ကယား - ထိုင္း နယ္စပ္ကုန္သြယ္ေရးစခန္းကို အားထား၍ အလုပ္အကိုင္ႏွင့္ စီးပြားေရး အဆင္ေျပရန္ ေမွ်ာ္လင့္

ကယား - ထိုင္း နယ္စပ္ကုန္သြယ္ေရးစခန္းကို အားထား၍ အလုပ္အကိုင္ႏွင့္ စီးပြားေရး အဆင္ေျပရန္ ေမွ်ာ္လင့္
နိုဝင်ဘာ 2, 2016
By Tachileik News Agency

ကယားျပည္နယ္တြင္ ဖြင့္လွစ္လိုက္သည့္ ျမန္မာႏိုင္ငံ၏ (၁၆)ခုေျမာက္ နယ္စပ္ကုန္သြယ္ေရးစခန္းျဖစ္ၿပီး ျမန္မာ - ထိုင္း နယ္စပ္ကုန္သြယ္ေရးစခန္း၏ (၇)ခုေျမာက္ျဖစ္သည့္ မယ္စဲ့ နယ္စပ္ကုန္သြယ္ေရးစခန္းကို အားထား၍ ေဒသတြင္း စီးပြားေရး ႏွင့္ အလုပ္အကိုင္မ်ား အဆင္ေျပလာရန္ ေမွ်ာ္လင့္ေၾကာင္း ျပည္နယ္၀န္ႀကီးက ဆိုလိုက္သည္။

"ဒါလုံးဝ လမ္းပြင့္သြားတာေပါ့။ ဒါပိတ္ေနလို႔ အရင္က ဒီမွာရွိတဲ့ စိုက္ပ်ိဳးကုန္ေတြ လက္မႈႈလုပ္ငန္းေတြ ေဈးကြက္ မရတာေပါ့။ အခု ဖြင့္လိုက္ေတာ့ အမ်ားႀကီး စီးပြားေရး အခြင့္အလမ္းေတြ ရလာမယ္။ ေဒသခံေတြ အတြက္ အလုပ္အကိုင္ အခြင့္အလမ္းေတြရလာမယ္။ ခရီးသြားလုပ္ငန္းေတြ အရမ္း အဆင္ေျပလာမယ္လို႔ ေမွ်ာ္လင့္ပါတယ္"ဟု  ကယားျပည္နယ္ ဝန္ႀကီးခ်ဳပ္ ဦးအယ္ေဖာင္းရႈိက ဆိုသည္။

ကယားျပည္နယ္ မယ္စဲ႔ၿမိဳ႕နယ္ရွိ ကယား - ထိုင္း နယ္စပ္ကုန္သြယ္ေရးစခန္းကို ဖြင့္လွစ္ရန္ ၂၀၁၅ ခုႏွစ္ကတည္းက စတင္ခဲ့ေသာ္လည္း ၂၀၁၆ ခုႏွစ္ ေအာက္တိုဘာလ (၁၇)ရက္ေန႔ကမွ တရားဝင္ ဖြင့္လွစ္ႏိုင္ခဲ့ျခင္းျဖစ္သည္။

"အရင္က ကုန္သြယ္မႈကေတာ့ ရွိေနတယ္။ တရားဝင္ မဟုတ္ဘူး။ ခုက တရားဝင္ လုပ္လို႕ရသြားၿပီ" ဟု မယ္စဲ့ၿမိဳ႕နယ္ မဲဆႏၵနယ္မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ႏိုင္ဦးက ေျပာသည္။

အဆိုပါ နယ္စပ္ကုန္သြယ္ေရးစခန္းအား ဖြင့္လွစ္လိုက္ေသာေၾကာင့္ ထိုင္းႏိုင္ငံ မယ္ေဟာင္ေဆာင္မွ ကယားျပည္နယ္သို႔ ႏိုင္ငံျခားခရီးသြား တုိက္ရိုက္ဝင္ေရာက္ႏိုင္မည္ျဖစ္ၿပီး ျပည္နယ္ထြက္ စိုက္ပ်ိဳးေရးထြက္ကုန္မ်ား အတြက္လည္း ေစ်းကြက္အေျခအေန ေကာင္းလာနိုင္မည္ျဖစ္ေၾကာင္း သိရသည္။

