လားရႈိးၿမိဳ႕၏ ပထမဦးဆံုး မီးပံုးပ်ံလႊတ္တင္ပဲြ က်င္းပမည္

လားရႈိးၿမိဳ႕၏ ပထမဦးဆံုး မီးပံုးပ်ံလႊတ္တင္ပဲြ က်င္းပမည္
နိုဝင်ဘာ 8, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း လားရိႈးၿမိဳ႕တြင္ ပထမဆံုး မီးပံုးပ်ံလႊတ္တင္ပြဲကို္ Shining Myanmar Co.ltd က လားရိႈးၿမိဳ႕ ရပ္ကြက္ ( ၁ ) နမ့္ခိုက္ေက်းရြာအနီးရွိ ၎တို႔ပိုင္ ခ်ယ္ရီၿမိဳင္အိမ္ယာဝင္းတြင္ ႏိုဝင္ဘာလ (၁၄) ရက္တြင္ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ မီးပံုးပ်ံလႊတ္တင္ပြဲတြင္ မီးပံုးပ်ံအလံုးေရ (၁,၀၈၀)ကို လႊတ္တင္သြားမည္ျဖစ္ၿပီး လားရိႈးၿမိဳ႕ရွိ ေဒသခံ ရိုးရာအဖြဲ႔မ်ားအျပင္ အဆိုေတာ္ ခ်စ္ေကာင္း၊ ဖိုးကာ၊ ဆိုင္းစံ ႏွင့္ ခင္စုစုႏိုင္တို႔ကိုလည္း ေဖ်ာ္ေျဖေရးအတြက္ ဖိတ္ၾကားသြားမည္ျဖစ္ေၾကာင္း သိရသည္။

“မီးပံုးပ်ံက ပလပ္စတစ္နဲ႔ျဖစ္ဖို႔မ်ားတယ္။ အစက ရွမ္းစကၠဴနဲ႔မွာတာပဲ။ ဒါေပမဲ့ မရတဲ့အတြက္ ပလပ္စတစ္နဲ႔ပဲ ရမယ္လို႔ေျပာတယ္။ ေတာင္ႀကီးက လႊတ္တင္တဲ့ မီးပံုးေတြေလာက္ေတာ့ မဟုတ္ဘူးေပါ့။ နိဗၺာန္ေစ်း အတြက္ ပူးေပါင္းလွဴဒါန္းခ်င္တဲ့ သူေတြကိုလည္း ဖိတ္ေခၚတယ္။ ခြင့္ျပဳတယ္။ မီးပံုးပ်ံပြဲကို လာမယ့္ ကားေတြ ယာဥ္ေတြအတြက္ ဝင္လမ္းထြက္လမ္းကိုလည္း စနစ္တက်စီစဥ္ေပးသြားမယ္”ဟု ပြဲက်င္းပေရးေကာ္မတီ တာဝန္ရိွသူတစ္ဦးက ေျပာသည္။

လားရႈိးၿမိဳ႕၏ ပထမဦးဆံုးမီးပံုးပ်ံ အလွျပလႊတ္တင္ပဲြတြင္ လူဦးေရ (၅၀၀၀) စာအတြက္ နိဗၺာန္ေစ်းတန္း ပါဝင္မည္ျဖစ္ၿပီး နိဗၺာန္ေစ်းဆိုင္ခန္းမ်ားတြင္ ျပင္ပအလွဴရွင္မ်ားလည္း ပါဝင္ခြင့္ရမည္ျဖစ္ေၾကာင္း သိရွိရသည္။

သတင္း - ေနၿဖဳိးျမင့္
ဓာတ္ပံု - စံပယ္သက္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ပထမဆုံး မီးပုံးပျံလွှတ်တင်ပွဲကို် Shining Myanmar Co.ltd က လားရှိုးမြို့ ရပ်ကွက် ( ၁ ) နမ့်ခိုက်ကျေးရွာအနီးရှိ၎င်းတို့ပိုင် ချယ်ရီမြိုင်အိမ်ယာဝင်းတွင် နိုဝင်ဘာလ (၁၄) ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မီးပုံးပျံလွှတ်တင်ပွဲတွင် မီးပုံးပျံအလုံးရေ (၁,ဝ၈၀)ကို လွှတ်တင်သွားမည်ဖြစ်ပြီး လားရှိုးမြို့ရှိ ဒေသခံ ရိုးရာအဖွဲ့များအပြင် အဆိုတော် ချစ်ကောင်း၊ ဖိုးကာ၊ ဆိုင်းစံ နှင့် ခင်စုစုနိုင်တို့ကိုလည်း ဖျော်ဖြေရေးအတွက် ဖိတ်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

“မီးပုံးပျံက ပလပ်စတစ်နဲ့ဖြစ်ဖို့များတယ်။ အစက ရှမ်းစက္ကူနဲ့မှာတာပဲ။ ဒါပေမဲ့ မရတဲ့အတွက် ပလပ်စတစ်နဲ့ပဲ ရမယ်လို့ပြောတယ်။ တောင်ကြီးက လွှတ်တင်တဲ့ မီးပုံးတွေလောက်တော့ မဟုတ်ဘူးပေါ့။ နိဗ္ဗာန်ဈေး အတွက် ပူးပေါင်းလှူဒါန်းချင်တဲ့ သူတွေကိုလည်း ဖိတ်ခေါ်တယ်။ ခွင့်ပြုတယ်။ မီးပုံးပျံပွဲကို လာမယ့် ကားတွေ ယာဉ်တွေအတွက် ဝင်လမ်းထွက်လမ်းကိုလည်း စနစ်တကျစီစဉ်ပေးသွားမယ်”ဟု ပွဲကျင်းပရေးကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လားရှိုးမြို့၏ ပထမဦးဆုံးမီးပုံးပျံ အလှပြလွှတ်တင်ပွဲတွင် လူဦးရေ (၅၀၀၀) စာအတွက် နိဗ္ဗာန်ဈေးတန်း ပါဝင်မည်ဖြစ်ပြီး နိဗ္ဗာန်ဈေးဆိုင်ခန်းများတွင် ပြင်ပအလှူရှင်များလည်း ပါဝင်ခွင့်ရမည်ဖြစ်ကြောင်း သိရှိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - စံပယ်သက်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~