လက္ငန္းကြ်န္းအနီး ငါးဖမ္းစက္ေလွတစ္စီး မီးေလာင္၍ နစ္ျမႇဳပ္

လက္ငန္းကြ်န္းအနီး ငါးဖမ္းစက္ေလွတစ္စီး မီးေလာင္၍ နစ္ျမႇဳပ္
နိုဝင်ဘာ 3, 2016
By Tachileik News Agency

တနသၤာရီတိုင္းေဒသႀကီး၊ ေကာ့ေသာင္းခရုိင္၊ ဘုတ္ျပင္းၿမိဳ႕နယ္၊ လက္ငန္းကၽြန္းႏွင့္ ပုလဲကၽြန္းအၾကားတြင္ ႏို၀င္ဘာလ (၃) ရက္ေန႔ နံနက္ (၇) နာရီအခ်ိန္၀န္းက်င္က ၀ိုင္းခ်ဳပ္ ငါးဖမ္းေရယာဥ္တစ္စီး စက္ခန္း အတြင္း မီးေလာင္ၿပီး နစ္ျမႇဳပ္သြားေၾကာင္း ပုလဲကၽြန္းအပုိင္ စစ္ေရယာဥ္ အမွတ္ (၅၆၅) မွ တာ၀န္ရွိသူ တစ္ဦးထံမွ သိရသည္။

ေအာင္လွစိန္အမည္ရွိ ၀ိုင္းခ်ဳပ္ ငါးဖမ္းေရယာဥ္သည္ ငါးဖမ္းလုပ္ငန္းမ်ား လုပ္ကိုင္ေနစဥ္ ေရယာဥ္၏ စက္ခန္းအတြင္းရွိ ဆီသိုေလွာင္ကန္မွ ဆီမ်ားယိုစိမ့္ၿပီး စက္မႀကီး၏ TARBO ေပၚသို႔ ဆီမ်ားက်၍ မီးေလာင္မွဳ ျဖစ္ပြားျခင္းျဖစ္သည္ဟု ယူဆေၾကာင္း စစ္ေရယာဥ္ အမွတ္ (၅၆၅) မွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။

အဆိုပါ ငါးဖမ္းေရယာဥ္ေပၚတြင္ ေရလုပ္သား (၂၅) ဦးပါရွိၿပီး အျခား ငါးဖမ္းေရယာဥ္မ်ားႏွင္႔ စစ္ေရယာဥ္ အမွတ္ (၅၆၅) တို႔က ကယ္ဆယ္ႏိုင္ခဲ့သျဖင့္ ေသဆံုးမွဳ မရွိေၾကာင္း သိရသည္။

ယခု နစ္ျမႇဳပ္သည္႔ ငါးဖမ္းေရယာဥ္သည္ ေအာက္တိုဘာလ (၁၉) ရက္ေန႔က အဖြဲ႕ေပါင္းစံုျဖင့္ ၿမိတ္ၿမိဳ႕တြင္ စစ္ေဆးခံၿပီး ပင္လယ္ျပင္သို႔ ထြက္ခြာသြားခဲ႔သည့္ ေရယာဥ္ျဖစ္ေၾကာင္း ၿမိတ္ၿမိဳ႕နယ္ ငါးလုပ္ငန္းဦးစီးဌာနရံုးမွ စံုစမ္း သိရွိရသည္။

သတင္း - ေဇာ္ေဇာ္(ၿမိတ္)
ဓာတ္ပံု - စစ္ေရယာဥ္ အမွတ္ (၅၆၅)


~~~~~~~~⊰❂ unicode ~~~~~~~~
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ လက်ငန်းကျွန်းနှင့် ပုလဲကျွန်းအကြားတွင် နိုဝင်ဘာလ (၃) ရက်နေ့ နံနက် (၇) နာရီအချိန်ဝန်းကျင်က ဝိုင်းချုပ် ငါးဖမ်းရေယာဉ်တစ်စီး စက်ခန်း အတွင်း မီးလောင်ပြီး နစ်မြှုပ်သွားကြောင်း ပုလဲကျွန်းအပိုင် စစ်ရေယာဉ် အမှတ် (၅၆၅) မှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

အောင်လှစိန်အမည်ရှိ ဝိုင်းချုပ် ငါးဖမ်းရေယာဉ်သည် ငါးဖမ်းလုပ်ငန်းများ လုပ်ကိုင်နေစဉ် ရေယာဉ်၏ စက်ခန်းအတွင်းရှိ ဆီသိုလှောင်ကန်မှ ဆီများယိုစိမ့်ပြီး စက်မကြီး၏ TARBO ပေါ်သို့ ဆီများကျ၍ မီးလောင်မှု ဖြစ်ပွားခြင်းဖြစ်သည်ဟု ယူဆကြောင်း စစ်ရေယာဉ် အမှတ် (၅၆၅) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ငါးဖမ်းရေယာဉ်ပေါ်တွင် ရေလုပ်သား (၂၅) ဦးပါရှိပြီး အခြား ငါးဖမ်းရေယာဉ်များနှင့် စစ်ရေယာဉ် အမှတ် (၅၆၅) တို့က ကယ်ဆယ်နိုင်ခဲ့သဖြင့် သေဆုံးမှု မရှိကြောင်း သိရသည်။

ယခု နစ်မြှုပ်သည့် ငါးဖမ်းရေယာဉ်သည် အောက်တိုဘာလ (၁၉) ရက်နေ့က အဖွဲ့ပေါင်းစုံဖြင့် မြိတ်မြို့တွင် စစ်ဆေးခံပြီး ပင်လယ်ပြင်သို့ ထွက်ခွာသွားခဲ့သည့် ရေယာဉ်ဖြစ်ကြောင်း မြိတ်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနရုံးမှ စုံစမ်း သိရှိရသည်။

သတင်း - ဇော်ဇော်(မြိတ်)
ဓာတ်ပုံ - စစ်ရေယာဉ် အမှတ် (၅၆၅) 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~