" တ႐ုတ္ႏိုင္ငံၿပီးရင္ နယ္စပ္ကုန္သြယ္မႈ ပမာဏအမ်ားဆံုးမွာ ထိုင္းႏိုင္ငံျဖစ္တဲ့အတြက္ သူတို႔ႏိုင္ငံရဲ႕ ေစ်းကြက္ကို အမိအရ ဖမ္းဆုပ္ယူႏိုင္ေရးဟာ အေရးႀကီးတယ္။ ျပည္နယ္တြင္းမွာရွိတဲ့ လုပ္ငန္းရွင္မ်ားနဲ႔ ျပည္သူတို႔က မိမိတို႔ ထြက္ကုန္ပစၥည္းေတြကို တဖက္ႏိုင္ငံတင္ပို႔ၿပီး မိမိတို႔ လိုအပ္တဲ့ ကုန္ပစၥည္းေတြကို ျပန္လည္တင္သြင္းဖိုု႔ ဆႏၵရွိေနၾကတာ သိရတယ္။ ဒါတင္မဟုတ္ဘဲ ႏိုင္ငံေတာ္ကို အခြန္အခမ်ား ေပးသြင္းၿပီး တရား၀င္ ကုန္သြယ္မႈလမ္းေၾကာင္းေပၚ အိေႄႏၵရွိစြာနဲ႔ ေဆာင္ရြက္ႏိုင္ဖို႔အတြက္ ျပည္နယ္အစိုးရကေန ေဆာင္ရြက္ရျခင္းျဖစ္ပါတယ္။ " ဟု ကယားျပည္နယ္ ဝန္ႀကီးခ်ဳပ္က ေျပာၾကားသည္။

မယ္စဲ့နယ္စပ္ ကုန္သြယ္ေရးစခန္းဖြင့္လိုက္သည့္ အတြက္ ျမန္မာ - ထုိင္းနယ္စပ္ကုန္သြယ္ေရးစခန္း (၇) ခုရိွလာၿပီျဖစ္ၿပီး ယခင္က ျမန္မာ - ထုိင္းနယ္စပ္ကုန္သြယ္ေရးစခန္းမ်ားအျဖစ္ ကရင္ျပည္နယ္ ျမဝတီ၊ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္၊ တနသၤာရီတုိင္းေဒသႀကီး ေကာ့ေသာင္း၊ ၿမိတ္၊ ထီးခီး၊ ေမာေတာင္တို႔တြင္ ဖြင့္လွစ္ထားၿပီးျဖစ္သည္။

သတင္း - ဆန္းၿဖဳိးထြန္း

~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ်တွင် ဖွင့်လှစ်လိုက်သည့် မြန်မာနိုင်ငံ၏ (၁၆)ခုမြောက် နယ်စပ်ကုန်သွယ်ရေးစခန်းဖြစ်ပြီး မြန်မာ - ထိုင်း နယ်စပ်ကုန်သွယ်ရေးစခန်း၏ (၇)ခုမြောက်ဖြစ်သည့် မယ်စဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းကို အားထား၍ ဒေသတွင်း စီးပွားရေး နှင့် အလုပ်အကိုင်များ အဆင်ပြေလာရန် မျှော်လင့်ကြောင်း ပြည်နယ်ဝန်ကြီးက ဆိုလိုက်သည်။

