မီးေလာင္ခဲ့သည့္ ေရနံေခ်ာင္းၿမိဳ႕မေစ်းကိစၥ စံုစမ္းေရးႏွင့္ ရန္ပံုေငြကိစၥကို ေစ်းသူေစ်းသားမ်ား ဆႏၵထုတ္ေဖာ္

မီးေလာင္ခဲ့သည့္ ေရနံေခ်ာင္းၿမိဳ႕မေစ်းကိစၥ စံုစမ္းေရးႏွင့္ ရန္ပံုေငြကိစၥကို ေစ်းသူေစ်းသားမ်ား ဆႏၵထုတ္ေဖာ္
နိုဝင်ဘာ 19, 2016
By Tachileik News Agency

မေကြးတုိင္းေဒသႀကီး ေရနံေခ်ာင္းၿမိဳ႕၏ ၿမိဳ႕မေစ်းႀကီး မီးေလာင္ရသည့္ အေၾကာင္းရင္းအား ေဖာ္ထုတ္ေပးေရးႏွင့္ ေစ်းသူေစ်းသားမ်ား ပိုင္ဆိုင္သည့္ ရန္ပံုေငြမ်ား ျပန္လည္ေပးအပ္ေရးအတြက္ ေစ်းသူေစ်းသားမ်ားက ႏိုဝင္ဘာ(၁၈)ရက္ေန႔က ေရနံေခ်ာင္းၿမိဳ႕တြင္ ဆႏၵေဖၚထုတ္ၾကသည္။

လြန္ခဲ့သည့္ (၂)ႏွစ္က မီးေဘးသင့္ခဲ့သည့္ ေရနံေခ်ာင္းၿမိဳ႕ ၿမိဳ႕မေစ်းႀကီး ျပန္လည္ တည္ေဆာက္ႏိုင္ေရး အတြက္ ႏိုင္ငံေတာ္မွ က်ပ္သန္း (၆၀၀) ေထာက္ပံ့ၿပီး စက္ေလွခါးမ်ားပါဝင္ေသာ သံုးထပ္ေစ်းႀကီးကို အာရံုဦးကုမၸဏီမွ ေဆာက္လုပ္ရာတြင္လည္း ကုန္က်စရိတ္၏ ရာခိုင္ႏွဳန္းအမ်ားစုကို လွဴဒါန္းခဲ့သျဖင့္ ေစ်းသူေစ်းသားမ်ားအတြက္ ရန္ပံုေငြထူေထာင္ႏိုင္ခဲ့ေသာ္လည္း ရန္ပံုေငြကိစၥ ရွင္းလင္းျခင္းမရိွ၍ ဆႏၵထုတ္ေဖၚျခင္းျဖစ္ေၾကာင္း သိရသည္။

“ေစ်းႀကီးမီးေလာင္တာ ႏွစ္ ႏွစ္ေတာင္ရိွေတာ႔မယ္။ ဘာေၾကာင့္ မီးေလာင္ရတာလဲဆိုတာ မသိရဘူး။ ေစ်းသူေစ်းသားေတြရဲ႕ ရန္ပံုေငြေတြကိုလည္း ဆႏၵေဖာ္ထုတ္ေတာ႔မယ္ဆိုမွ မေန႔က တစ္ခ်ိဳ႕တစ္ဝက္ကို ျပန္ေပးတယ္”ဟု ဆႏၵေဖာ္ထုတ္ ပဲြဦးေဆာင္သူ ဦးဆန္းလိႈင္က ေျပာသည္။

ေရနံေခ်ာင္းၿမိဳ႕နယ္ရဲတပ္ဖဲြ႔မွဴးရံုးသို႔ ခြင့္ျပဳခ်က္ရယူၿပီးမွ ေစ်းသူေစ်းသား (၃၀) ေက်ာ္က ဆႏၵေဖာ္ထုတ္ျခင္းျဖစ္ေၾကာင္း သိရသည္။

“ဆႏၵေဖာ္ထုတ္ဖို႔သာ မလုပ္ဖူးဆိုရင္ အခုလို ရန္ပံုေငြေတြ ျပန္ေပးဖို႔ အစီအစဥ္ မရိွေလာက္ပါဘူး။ လက္ရိွ အေျခအေနမွာ ေစ်းတာဝန္ခံတို႔ စည္းကမ္းထိန္းသိမ္းေရးတို႔ကလည္း ေစ်းေအာက္ထပ္က ေစ်းသည္ေလး တစ္ခ်ိဳ႕ ပလပ္စတစ္အိတ္ပိတ္ဖို႔အတြက္ ဖေယာင္းတိုင္မီး သံုးစဲြရင္ပဲျဖစ္ျဖစ္၊ အေမႊးတိုင္ေလး ထြန္းမိမယ္ဆိုရင္ပဲျဖစ္ျဖစ္ ဒဏ္ေငြ ႏွစ္ေထာင္မ်ိဳး၊ သံုးေထာင္မ်ိဳးအရိုက္ခံရတယ္။ ေစ်းႀကီးအေပၚထပ္မွာ ဂက္စ္အိုးႀကီးေတြသံုးေနတဲ႔ စားေသာက္ဆိုင္ေတြက်ေတာ႔ ဒဏ္မရိုက္ဘဲ ဘယ္သူကခြင့္ျပဳထားတာလဲ မသိဘူး”ဟု ဆႏၵေဖာ္ ထုတ္ပဲြတြင္ လိုက္ပါသူတစ္ဦးက ေျပာသည္။

