အတွင်း ဖမ်းဆီးရရှိမှု များလာကြောင်း ကျောက်မဲမြို့မရဲစခန်းမှ သိရသည်။

“ကျွန်တော်တို့ စုံစမ်းလို့ရတာတွေရော ပြည်သူကသတင်းပေးလို့ရတာတွေရောဖမ်းမိတာ အခုဆို အမှု (၆၀) ကျော်သွားပါပြီ။ ပြည်သူလူထုပူးပေါင်း ပါဝင်လာတယ်လို့ ပြောရမှာပေါ့။ ပြည်သူက ပူးပေါင်း ပါဝင်ပေးတာလည်း အများကြီးရှိပါတယ်။ ကျွန်တော်တို့ကို သတင်းပေးတဲ့သူကိုလည်း ကျွန်တော်တို့က ကာကွယ်ပေးပါတယ်”ဟု ကျောက်မဲရဲစခန်းမှ ရဲအုပ်မင်းမင်းက ပြောသည်။

ယင်းကဲ့သို့ ဖမ်းဆီးမှုများလာသည့်အတွက် အုပ်စုလိုက် မူးယစ်ဆေးဝါး ရောင်းချသုံးစွဲသူလူငယ်များကို အတွေ့ရနည်းလာပြီး ဖုန်းဆက်၍ အရောင်းအဝယ်ပြုလုပ်လာကြသည်ဟု ဒေသခံတို့က ဆိုသည်။

“ကိုယ်သုံးဖို့စရိတ်ပြန်ရအောင် ရာမကို ကိုယ့်ဘာသာကိုယ်ရောင်းပြီး ပြန်ရှာတဲ့သူတွေများလာတာ။ အမြတ်နည်းနည်းနဲ့ ပြန်ရောင်းကြတာပေါ့။ အရမ်းဈေးပေါနပြေီ။ တစ်စေ့မှ ကျပ်တစ်ထောင်ပဲ ပေးရတော့တယ်” ဟု လူငယ်တစ်ဦးက ပြောသည်။

မူးယစ်ဆေးဝါးများ ဈေးပေါလာရခြင်းမှာ နယ်မြေမငြိမ်းချမ်းမှုကို အခွင့်ကောင်းယူ၍ သယ်ဆောင် တင်သွင်းမှု များပြားလာခြင်းနှင့် သုံးစွဲသူအများစုမှာ အမြတ်နည်းနည်းနှင့် ပြန်လည် ရောင်းချဖြန့်ဝေနေမှုများကြောင့် ဖြစ်နိုင်ကြောင်း ဒေသခံတို့က ဆိုသည်။

“ကျောက်မဲမှာကမှ တစ်စေ့တစ်ထောင်။ ဒီထက်အစွန်အဖျားရောက်တဲ့ မိုင်းလုံတို့ မိုးမိတ်တို့ဘက် သွားကြည့် ဒီထက်ဈေးပေါပေါနဲ့ရတယ်။ အဲဒီမှာက တောထဲဆိုတော့ မူးယစ်ဆေးတွေက ဘယ်ကဘယ်လိုဝင်လာမှန်းကို မသိဘူး။ ဘယ်သူမှလည်း မတားဆီးရဲဘူး။ နီးရာဓားကို ကြောက်နေရသေးတယ်လေ” ဟု ကျောက်မဲမြို့နယ် မိုင်းလုံဒေသမှ ဒေသခံ အမျိုးသမီးကြီးတစ်ဦးက ပြောသည်။

ကျောက်မဲမြို့တွင် အောက်တိုဘာလ (၂၉) ရက်နေ့က ကျေးရွာကျောင်းအုပ်ဆရာကြီးတစ်ဦးနှင့် ဒေသခံ အမျိုးသားတစ်ဦးအား ရာမ(စိတ်ကြွဆေး)မူးယစ်ဆေးဝါး (၃၅) ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့သည့်အတွက် အရေးယူထားကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~