"ဒါလုံးဝ လမ်းပွင့်သွားတာပေါ့။ ဒါပိတ်နေလို့ အရင်က ဒီမှာရှိတဲ့ စိုက်ပျိုးကုန်တွေ လက်မှုလုပ်ငန်းတွေ ဈေးကွက် မရတာပေါ့။ အခု ဖွင့်လိုက်တော့ အများကြီး စီးပွားရေး အခွင့်အလမ်းတွေ ရလာမယ်။ ဒေသခံတွေ အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေရလာမယ်။ ခရီးသွားလုပ်ငန်းတွေ အရမ်း အဆင်ပြေလာမယ်လို့ မျှော်လင့်ပါတယ်"ဟု ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုက ဆိုသည်။

ကယားပြည်နယ် မယ်စဲ့မြို့နယ်ရှိ ကယား - ထိုင်း နယ်စပ်ကုန်သွယ်ရေးစခန်းကို ဖွင့်လှစ်ရန် ၂၀၁၅ ခုနှစ်ကတည်းက စတင်ခဲ့သော်လည်း ၂၀၁၆ ခုနှစ် အောက်တိုဘာလ (၁၇)ရက်နေ့ကမှ တရားဝင် ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။

"အရင်က ကုန်သွယ်မှုကတော့ ရှိနေတယ်။ တရားဝင် မဟုတ်ဘူး။ ခုက တရားဝင် လုပ်လို့ရသွားပြီ" ဟု မယ်စဲ့မြို့နယ် မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးက ပြောသည်။

အဆိုပါ နယ်စပ်ကုန်သွယ်ရေးစခန်းအား ဖွင့်လှစ်လိုက်သောကြောင့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်မှ ကယားပြည်နယ်သို့ နိုင်ငံခြားခရီးသွား တိုက်ရိုက်ဝင်ရောက်နိုင်မည်ဖြစ်ပြီး ပြည်နယ်ထွက် စိုက်ပျိုးရေးထွက်ကုန်များ အတွက်လည်း ဈေးကွက်အခြေအနေ ကောင်းလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

" တရုတ်နိုင်ငံပြီးရင် နယ်စပ်ကုန်သွယ်မှု ပမာဏအများဆုံးမှာ ထိုင်းနိုင်ငံဖြစ်တဲ့အတွက် သူတို့နိုင်ငံရဲ့ ဈေးကွက်ကို အမိအရ ဖမ်းဆုပ်ယူနိုင်ရေးဟာ အရေးကြီးတယ်။ ပြည်နယ်တွင်းမှာရှိတဲ့ လုပ်ငန်းရှင်များနဲ့ ပြည်သူတို့က မိမိတို့ ထွက်ကုန်ပစ္စည်းတွေကို တဖက်နိုင်ငံတင်ပို့ပြီး မိမိတို့ လိုအပ်တဲ့ ကုန်ပစ္စည်းတွေကို ပြန်လည်တင်သွင်းဖို့ ဆန္ဒရှိနကြေတာ သိရတယ်။ ဒါတင်မဟုတ်ဘဲ နိုင်ငံတော်ကို အခွန်အခများ ပေးသွင်းပြီး တရားဝင် ကုန်သွယ်မှုလမ်းကြောင်းပေါ် အိန္ဒရြှေိစွာနဲ့ ဆောင်ရွက်နိုင်ဖို့အတွက် ပြည်နယ်အစိုးရကနေ ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။ " ဟု ကယားပြည်နယ် ဝန်ကြီးချုပ်က ပြောကြားသည်။

မယ်စဲ့နယ်စပ် ကုန်သွယ်ရေးစခန်းဖွင့်လိုက်သည့် အတွက် မြန်မာ - ထိုင်းနယ်စပ်ကုန်သွယ်ရေးစခန်း (၇) ခုရှိလာပြီဖြစ်ပြီး ယခင်က မြန်မာ - ထိုင်းနယ်စပ်ကုန်သွယ်ရေးစခန်းများအဖြစ် ကရင်ပြည်နယ် မြဝတီ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်၊ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်း၊ မြိတ်၊ ထီးခီး၊ မောတောင်တို့တွင် ဖွင့်လှစ်ထားပြီးဖြစ်သည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~