မကွေးမြို့နယ် စည်ပင်သာယာရေးလုပ်ငန်းများ ပွင့်လင်းမြင်သာစွာဆောင်ရွက်လျှက်ရှိနေပြီဟုဆို

မကွေးမြို့နယ် စည်ပင်သာယာရေးလုပ်ငန်းများ ပွင့်လင်းမြင်သာစွာဆောင်ရွက်လျှက်ရှိနေပြီဟုဆို
နိုဝငျဘာ 9, 2016
By Tachileik News Agency


“မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ရဲ့ လမ်းညွှန်ချက်နဲ့ အညီ လုပ်ငန်းများ တည်ဆောက်မယ့်နေရာက ရပ်ကွက်နေပြည်သူတွေ ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေ ၊ စည်ပင်ကော်မတီဝင်တွေနဲ့ တွေ့ဆုံပြီး လုပ်ငန်းနဲ့ ပတ်သက်သမျှကို ပွင့်လင်း မြင်သာအောင်ချပြ ရှင်းလင်းပြီး လုပ်ဆောင်နေပါပြီ”ဟု မကွေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဦးထင်အောင်က ပြောသည်။


“ပြည်သူ့အခွန်အခတွေနဲ့ ဒေသဖွံ့ဖြိုးရေးတွေ ဆောင်ရွက်တဲ့ နေရာမှာ ပွင့်လင်းမြင်သာမှုက အရေးကြီးသလို လုပ်ငန်းဆောင်ရွက်တဲ့ ၀န်ထမ်းတွေ ၊ ပညာရှင်တွေဘက်ကလည်း မြေပြင် အခက်အခဲတွေနဲ့ ပတ်သက်ပြီး အစိုးရအဖွဲ့ကို ရဲရဲဝံ့ဝံ့ တင်ပြကြဖို့လည်း လိုပါတယ်”ဟု ဈေးလယ်စိုးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ညွန့်က ပြောသည်။

၂၀၁၆ -၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေ ကျပ်(၉၅)သန်းမှ မကွေးမြို့ ဗိုလ်ချုပ်လမ်း( နတ်မောက်လမ်းမှ ဗိုလ်ချုပ်ကြေးရုပ်ပန်းခြံထိ) ကတ္တရာလမ်းနှင့် အုတ်ရေမြောင်း ကြားရှိ မြေသားလမ်းပိုင်း (၅၇၄၆)ပေအရှည်အား ကွန်ကရစ်ခင်းခြင်း လုပ်ငန်းအတွက် ငွေကျပ်(၅၄)သန်း ၊ ဗိုလ်ချုပ်လမ်း (ဗိုလ်ချုပ်ကြေးရုပ်ပန်းခြံမှ လမ်းငါးသွယ် အ၀ိုင်းထိ ) အရှည် (၁၀၈၇)ပေ အုတ်ရေမြောင်း ပြုလုပ်ခြင်းအတွက် ငွေကျပ်(၂၅.၆၅)သန်း ၊ သုခလမ်းအရှည်ပေ (၆၃၀) ကတ္တရာ ထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းအတွက် ငွေကျပ် (၉.၉၀)သန်း ၊ စုစုပေါင်းလုပ်ငန်း(၃)ခုအတွက် ငွေကျပ်(၈၉.၅၅)သန်းခန့်ဖြင့် လုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

သတင်း - ဖီးနစ်

~~~~~~~~⊰❂ unicode ~~~~~~~~
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ လုပ်ငန်းများနှင့် ပတ်သက်သည့် သုံးစွဲကုန်ကျငွေ၊ အသုံးပြုပစ္စည်းစာရင်း၊ လုပ်ငန်းဆောင်ရွက်သည့် အင်ဂျင်နီယာစသည့် အချက်အလက် များကို ဗီနိုင်းစိုက်ထူ အသိပေး ဆောင်ရွက်နေကြောင်း သိရသည်။

“မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ရဲ့ လမ်းညွှန်ချက်နဲ့ အညီ လုပ်ငန်းများ တည်ဆောက်မယ့်နေရာက ရပ်ကွက်နပြေည်သူတွေ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေ၊ စည်ပင်ကော်မတီဝင်တွေနဲ့ တွေ့ဆုံပြီး လုပ်ငန်းနဲ့ ပတ်သက်သမျှကို ပွင့်လင်း မြင်သာအောင်ချပြ ရှင်းလင်းပြီး လုပ်ဆောင်နေပါပြီ”ဟု မကွေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဦးထင်အောင်က ပြောသည်။

မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သော အဖွဲ့ဝင်(၇)ဦးပါဝင်သည့် မြို့နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ စစ်ဆေးရေးကြီးကြပ်မှုကော်မတီနှင့် မြို့နယ်စည်ပင်တာဝန်ခံ အင်ဂျင်နီယာ ဦးဆောင်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သော မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရေး လုပ်ငန်း ကော်မတီတို့ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်း ပြည့်မီစွာ ပြီးစီးရန် ကွင်းဆင်းကြပ်မတ် အကောင်အထည်ဖော်လျှက်ရှိကြောင်း သိရသည်။

“ပြည်သူ့အခွန်အခတွေနဲ့ ဒေသဖွံ့ဖြိုးရေးတွေ ဆောင်ရွက်တဲ့ နေရာမှာ ပွင့်လင်းမြင်သာမှုက အရေးကြီးသလို လုပ်ငန်းဆောင်ရွက်တဲ့ ဝန်ထမ်းတွေ၊ ပညာရှင်တွေဘက်ကလည်း မြပြေင် အခက်အခဲတွေနဲ့ ပတ်သက်ပြီး အစိုးရအဖွဲ့ကို ရဲရဲဝံ့ဝံ့ တင်ပြကြဖို့လည်း လိုပါတယ်”ဟု ဈေးလယ်စိုးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ညွန့်က ပြောသည်။

၂၀၁၆ -၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေ ကျပ်(၉၅)သန်းမှ မကွေးမြို့ ဗိုလ်ချုပ်လမ်း( နတ်မောက်လမ်းမှ ဗိုလ်ချုပ်ကြေးရုပ်ပန်းခြံထိ) ကတ္တရာလမ်းနှင့် အုတ်ရေမြောင်း ကြားရှိ မြေသားလမ်းပိုင်း (၅၇၄၆)ပေအရှည်အား ကွန်ကရစ်ခင်းခြင်း လုပ်ငန်းအတွက် ငွေကျပ်(၅၄)သန်း၊ ဗိုလ်ချုပ်လမ်း (ဗိုလ်ချုပ်ကြေးရုပ်ပန်းခြံမှ လမ်းငါးသွယ် အဝိုင်းထိ ) အရှည် (၁၀၈၇)ပေ အုတ်ရေမြောင်း ပြုလုပ်ခြင်းအတွက် ငွေကျပ်(၂၅.၆၅)သန်း၊ သုခလမ်းအရှည်ပေ (၆၃၀) ကတ္တရာ ထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းအတွက် ငွေကျပ် (၉.၉၀)သန်း၊ စုစုပေါင်းလုပ်ငန်း(၃)ခုအတွက် ငွေကျပ်(၈၉.၅၅)သန်းခန့်ဖြင့် လုပ်ငန်းများ ဆောင်ရွက်နပြေီဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~