ေရနံေခ်ာင္းၿမိဳ႕မေစ်းႀကီးတြင္ ေစ်းဆိုင္ခန္းေပါင္း (၃၄၄)ခန္းရိွသည့္အနက္ ၂၀၁၅ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁၇ ရက္က မီးေဘးသင့္ခဲ့သျဖင့္ ေစ်းဆိုင္ခန္းေပါင္း( ၃၂၉)ခန္း မီးသင့္ခဲ့ရျခင္းျဖစ္သည္။

သတင္း - ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့၏ မြို့မဈေးကြီး မီးလောင်ရသည့် အကြောင်းရင်းအား ဖော်ထုတ်ပေးရေးနှင့် ဈေးသူဈေးသားများ ပိုင်ဆိုင်သည့် ရန်ပုံငွေများ ပြန်လည်ပေးအပ်ရေးအတွက် ဈေးသူဈေးသားများက နိုဝင်ဘာ(၁၈)ရက်နေ့က ရေနံချောင်းမြို့တွင် ဆန္ဒဖော်ထုတ်ကြသည်။

လွန်ခဲ့သည့် (၂)နှစ်က မီးဘေးသင့်ခဲ့သည့် ရေနံချောင်းမြို့ မြို့မဈေးကြီး ပြန်လည် တည်ဆောက်နိုင်ရေး အတွက် နိုင်ငံတော်မှ ကျပ်သန်း (၆၀၀) ထောက်ပံ့ပြီး စက်လှေခါးများပါဝင်သော သုံးထပ်ဈေးကြီးကို အာရုံဦးကုမ္ပဏီမှ ဆောက်လုပ်ရာတွင်လည်း ကုန်ကျစရိတ်၏ ရာခိုင်နှုန်းအများစုကို လှူဒါန်းခဲ့သဖြင့် ဈေးသူဈေးသားများအတွက် ရန်ပုံငွေထူထောင်နိုင်ခဲ့သော်လည်း ရန်ပုံငွေကိစ္စ ရှင်းလင်းခြင်းမရှိ၍ ဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်း သိရသည်။

“ဈေးကြီးမီးလောင်တာ နှစ် နှစ်တောင်ရှိတော့မယ်။ ဘာကြောင့် မီးလောင်ရတာလဲဆိုတာ မသိရဘူး။ ဈေးသူဈေးသားတွေရဲ့ ရန်ပုံငွေတွေကိုလည်း ဆန္ဒဖော်ထုတ်တော့မယ်ဆိုမှ မနေ့က တစ်ချို့တစ်ဝက်ကို ပြန်ပေးတယ်”ဟု ဆန္ဒဖော်ထုတ် ပွဲဦးဆောင်သူ ဦးဆန်းလှိုင်က ပြောသည်။

ရေနံချောင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ ခွင့်ပြုချက်ရယူပြီးမှ ဈေးသူဈေးသား (၃၀) ကျော်က ဆန္ဒဖော်ထုတ်ခြင်းဖြစ်ကြောင်း သိရသည်။

“ဆန္ဒဖော်ထုတ်ဖို့သာ မလုပ်ဖူးဆိုရင် အခုလို ရန်ပုံငွေတွေ ပြန်ပေးဖို့ အစီအစဉ် မရှိလောက်ပါဘူး။ လက်ရှိ အခြေအနေမှာ ဈေးတာဝန်ခံတို့ စည်းကမ်းထိန်းသိမ်းရေးတို့ကလည်း ဈေးအောက်ထပ်က ဈေးသည်လေး တစ်ချို့ ပလပ်စတစ်အိတ်ပိတ်ဖို့အတွက် ဖယောင်းတိုင်မီး သုံးစွဲရင်ပဲဖြစ်ဖြစ်၊ အမွှေးတိုင်လေး ထွန်းမိမယ်ဆိုရင်ပဲဖြစ်ဖြစ် ဒဏ်ငွေ နှစ်ထောင်မျိုး၊ သုံးထောင်မျိုးအရိုက်ခံရတယ်။ ဈေးကြီးအပေါ်ထပ်မှာ ဂက်စ်အိုးကြီးတွေသုံးနေတဲ့ စားသောက်ဆိုင်တွေကျတော့ ဒဏ်မရိုက်ဘဲ ဘယ်သူကခွင့်ပြုထားတာလဲ မသိဘူး”ဟု ဆန္ဒဖော် ထုတ်ပွဲတွင် လိုက်ပါသူတစ်ဦးက ပြောသည်။

ရေနံချောင်းမြို့မဈေးကြီးတွင် ဈေးဆိုင်ခန်းပေါင်း (၃၄၄)ခန်းရှိသည့်အနက် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်က မီးဘေးသင့်ခဲ့သဖြင့် ဈေးဆိုင်ခန်းပေါင်း( ၃၂၉)ခန်း မီးသင့်ခဲ့ရခြင်းဖြစ်သည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~